Headlines

အိန္ဒိယအစိုးရက NUG အပါအဝင် ချင်း၊ရခိုင်နဲ့ ကချင်လက်နက်ကိုင်တွေကို ဆွေးနွေးပွဲ ဖိတ်ကြားထား

စက်တင်ဘာလ ၂၄ ရက်။ အိန္ဒိယအစိုးရက နယူးဒေလီမှာ နိုဝင်ဘာ လလယ်လောက်မှာ ကျင်းပမယ့် “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်” ဆွေးနွေးပွဲမှာ တက်ရောက်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ချင်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်တို့က တိုင်းရင်းသား လက်နက်အဖွဲ့တို့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေး အတိုက်ခံတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF), NUG, AA, KIA တို့ဟာ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ လက်နက်ကိုင်တွေလည်း ဖြစ်သလို အိန္ဒိယနိုင်ငံဟာ သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ တိုက်ပွဲပဠိပက္ခတွေ အပြင်းအထန်ဖြစ်ပွားနေလို့သူတို့ရဲ့ အခြေခံအဆောက်အဦး စီမံကိန်းတချို့တည်ရှိတဲ့ နယ်စပ်မှာ မတည်မငြိမ်ဖြစ်စေတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နေရပါတယ်။ အိန္ဒိယအစိုးရဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ချင်း၊ ရခိုင်နဲ့…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van မက္ကဆီကိုဖိုက်တာ Edgar Chairez ကို အနိုင်ရ

အမေရိကန်ပြည်ထောင်စု၊ လာစ်ဗီးဂတ်စ် မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ UFC: 306 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ မက္ကဆီကိုဖိုက်တာ Edgar Chairez ကို တတိယအချီအထိ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒိုင်အမှတ်နဲ့အနိုင်ရသွားပါတယ်။ မက္ကဆီကိုဖိုက်တာ Edgar Chairez ဟာဒီကနေ့ ကျင်းပတဲ့ UFC : 306 ပြိုင်ပွဲမှာ Kevin Borjas နဲ့ထိုးသတ်မည်ဖြစ်ကြောင်းကနဦးကြေငြာခဲ့ပေမယ့် Kevin Borjas နှုတ်ထွက်သွားတာကြောင့် Joshua Van နဲ့ ပွဲဲတည်ပေးလိုက်တာဖြစ်ပါတယ်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ Edgar Chairez ဟာ ပြိုင်ပွဲပေါင်း (၁၆) ပွဲထိုးသတ်ထားပြီး (၁၁)ပွဲနိုင်၊ (၅)ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသူဖြစ်ပြီး Joshua Van ကတော့ ပြီးခဲ့တဲ့…

Read More

မီဇိုရမ်ပြည် ဇိုခေါထာရ်ရွာလူထု နှင့် CDF-Hualngoram အကြား နားလည်မှုရရှိပြီဖြစ်ကြောင်းထုတ်ပြန်

စက်တင်ဘာလ ၁၃ ရက်။ ဩဂုတ်လ ၃၁ ရက်နေ့က ချင်းပြည်နယ်၊ရိခေါဒါရ်မြို့မှာ ဒဏ်ရာရရဲဘော်တစ်ဦး ထိုးကြိတ်ခံရမှုနဲ့ပတ်သက်ပြီး CDF-Hualngoram တပ်ဖွဲ့က မီဇိုရမ်ပြည်နယ်၊ဇိုခေါထာရ်ကျေးရွာက ဆယ်ကျော်သက်လူငယ် ၂ ဦးကို စစ်ဆေးမေးမြန်း ဖို့ထိန်းသိမ်းခဲ့တဲ့ဖြစ်စဉ်အပေါ် ဇိုခေါထာရ်ကျေးရွာခေါင်းဆောင်တွေနဲ့ CDF-Hualngoram တပ်ဖွဲ့ခေါင်းဆောင်တွေစက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံကြပြီး ကောင်းမွန်တဲ့ ဆွေးနွေးမှုအောက်မှာ ငြိမ်းချမ်းစွာ နားလည်မှုရရှိခဲ့ကြပြီလို့ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီပူးတွဲကြေညာချက်မှာ ဇိုခေါထာရ်ရပ်ရွာကိုယ်စားအနေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မီဇိုးလူငယ်အသင်း(YMA)၊ MHIP နဲ့ CDF-Hualngoram ဘက်က ဦးဆောင်သူ ၄ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဇိုခေါထာရ်ကျေးရွာ နဲ့ ရိခေါဒါရ်မြို့တို့ဟာ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ နယ်စပ်ဒေသတွေဖြစ်ကြပြီး နေ့စဉ်အသက်မွေး ဝမ်းကျောင်းရှာဖွေရေးနဲ့ လူမှုရေးရာကိစ္စရပ်တွေမှာ အပြန်အလှန်အမှီသဟဲပြုနေသူတွေဖြစ်ကြပြီး တဖက်နဲ့တဖက် အငြင်းပွားမှုနဲ့ သီးခြားစီရပ်တည်လို့မရတဲ့ လူ့မှုအသိုင်းအဝန်းတွေဖြစ်ကြောင်း၊ဒီဒေသမှာနေထိုင်ကြတဲ့သူတွေဟာ နိုင်ငံနှစ်ခု အစိုးရနှစ်ခုအောက်မှာတည်ရှိနေပေမယ့်လည်း…

