Headlines

မလေးရှားသွားမယ့် အရှိုချင်းအမျိုးသား ၁ ဦး မြဝတီမြို့မှာ စစ်ကောင်စီတပ် ပေါ်တာဆွဲခံရပြီးနောက် နှိပ်စက်ခံရပြီးသေဆုံး

ဖေဖော်ဝါရီလ ၅ ရက်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းမကြီးရွာ( အရှိုချင်းရွာ)က အသက် ၃၀ ကျော် အရှိုချင်းအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတုန်းက မလေးရှားနိုင်ငံသွားဖို့ အတွက် ကရင်ပြည်နယ်၊မြဝတီမြို့ရောက်ချိန်မှာ စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲတာခံရပြီး​နောက်နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ မြဝတီမြို့မှာ ပေါ်တာဆွဲ ဖမ်းဆီးတာခံခဲ့ရတဲ့ စမ်းမကြီးရွာက ဒေသခံချင်းအမျိုးသားဟာ တောရွာကနေလာပြီး ဗမာစကားလည်း ကောင်းကောင်းမပြောတတ်သူဖြစ်ကာ အဲဒီလို ဗမာစကားကို မခြေမငံပြောတယ်ဆိုပြီး ဝိုင်းရိုက်ကြ မျိုးစုံနှိပ်စက်ခံရတာအပြင် မီးရှို့တာကိုပါခံခဲ့ရတာလို့ သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေ၁ ဦးပြောပြချက်အရ သိရပါတယ်။ သေဆုံးသွားတဲ့သူနဲ့ ရင်းနှီးသူတစ်ဦးပြောတာက “မသေသေးတဲ့ ရုပ်ခန္ဓာကိုယ်ကို သူ့မိဘတွေဆီဖုန်းဆက်ပြီးတော့ ငွေသိန်း ၃၀ နဲ့ ရွေးခိုင်းခဲ့တယ်၊ ခန္ဓာကိုယ်တစ်ခုလုံးလည်း ရစရာမရှိအောင် ရိုက်နှက်မီးရှို့တာခံရတယ်၊ အိမ်က မိသားစုတွေ လာကြည့်တော့…

Read More

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို ချမှတ်ထားကြောင်းချင်းညီနောင်အဖွဲ့ (CB)နဲ့NUG ၊CRPH၊ NLD ၊NUCC တို့က ပူးတွဲထုတ်ပြန်

ဖေဖော်ဝါရီလ ၃ ရက်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို ချမှတ်ထားကြောင်းချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့ (CB)နဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့က ပူးတွဲပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက်နိုင်ငံရေး ဦးတည်ချက် ၆ ရပ်မှာ (၁)စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ (၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကိုဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ (၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ (၄)…

Read More

ချင်းလူမျိုး စာရေးဆရာ တွာလ်ခဲင်းမာန် ရဲ့ ဝတ္ထုတိုများ စုစည်းထားတဲ့ စာအုပ် မိတ်ဆက်ပွဲ ကလေးမြို့မှာကျင်းပ

ဖေဖော်ဝါရီလ ၃ ရက်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ချင်းတောင်ခြေကလေးမြို့၊ မြို့မဈေးရှိ ဟိန္ဒူရေဆန်ကျွန်းဘုရားကျောင်းမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ချင်းလူမျိုး စာရေးဆရာတွာလ်ခင်းမာန် ရေးသားထားသော ဝတ္ထုတိုများ စုစည်းထားတဲ့ တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲ နှင့် အခြားဝတ္တုတိုများ စာအုပ် မိတ်ဆက်ပွဲကို ချင်းလူငယ် တချို့နှင့် အတူ ကလေးမြို့ စာပေ အသိုင်းအဝိုင်း နှင့် စာရေးဆရာများမှ ပြုလုပ်ကျင်းပ သွားခဲ့တယ် လို့ စာအုပ် စီစဉ်သူ စာရေးဆရာ ဇို(တီးတိန်) ထံမှ သိရှိရပါတယ်။ “ဆရာသိန်းထိုက်ဦး(ထေရု) က အခမ်းအနားမှူး လုပ်ပေးခဲ့တယ်။ ကျွန်တော်က စာအုပ် ထုတ်ဝေဖြစ်ပုံကို ရှင်းပြ ပေးခဲ့တယ်။ ဆရာဓီရာလင်း က စာအုပ်ကို သုံးသပ်ပေးခဲ့တယ်။ ဆရာချိုတကူး(ကလေး)၊ ဆရာမောင်ကိုမောင် (ကလေး)၊…

Read More

ချင်းညီနောင်အဖွဲ့နဲ့ BPLAအကြား နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်မှုပိုင်းအတွက် ဆွေးနွေးနေတဲ့ကာလဖြစ်တယ်လို့ ချင်းညီနောင်ကပြော

