Headlines

အိိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်မှာ ၉ နှစ်အရွယ် ချင်းစစ်ဘေးရှောင်ကလေးမ တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

မတ်လ ၂၂ ရက်။ မတ်လ ၂၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်၊ ချိုရချန်ပူ (Churachanpur/ Lamka) မြို့မှာ တီးတိန်မြို့နယ် ဆဲဇန်ရွာကအသက် ၉ နှစ်အရွယ် ချင်းစစ်ဘေးရှောင်ကလေးမ Lia Man Deih Kim အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း အိန္ဒိယအရှေ့မြောက်မီဒီယာများရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။ သေဆုံးသူဟာ Nu Niang Sen Khup ရဲ့ သမီး ဖြစ်ကြောင်း၊ တီးတိန်မြို့နယ် ဆဲဇန်ရွာကနေ အမေ၊ အစ်ကို နှင့် မောင်လေး တို့နဲ့ အတူ မဏိပူရပြည်နယ် Lamka မြို့မှာ စစ်ဘေးဒုက္ခသည် အဖြစ် နေထိုင် နေကြသူများ ဖြစ်ကြောင်း၊ Way Mark Academy ကျောင်းတွင် ဒုတိယတန်း တက်ရောက်နေသူ ဖြစ်ကြောင်း၊…

Read More

အိန္ဒိယ – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်တွေ တင်းကြပ်လွန်းတဲ့အတွက် မီဇိုရမ်ပြည်ကချင်းစစ်ဘေးရှောင်တွေ စိုးရိမ်ပူပန်မှုများလာ

မတ်လ ၁၈ ရက်။ အခု ၂၀၂၅ ခုနှစ် ဇန်န၀ါရီလကစပြီးအိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာဝင်ထွက်သွားလာခွင့်စနစ် Free Movement Regime (FMR) ဖျက်သိမ်းပြီး အိန္ဒိယ – မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်တွေကို အရမ်းတင်းကြပ်လာတဲ့အပေါ် အိန္ဒိယဘက်ခြမ်းကို စစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင်တွေအနေနဲ့ နေထိုင်ခိုလှုံခွင့်မပေးတော့မှာတွေအတွက်ပါ စိုးရိမ်ပူပန်နေရကြောင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေတဲ့သူတွေဆီကနေ သိရပါတယ်။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂) တံတားကနေ စီးပွားရေးသမားတချို့က မှောင်ခိုလုပ်ငန်းတွေ အကြီးအကျယ် လုပ်တာကြောင့် လွတ်လပ်စွာဖြတ်သန်းခွင့်ကို အိန္ဒိယဘက်က ပိုတင်းကြပ်လိုက်တာဖြစ်ပြီး ဒုက္ခတကယ်ရောက်ပြီး စစ်ဘေးရှောင်နေရတဲ့ သူတွေအတွက် များစွာ အခက်ခဲကြုံရတယ်လို့လည်း ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။ ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက “မြန်မာပြည်မှာနေဖို့ အဆင်မပြေတော့လို့ ကိုယ့်အသက်ရှင်ဖို့အတွက်ကို လာပြီးနေတဲ့သူတွေအတွက်တော့…

Read More

မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်များအတွက် အကူအညီပေးဖို့အိန္ဒိယနိုင်ငံဗဟိုအစိုးရကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကတောင်းဆို

မတ်လ ၁၇ ရက်။ မီဇိုရမ်ပြည်နယ်ဟာ လက်ရှိမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရတို့မှ ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၄၁,၀၀၀ ခန့်အတွက် ခိုလှုံရာနေရာများ ပေးနေရကာ ကြီးထွားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီနိုင်ရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ဝန်ကြီးချုပ် Pu Lalduhoma က အိန္ဒိယနိုင်ငံဗဟိုအစိုးရကို အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၃,၇၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများကြောင့် မီဇိုရမ်ပြည်နယ်မှာ ခိုလှုံခဲ့ကြပါတယ်။ ခိုလှုံသူမြန်မာဒုက္ခသည် ၃၃,၇၀၀ ကျော်ထဲမှာအမျိုးသား ၁၀,၁၁၉ ဦး၊ အမျိုးသမီး ၁၀,၇၈၂ ဦးနှင့် ကလေး ၁၂,၈၁၁ ဦးတို့ ပါဝင်ပါတယ်။ ထို့အပြင်၊ မဏိပူရပြည်နယ်မှ လူပေါင်း ၁၂၀၀၀ ခန့်ဟာ ၂၀၂၃ ခုနှစ် မေလမှာ အကြမ်းဖက်မှုများ…