Read More

မီဇိုရမ်ပြည်ကလူငယ်နှစ်ဦးကို CDF-Hualngoram)တပ်ဖွဲ့က ၁ ပတ်ခန့်ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း အိန္ဒိယသတင်းမှာဖော်ပြ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ဒေသခံဆယ်ကျော်သက်လူငယ် ၂ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-ဟွာလ်းငိုရမ် (CDF – Hualngoram) တပ်ဖွဲ့က သီတင်းတစ်ပတ်ခန့် ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Outlook သတင်းမဂ္ဂဇင်းက စက်တင်ဘာလ ၈ ရက်နေ့မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့က မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ ဇိုခေါထာရ်က နေ ချင်းပြည်နယ်ရဲ့ အထင်ကရ ရိဒ်ရေကန်ကို ဆိုင်ကယ်နှစ်စီးနဲ့ လူငယ် ၅ ဦးအလည်အ ပတ်လာချိန်မှာ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် လူငယ်နှစ်ဦးကို ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ကို ဖြတ်သန်းတဲ့အချိန် CDF တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်တဲ့ လူငယ် ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ The Outlook…

Read More

အိန္ဒိယနိုင်ငံမှာ ထောင်ကျနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ ကလေးတွေ ကာကွယ်ဆေးထိုးခွင့်မရ

အိန္ဒိယနိုင်ငံမှာ ထောင်ကျနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးမယ့်အရွယ်မှာ ကာကွယ်ဆေးထိုးခွင့်မရကြတာကြောင့် ကူးစက်ရောဂါနဲ့ တခြားပြင်းထန်ရောဂါတွေ အလွယ်တကူခံစားရနိုင်တဲ့ အန္တရယ်ရှိနေတယ်လို့ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India for Myanmar ရဲ့ စက်တင်ဘာလအတွင်းဖော်ပြတဲ့ အစီရင်ခံစာအရ သိရပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်(မဏိပူရ်ထောင်) နဲ့ အာသံပြည်နယ် (အာသံထောင်) မှာဖမ်းဆီးအကျဉ်းချခံရတဲ့ မြန််မာဒုက္ခသည်အရေအတွက်ဟာ ထောင်ထဲမှာ မွေးဖွားခဲ့တဲ့ ကလေးငယ် ၇ ဦး အပါအဝင် အသက် ၁၅ နှစ်အောက် ကလေးက (၂၆)ဦး၊ အသက် ၁၅ နှစ်ကနေ ၂၇ နှစ်အရွယ် က (၆၇) ဦး၊ အသက် ၂၈ ကနေ ၅၀ အရွယ်က (၁၀၉)ဦးနဲ့ ရောဂါခံရှိတဲ့သူအပါအဝင်…

Read More

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma က ချင်းအချင်းချင်းသွေးထွက်သံယိုမှုဖြစ်တဲ့အထိတိုက်ခိုက်တာတွေနောက်နောင်မဖြစ်ဖို့ပြောကြား