ဇန်နဝါရီလ ၃၀ ရက်။ ချင်းလက််နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) အကြား နိုင်ငံရေးအရရော၊ စစ်ရေးအရရော ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာ ဆွေးနွေးနေတဲ့ အချိန်ကာလဖြစ်တယ််လို့ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက Chin World Media ကိုပြောပါတယ်။ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “BPLA နဲ့ ချင်းညီနောင်အကြား ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးရှိပါတယ် အခုချိန်မှာတော့ အပြန်အလှန် မဟာမိတ်တည်ဆောက်နေတဲ့ ချိန်ကာလပေါ့လေ နောက်ပြီးတော့ ပြင်ဆင်နေတဲ့ အချိန်ကာလလို့လည်းပြောလို့ရပါတယ် နောက်ပိုင်းကျလို့ရှိရင် ကျနော်တို့ စကစ ကင်းစင်ဖို့ရန်အတွက် BPLA နဲ့ သော်လည်းကောင်း တခြားမဟာမိတ်အဖွဲ့တွေနဲ့သော်လည်းကောင်း ကျနော်တို့ ပူးပေါင်းစစ်ဆင်ရေးတွေ နိုင်ငံရေးအရ မဟာမိတ်ဖွဲ့မှုတွေ ကျနော်တို့ လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ပြောပါတယ်။ သူကဆက်ပြီး “ကျနော်တို့ ချင်းညီနောင်ကတော့ အဓိကအားဖြင့် ကျနော်တို့ အိမ်နီးနားချင်းကောင်းကို…

Read More

အမျိုးသမီးစစ်မှုထမ်းအတွက် စာရင်းကောက်ခံတာတွေ မလုပ်သေးဘူးလို့ စစ်ကောင်စီထုတ်ပြန်

ဇန်နဝါရီလ ၂၉ ရက်။ ပြည်သူ့စစ်မှုထမ်းဖို့ အသက်အရွယ် အကျုံးဝင်တဲ့ အမျိုးသမီးများကို စာရင်းကောက်ခံမှု တွေရှိနေတယ်ဆိုတဲ့ သတင်းဟာ ကောလာဟလ သတင်းတွေသာဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ လူမှုကွန်ရက်ပေါ်မှာ သတင်းပြန့်နေသလို အသက်အရွယ် အကျုံးဝင်တဲ့ အမျိုးသမီးများကို စာရင်းကောက်ခံမှုလုပ်နေတယ်ဆိုတဲ့ သတင်းဟာ လုပ်ကြံဝါဒဖြန့် လှုံ့ဆော်ခြင်းသာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီးစာရင်းတွေ စတင်ကောက်ယူတာတွေ မှန်ကန်ကြောင်း၊ စစ်မှုထမ်းဆင့်ခေါ်ဖို့အတွက်တော့ ညွှန်ကြားချက်မရှိသေးဘူးလို့ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့က BBC မေးမြန်းမှုမှာ ပြောခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့က “လက်ရှိအမျိုးသမီးစစ်မှုထမ်းဖို့ ဆင့်ခေါ်ဖို့ကို သီးခြားမရှိသေးပါဘူး အချိန်ကာလအရ ဘယ်အချိန်စခေါ်မယ်ဆိုတာမရှိသေးဘူး မြေပြင်မှာတော့ အကျုံးဝင်အင်အားကို ကောက်ကြတာပေါ့ အမျိုးသား၊ အမျိုးသမီးပေါ့နော် အကျုံးဝင်အင်အားကောက်တယ် ဆိုတာတော့ ပုံမှန်…

Read More

အမ်း – ပဒါန်းလမ်းရှိ စစ်ကောင်စီ စစ်ကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ရာစစ်သုံ့ပန်း ၁၇ ဦးနဲ့လက်နက်များဖမ်းဆီးရမိကြောင်း CDF-Asho ထုတ်ပြန်

ဇန်နဝါရီလ ၂၇ ရက်။ ရခိုင် – မကွေးနယ်စပ်ရှိ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်းမှ စစ်ကောင်စီ ဆုတ်ခွာရာလမ်းနှင့် စစ်ကြောင်းများကို ပိတ်ဆို့တားဆီးပိတ်ဆို့တိုက်ခိုက်ရာမှ ဇန်နဝါရီ ၁၇ ရက်မှ ၂၅ ရက်နေ့အထိ ၈ ရက်တာအတွင်း စစ်ကောင်စီတပ်သား (၁၇) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ CDF-Asho ဟာ ရခိုင်-မကွေးနယ်စပ်မှာ အခြေစိုက်စစ်ရေးလှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ လက်ရှိမှာ ရခိုင် – မကွေးနယ်စပ်နားရှိ စစ်ကောင်စီစခန်းများနဲ့စစ်ကောင်စီတပ်စစ်အင်အားဖြည့်တင်းမှုများကို CDF-Asho နဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်နေကြောင်းသိရပါတယ်။

Read More

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေဟာ ခွင့်ပြုမိန့်မရပဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိဘူးလို့သိရ