Read More

အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ်နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ မြန်မာ ပါဝင်နေ

မတ်လ ၁၅ ရက်။ Trump အစိုးရအဖွဲ့ဟာနိုင်ငံပေါင်းဒါဇင်နှင့်ချီသော နိုင်ငံသားများအတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်အသစ်တစ်ရပ်ကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ် နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ မြန်မာ ပါဝင်နေကြောင်း Reuters သတင်းအရ သိရပါတယ်။ အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက စာရင်းတွင် အပြောင်းအလဲများ ဖြစ်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio အပါအဝင် အုပ်ချုပ်ရေးအဖွဲ့မှ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သတိပေးထားပါတယ်။ ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ် နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ နိုင်ငံပေါင်း ၄၃ နိုင်ငံကို သီးခြားအုပ်စုသုံးစုခွဲပြီး စာရင်းပြုစုထားပါတယ်။ အမေရိကန်ကို ဝင်ရောက်ခွင့် လုံးဝကန့်သတ်ထားတဲ့ အနီရောင်စာရင်းမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံထိ ပါဝင်နေပြီး အာဖဂန်နစ္စတန်၊ ဘူတန်၊…

Read More

မီဇိုရမ်ပြည်နယ်က မြန်မာနိုင်ငံသားတွေအပါအဝင်၊ နိုင်ငံခြားသားတွေအနေနဲ့ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အထောက်အထားတွေကို ရယူပိုင်ဆိုင်ခွင့်မရှိကြောင်း ထုတ်ပြန်

မတ်လ ၁၄ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ရောက်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင်၊ နိုင်ငံခြားသားတွေအနေနဲ့ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အထောက်အထားတွေကို ရယူပိုင်ဆိုင်ခွင့်မရှိကြောင်း အိုင်ဇောလ်ခရိုင်တရားသူကြီးက မတ်လ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ Voter ID၊ Aadhar Card၊ Birth Certificate လို အထောက်အထားတွေကို အိန္ဒိယနိုင်ငံရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေ အပါအဝင် တခြားနိုင်ငံခြားသားတွေ ပိုင်ဆိုင်ခွင့်မရှိတဲ့ကြောင်း အိုင်ဇောလ်ခရိုင်တရားသူကြီးက အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အသိပေးချက်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေ အပါအဝင် နိုင်ငံခြားသားတွေဟာ Voter ID၊ Aadhar Card၊ Birth Certificate၊ Tribal Certificate၊ Residential Certificate လို စာရွက်စာတမ်းတွေကို ပိုင်ဆိုင်ခွင့် မရှိဘူးလို့ ဖော်ပြထားပြီး ဒီစာရွက်စာတမ်းတွေကို ထုတ်ပေးတဲ့…

Read More

တမူးမြို့နယ်၊ကဘော်ချိုင့်ဝှမ်းဒေသ ကို ပြန်လည် သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းပေးဖို့ မဏိပူရ်အမတ်က အိန္ဒိယလွှတ်တော်မှာ အဆိုတင်သွင်း

မတ်လ ၁၁ ရက်။ အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိကာ ချင်းလူမျိုးတွေအများအပြားနေထိုင်တဲ့တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ (Kabaw Valley) ကို ပြန်လည်သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းဖို့ မဏိပူရ်ပြည်နယ်ပါလီမန်လွှတ်တော်အမတ် Leishemba Sanajaoba က မနေ့မတ်လ ၁၀ ရက်နေ့ကကျင်းပတဲ့ အိန္ဒိယအထက်လွှတ်တော်(Rajya Sabha ) အစည်းအဝေးမှာ အိန္ဒိယအစိုးရကို အဆိုတင်သွင်းခဲ့ပါတယ်။ ၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်း သဘောတူညီမှု နဲ့ ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ် (Treaty of Yandaboo) အရ သတ်မှတ်ထားတဲ့ လျော်ကြေးကို မြန်မာနိုင်ငံအား ဆက်လက်ပေးချေစေခြင်း ဒါမှမဟုတ် လက်ရှိမြန်မာနိုင်ငံပိုင်နက်ထဲ ရှိနေတဲ့ ကဘော်ချိုင့်ဝှမ်းဒေသ ကို ပြန်လည်သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲကို ထည့်သွင်းဖို့မဏိပူရ်ပြည်နယ်ပါလီမန်လွှတ်တော်အမတ် Leishemba Sanajaoba ကအိန္ဒိယ ဗဟိုအစိုးရကို မတ်လ ၁၀…