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ချင်း အချင်းချင်းသွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်တာတွေ နောက်နောင်မဖြစ်ဖို့ ဆင်ခြင်ကြရအောင်လို့ ချင်းလူမျိုးအများစု နေထိုင်တဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ချင်းလူထုနဲ့တွေ့ဆုံပွဲမှာ သူ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma “မျိုးနွယ်စုတူတွေဖြစ်ကြပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိကြဘူး၊ တခါတလေမှာတောင် ညီအကိုအချင်းချင်း သွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်ကြတယ် တကယ်ကို ဝမ်းနည်းစရာကောင်းသလို ရှက်ဖို့လည်း ကောင်းပါတယ်၊ နောက်နောင် ဒီလိုမဖြစ်ဖို့ ဆင်ခြင်ကြရအောင်ပါ” လို့ ပြောပါတယ်။ အဆိုပါ အမေရိကန်နိုင်ငံက ချင်းလူထုနဲ့တွေ့ဆုံပွဲမှာ ချင်းလူထုစည်းလုံးညီညွှတ်ရေး အားကောင်းလာဖို့ လိုအပ်ကြောင်းမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma အဓိကထားပြီး ပြောခဲ့ပါတယ်။ ချင်းတော်လှန်ရေးအဖွဲ့တွေ အကြားပြန်လည်သင့်မြတ်ရေးဆောင်ရွက်နေတဲ့ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initative…

Read More

မဏိပူရ်အင်ဖာအကျဉ်းထောင်က မြန်မာစစ်ဘေးဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြတာ မခံနိုင်လို့ ယာယီရပ်နားတဲ့အချိန် ထောင်အာဏာပိုင်တွေရဲ့ခြိမ်းခြောက်တာခံရ

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်က မြန်မာစစ်ဘေးဒုက္ခသည်တွေ ဩဂုတ်လ ၂၆ ရက်ကစပြီးအစာငတ်ခံဆန္ဒပြန်ပြခဲ့ရာ ဆန္ဒပြ ဒုက္ခသည်တွေထဲက သက်ကြီးပိုင်းနဲ့ နာတာရှည်ရောဂါသည်တွေက လုံးဝမခံနိုင်တော့လို့ ဩဂုတ်လ ၃၀ မှာ အစာငတ်ခံ ဆန္ဒပြတာယာယီရပ်နားထားတဲ့အချိန်မှာအင်ဖာအကျဉ်းထောင်က ထောင်တာဝန်ရှိသူတွေက အကျဉ်းသား မြန်မာစစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီလက်ထဲ ပြန််လွှဲမယ်လို့ ခြိမ်းခြောက်တာမျိုးရှိတယ်လို့ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India for Myanmar က ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။ India for Myanmar က ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ဆန္ဒပြတာက သြဂုတ်လ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိလုပ်ပြီးတော့ ယာယီရပ်နားလိုက်တယ် ရပ်နားရတဲ့ အကြောင်းအရင်းက သက်ကြီးပိုင်းတွေနဲ့ နာတာရှည်ရောဂါသည်တွေက လုံးဝမခံနိုင်တော့လို့ ယာယီရပ်နားလိုက်တဲ့ သဘောပါ။ ဒါပေမယ့် လတိုင်းလတိုင်း…

Read More

အဆိုတော် Benjamin Sum မင်းသားနေရာ သရုပ်ဆောင်တဲ့ “Ka Nihna A Ni lo” (ငါ့ဖြစ်တည်မှုမဟုတ်ဘူး)ရုပ်ရှင်ဇာတ်ကားပြသ