ဇန်န၀ါရီလ ၂၄ ရက်။ မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထဲမှာ စစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ခံရသူတွေဟာ ခွင့်ပြုမိန့်မရပဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိဘူးလို့ပြဌာန်းထားကြောင်း သိရပါတယ်။ စစ် ကောင်စီက ဇန်နဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ပုဒ်မ – ၅၉ ခုပါဝင်ပြီး ပုဒ်မ – ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံ တွေကို ထွက်ခွာခွင့် မရှိစေရ ဆိုပြီး ပြဌာန်း ထားတာဖြစ်ပါတယ်။ ပုဒ်မ – ၅၁ မှာ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့…

Read More

ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်း ဝတ်ထားသူတချို့က စစ်သုံ့ပန်း ၂ ဦး ကို ညှဥ်းပမ်းနှိပ်စက်သတ်ဖြတ်မှု ICC က စုံစမ်းစစ်ဆေးဖို့ Fortify Rights အဖွဲ့ကထုတ်ပြန်

ဇန်န၀ါရီလ ၂၃ ရက်။ ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်း ဝတ်ထားသူတချို့က စစ်သုံ့ပန်း ၂ ဦး ကို ညှဥ်းပမ်းနှိပ်စက်သတ်ဖြတ်မှု နိုင်ငံတကာရာဇဝတ်ခုံရုံး( ICC )က စုံစမ်းစစ်ဆေးဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ ဦးကို အာရက္ခတပ်‌တော် ( AA) ယူနီဖောင်းဝတ်ဆင်ထားသူ တချို့ဟာ စစ်သုံ့ပန်း ၂ ဦး ကို ညှဥ်းပမ်းနှိပ်စက်ပြီး ၎င်းတို့ရဲ့ လည်ပင်းကို လှီးဖြတ်ခဲ့ခြင်းတို့ ပါဝင်ပါတယ်။ Fortify Rights မှ ထို ဗီဒီယို မှတ်တမ်းနှစ်ခုအား စိစစ်လေ့လာရာ ၎င်းတို့သည် စစ်မှန်မှုရှိနေကြောင်း…

Read More

၂ နှစ် အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ CDF – Asho ပြောရေးဆိုခွင့်ရှိသူကဆို

ဇန်နဝါရီလ ၂၂ ရက်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်ဒေသမှာ စစ်ကောင်စီနဲ့ တိုက်ခိုက်လာတဲ့ ၂ နှစ်တာအတွင်း စစ်ကောင်စီဘက်က ၂၀၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ CDF – Asho တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက “စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၂၅ ကျော်ဖြစ်ခဲ့တယ် အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၂၀၀ ကျော်သေဆုံးတယ်၊ စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့်ဖမ်းဆီးရမိတယ်၊ CDF – Asho ဘက်က ၁ ယောက်ကျတယ်၊ ၁ ဦးဒဏ်ရာရတယ်။ရခိုင်နဲ့ မကွေးနယ်စပ်မှာ စစ်ရေးလှုပ်ရှားရတာ ဆက်သွယ်ရေးပိုင်းမှာတော့ အခက်အခဲရှိတယ် ဒါကြောင့် အခုဆက်သွယ်ရေးစက်တွေဝယ်ဖို့ ကမ်ပိန်းလုပ်ထားပါတယ်၊ အာရက္ခတပ်တော် (AA) နဲ့လည်း…

Read More

ရခိုင်ပြည်၊မောင်တောမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် မြိုအမျိုးသား ၉၀ ကျော် စစ်မှုထမ်းဖို့ AA ဖမ်းဆီး

ဇန်နဝါရီလ ၂၀ ရက်။ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ မြိုကျေးရွာ ၁၀ ရွာခန့်က အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် မြိုတိုင်းရင်းသား အမျိုးသား ၉၁ ဦးကို AA က စစ်မှုထမ်းဖို့အတွက် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၄ ညကစပြီး အခုအချိန်အထိအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ အိမ်ထောင်ဦးစီးတွေ၊ မိဘလုပ်ကျွေးသူတွေ၊ ကျောင်းသားတွေ၊ ကျန်းမာရေးချို့ယွင်းတဲ့သူတွေလည်းပါဝင်ပြီး ၎င်းတို့ဟာ အသက်အရွယ်အားဖြင့် အသက် ၁၃ နှစ်မှ ၅၀ ကျော်အရွယ်တွေဖြစ်ကြပါတယ်။ “ညဘက် လူအိမ်မော့ကျတဲ့အချိန် AA ရဲဘော်တွေက ယူနီဖောင်းတွေ၊ သေနတ်တွေနဲ့ တစ်အိမ်တက်ဆင်း လာဖမ်းဆီးသွားတာပါ။ တချို့တွေဆို တစ်အိမ်မှာနှစ်ယောက်ပါသွားတဲ့သူတွေလည်းရှိတယ်။ အသက်မပြည့်တဲ့ကလေးတွေရော့၊ အသက်ကြီးပိုင်းတွေရော့ပါ အကုန်ခေါ်သွားတာ။ အခုအဆက်သွယ်လည်း…

Read More