Read More

နယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိနေခြင်းဟာ ဒုစရိုက်မှုများ ပိုမိုဖြစ်စေပြီး အိန္ဒိယဗဟိုအစိုးရရဲ့ကန့်သတ်မှု အတိုင်းအတာတစ်ခုအထိ လိုအပ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ပြောကြား

မတ်လ ၁၁ ရက်။ မီဇိုရမ်ပြည်နယ်ကိုထွက်ပြေးလာကြတဲ့ ချင်းစစ်ဘေးရှောင်ပြည်သူများကို လက်ခံကူညီရမှာဖြစ် ပေမယ့် နယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိနေခြင်းဟာ ဒုစရိုက်မှုများ ပိုမိုဖြစ်စေပြီး အိန္ဒိယဗဟိုအစိုးရရဲ့ကန့်သတ်မှုအတိုင်းတာတစ်ခုအထိ လိုအပ်တယ် ယူဆကြောင်း မနေ့ မတ်လ ၁၀ ရက်က ကျင်းပတဲ့မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ကပြောကြားပါတယ်။ “ စစ်ဒဏ်ကြောင့် ဒီဘက်ကိုရောက်ရှိနေကြတဲ့ ကျွန်တော်တို့ညီအကိုတွေကို စောင့်ရှောက် ရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်။ လွတ်လွတ်လပ်လပ်နဲ့ သွားလာခွင့်ရှိတဲ့အခါမှာ ဆိုးကျိုးသက်ရောက်မှုတွေများလာတယ်၊ မူးယစ်ဆေးဝါး၊ သေနတ် တွေ၊ ကျည်ဆံတွေကအစ၊ ဒီဘက်မှာ လူသတ်မှုတွေဖြစ်ရင်လည်း တဖက်ကမ်းကို ထွက်ပြေးသွားလို့ရတယ်၊ဒီလိုမျိုး လွတ်လပ်စွာဖြတ် သန်းသွားလာခြင်း ကြောင့်ဆိုးကျိုးတွေဖြစ်ပေါ်စေတာ ကြောင့်မီဇိုရမ်ပြည်သူ တော်တော်များများကလည်း ဒီဟာ မကောင်းဘူးလို့မြင်လာကြတယ်။ဗဟိုအစိုးရက ခုလိုလုပ်ဆောင်လာတာဟာ လိုအပ်ချက်အရဆောင်ရွက်ရတာဖြစ်တယ်ဆိုတာမျိုး ပြည်နယ်အစိုးရမှာလည်း သဘောထားရှိပါတယ်” လို့ မီဇိုရမ်ဝန်ကြီးချုပ်ကပြောပါတယ်။…

Read More

ချင်းလက်နက်ကိုင်အဖွဲ့များအနေနဲ့ အိန္ဒိယနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မီဇိုရမ်ပြည်နယ်အမတ်ပြောကြား

မတ်လ ၇ ရက်။ မီဇိုနဲ့ချင်းဟာလူမျိုးတမျိုးတည်းဖြစ်ကြောင်း ၊ ၁၉၃၅ ခုနှစ်အထိ အင်္ဂလိပ်လက်အောက်က အိန္ဒိယနိုင်ငံမှာ မီဇိုနဲ့ချင်းဟာ တနိုင်ငံတည်း အတူတကွ နေထိုင်ခဲ့ကြောင်း ၊ချင်းလက်နက်ကိုင်အဖွဲ့များအနေနဲ့ အိန္ဒိယနဲ့ ပူးပေါင်းလုပ် ဆောင်ဖို့ မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K.Vanlalvena ဟာ ချင်းအမျိုးသားတပ်ဦး(CNF) ဗဟိုဌာနချုပ် ချင်းလုံမြို့ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သွားရောက်လည်ပတ်ခဲ့စဉ်မှာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံချက်အရ ချင်းလက်နက်ကိုင် အဖွဲ့များ ပေါင်းစည်းညီညွတ်စေရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အားထုတ် ကြိုးပမ်းခဲ့ခြင်း ဖြစ် ကြောင်း မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် လယ်မူအန်ပူဂျာ ပွန်တီ (Lalmuanpuia Punte) က Hindustan Times ကို ပြောကြားခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ဦး ဆောင်မှုဖြင့် ဖေဖော်ဝါရီလ…