မြန်မာနိုင်ငံက နာမည်ကျော်အဆိုတော် Benjamin Sum ပထမဆုံးပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်ဇာတ်ကား “Ka Nihna A Ni lo” (ငါ့ဖြစ်တည်မှုမဟုတ်ဘူး) ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့ကဗန်နပါခန်းမ (Vanapa Hall) မှာ ပြသခဲ့ပြီဖြစ်ကာ အဲ့ဒီရုပ်ရှင်ကို အွန်လိုင်း App တစ်ခုဖြစ်တဲ့ Lersia App မှာ အခကြေးငွေပေးကာ ကြည့်ရှုလို့ရပြီဖြစ်ပါတယ်။ အချစ်နဲ့ ပညာပေးအပိုင်းကို အသားပေး ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်တဲ့ဒီရုပ်ရှင်ဇာတ်လမ်းကို မီဇိုးဘာသာစကားနဲ့သရုပ်ဆောင် ရိုက်ကူးထားတာဖြစ်ကာ Benjamin Sum က မင်းသားနေရာကနေသရုပ်ဆောင်ထားပြီး နောက်ပိုင်းမှာ ဒီရုပ်ရှင်ကို ဟားခါး၊ ဖလမ်း နဲ့ဇိုမီးတို့နဲ့လည်း အသံအစားထိုးပြီးလုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။ Benjamin Sum ရဲ့ပထမဆုံးရုပ်ရှင်ကားနဲ့ပတ်သက်ပြီး “ကျွန်တော်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီခင်ဗျ။ဒီနေ့အထိချစ်ခင်အားပေးကြသောသူအယောက်စီတိုင်းကိုကျေးဇူးတင်ကြောင်းကိုလည်း ပြောပါရစေခင်ဗျ။ရှေ့ဆက်လျှောက်လှမ်းမယ့်အနုပညာလမ်းကြောင်းမှာ အတူပါရှိနေပေးကြဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ဗျ။” လို့ နာမည်ကျော်အဆိုတော် Benjamin…

Read More

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန်နိုင်ငံမှာ ချင်းလူထုနဲ့တွေ့ဆုံဖို့ထွက်ခွါ

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ဟာ အမေရိကန်ပြည်ထောင်စုက ချင်းလူထုနှင့်တွေ့ဆုံပွဲတက်ရောက်ဖို့အတွက် ဒီနေ့ဩဂုတ်လ ၃၀ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှ စတင်ထွက်ခွါသွားပြီဖြစ်ကြောင်း မီဇိုရမ်ပြည် သတင်းဖော်ပြချက်အရသိရပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma ဟာချင်းလူမျိုးအများစုနေထိုင်ကြတဲ့ အမေရိကန်နိုင်ငံ၊အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့မှာ ချင်းလူထုနှင့်တွေ့ဆုံမှာဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma ဟာ အမေရိကန်ခရီးစဉ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန်ဒီစီက အမေရိကန်အစိုးရဌာနတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန်စီစဉ်ထားကြောင်းမီဇိုရမ်ပြည်သတင်းမှာဖော်ပြချက်အရသိရပါတယ်။ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မတည်ငြိမ်မှုနဲ့မလုံခြုံမှုတွေကြောင့် ချင်းပြည်နယ်က ချင်းလူမျိုး ၅ သောင်းခန့်ဟာ နယ်နမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဆီထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Read More

မဏိပူရ်အကျဉ်းထောင်က မြန်မာဒုက္ခသည်တွေ ထောင်ကနေလွှတ်ပေးဖို့ တောင်းဆိုတာမရသေးတဲ့အတွက် အစာငတ်ခံ ဆန္ဒဆက်ပြမယ်

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်က စစ်ဘေးဒုက္ခသည် မြန်မာနိုင်ငံသားတွေ ထောင်ကနေလွှတ်ပေးဖို့၊စစ်ကောင်စီထံလွှဲပြောင်းပေးတာမလုပ်ဖို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့မှုကို ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရကို တင််ပြပေးမယ်လို့ ကတိပြုထားပေမယ့် ယနေ့ချိန်ထိ ထူးခြားတဲ့ ရလဒ် မရရှိတာကြောင့် ဒီကနေ့ သြဂုတ်လ ၂၆ ရက်နေ့က စတင်ပြီးထပ်မံ အစာငတ်ခံ ဆန္ဒပြမယ်လို့ သိရပါတယ်။ မဏိပူရ်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေက ထောင်ကနေ အမြန်ဆုံးလွှတ်ပေးဖို့ စစ်ကောင်စီထံပြန်လွှဲပြောင်းတာတွေ မလုပ်ဖို့ ဇွန်လ ၁၆ ရက်နေ့ကနေ ဇူလိုင် ၃ ရက်နေ့အထိအစာငတ်ခံ ဆန္ဒပြခဲ့ကြပြီးနောက် ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရထံ တင်ပြပေးမယ်လို့ ကတိပြုတာကြောင့် အစာငတ်ခံ ဆန္ဒပြတာ ယာယီဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India for Myanmarက ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ထောင်အာဏာပိုင်တွေက…

Read More