Read More

အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုနဲ့ လုပ်ရပ်တွေ ရပ်တန့်ပေးဖို့ India for Myanmar တောင်းဆို

မတ်လ ၄ ရက်။ အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်စေမည့် ခြိမ်းခြောက်မှုနှင့် လုပ်ရပ်များ ရပ်တန့်ပေးဖို့ အိန္ဒိယ-မြန််မာအရေးလှုပ်ရှားနေတဲ့ India for Myanmar အဖွဲ့က အလေးအနက် တောင်းဆိုတယ်လို့ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံ စစ်ပြေးဒုက္ခသည်များအား မီဇိုရမ်ပြည်နယ်အစိုးရနှင့် ပြည်သူများရဲ့ ကူညီစောင့်ရှောက်မှုများမှလွဲပြီး အခြားအိန္ဒိယပြည်နယ်များရှိ မြန်မာစစ်ပြေး ဒုက္ခသည်များသည် ဖမ်းဆီးခံရမှုနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ခြိမ်းခြောက်ခံနေရတယ်လို့ India For Myanmar က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း နယူးဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းတွင် ဝတ်ပြုနေကြသော မြန်မာစစ်ပြေး ဒုက္ခသည်တွေကို နယူးဒေလီရဲတပ်ဖွဲ့က ရှောင်တခင်…

Read More

မီဇိုရမ်ပြည်မှာတရား၀င်အလုပ်လုပ်ခွင့်အပါအ၀င်အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဥပဒေကြမ်း မီဇိုရမ်ပြည်နယ်လွှတ်တော်မှာမတ်လ ၆ ရက် ဆွေးနွေးမယ်

မတ်လ ၃ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို နိုင်ငံရပ်ခြားကနေ ရောက်ရှိနေထိုင်လာတဲ့ လူငယ်များ မီဇိုရမ်ပြည်နယ်အတွင်း တရားဝင်အလုပ်လုပ်နိုင်ခွင့်၊မီဇိုလူငယ်များကို ပြည်တွင်းအပါအဝင် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းအတွက် နိုင်ငံခြားသို့စေလွှတ်ရာမှာ ဥပဒေနဲ့အညီ ပုဂ္ဂလိကအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ထိန်းညှိပေးမယ့် ဥပဒေကြမ်းတစ်ရပ်ကို ဒီကနေ့ မတ်လ ၃ ရက်မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပြီဖြစ်ပြီး (၆) ရက်နေ့မှာ စတင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။   အလုပ်အကိုင်၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့စွန့်ဦးတီထွင်ရေးဆိုင်ရာဝန်ကြီး Lalnginglova Hmar က ၂၀၂၅ ခုနှစ် မီဇိုရမ်ပုဂ္ဂလိကလုပ်ငန်း နေရာချထားရေးအေဂျင်စီများဆိုင်ရာ နည်းဥပဒေကြမ်း ကို လွှတ်တော်မှာတင်သွင်းလိုက်တာဖြစ်တယ်လို့ Northeast Today မီဒီယာမှာဖော်ပြပါတယ်။ အဆိုပါဥပဒေကြမ်းတင်သွင်းရခြင်းရရဲ့ အဓိကရည်ရွယ်ချက်အနေနဲ့ ပြည်တွင်းအပါအဝင် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများအတွက် လွယ်ကူချောမွေ့စေရေးအတွက်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဥပဒေကြမ်းအရ ပုဂ္ဂလိကအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနေနဲ့ မီဇိုရမ်ပြည်နယ်ပြင်ပသို့ အလုပ်လုပ်ကိုင်လိုတဲ့လူငယ်များကို မစေလွှတ်မီ ပြည်နယ်အစိုးရဆီ အရင်ဆုံးမှတ်ပုံတင်ပြီး အလုပ်သမားလိုင်စင်ရယူရမယ်ဆိုတဲ့…

Read More