Headlines

ချင်းလူငယ် Joshua Van ဟာ Fury FC ကနေ UFC ကိုရောက်ရှိသွားတဲ့ တစ်ဦးတည်းသောဖိုက်တာဖြစ်လို့ Hall of Fame ဆုချီးမြှင့်ခံရ

ဇန်နဝါရီလ ၁၄ ရက်။ လက်ရှိUFC မှာထိုးသတ်နေတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ Fury FC ကနေ UFC ကိုရောက်ရှိသွားတဲ့ တစ်ဦးတည်းသောဖိုက်တာဖြစ်လို့ Fury FC က Hall of Fame ဆုကို Joshua Van ကိုဇန်နဝါရီလ ၁၃ ရက်နေ့က ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ Hall of Fame ဆုကို Flyweight ချန်ပီယံဖြစ်ခဲ့တဲ့ သူတိုင်း မရကြဘဲ။ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ Fury FC မှာအပျော်တမ်းပွဲတွေထိုးသတ်ရာကနေ Professional UFC ပြိုင်ပွဲကို ရောက်ရှိသွားတဲ့ တစ်ဦးတည်းသောဖိုက်တာဖြစ်လို့ ဒီလိုဂုဏ်ပြုခံရတာဖြစ်ကြောင်းကိုလည်း သိရပါတယ်။ ဂုဏ်ယူစရာကောင်းတဲ့ ဒီHall of Fame…

Read More

UFC ချင်းလူငယ် ဖိုက်တာ Joshua Van နဲ့ ဘရာဇီးဖိုက်တာတို့ မတ်လ ၈ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မယ်

ဇန်နဝါရီလ ၃ ရက်။ UFC ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လာမယ့် မတ်လ (၈) ရက်နေ့မှာ အသက် ၃၅ နှစ်အရွယ် ဘရာဇီး ဖိုက်တာ Bruno Silva နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ကြောင်း Joshua Van က ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ယက် ဖေ့ဘုတ်ကနေ တဆင့်ဖော်ပြထားပါတယ်။ Joshua Van နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဘရာဇီးဖိုက်တာ Bruno Silva ဟာ ပွဲပေါင်း ၁၄ ပွဲနိုင် ၆ ပွဲရှုံး၊ ၂ ပွဲ သရေကျထားတဲ့ ကစားသမားဖြင့်ပြီး UFC Flyweight အဆင့် ၁၃ နေရာမှာ ရပ်တည်ထားသူဖြစ်ပြီး အလွန်တော်တဲ့…

Read More

စစ်ရှောင်များရဲ့ ဇီ၀ဗေဒဆိုင်ရာ စာရင်းပြုစုခြင်းကိုလုပ်ဆောင်တာ မပြီးနိုင်သေးလို့မီဇိုရမ်ပြည်ထဲရေးဌာနက ဆက်လက်လုပ်ဆောင်မယ်

ဒီဇင်ဘာလ ၃၁ ရက်။ မြန်မာနိုင်ငံတွင်းကနေ မီဇိုရမ်ပြည်နယ်တွင်းကို ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၃ သောင်းကျော်ရဲ့ ဇီ၀ဗေဒဆိုင်ရာ စာရင်းသွင်းခြင်း (Biometric enrolment)ကိုယခု ဒီဇင်ဘာလကုန်နောက်ဆုံးထားလုပ်ဆောင်ရန် ဖြစ်ပေမယ့်လည်း (form)ဖောင်ပုံစံအခက်အခဲကြောင့် ဇီ၀ဗေဒဆိုင်ရာစာရင်းသွင်းခြင်းကိုဆက်လက်လုပ်ဆောင်နေရသေးကြောင်း မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောကြားတယ်လို့ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ Times of India သတင်းဌာနကဖော်ပြပါတယ်။ “ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့တဲ့ စာရင်းသွင်းရမယ့်ဖောင်(form) ပုံစံဟာအိန္ဒိယပြည်တွင်းကို တရားမဝင်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေအတွက်ပြင်ဆင်ထားတာဖြစ်တဲ့ အတွက် ပြည်နယ်အစိုးရအနေနဲ့ တရားဝင်လက်ခံထားတဲ့ မြန်မာနိုင်ငံကရောက်ရှိလာတဲ့ ဒုက္ခသည်တွေရဲ့ ဇီ၀ဗေဒဆိုင်ရာ အချက်အလက်တွေကို စုဆောင်းရာမှာအကျုံးမဝင်ဘူး ဖြစ်နေတယ်” လို့ မီဇိုရမ် ပြည်ထဲရေးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။ သူကဆက်ပြီး ဗဟိုပြည်ထဲရေးဝန်ကြီး Amit Shah က မြန်မာပြည်အတွင်း…

Read More

မဏိပူရ်ပြည်နယ်အတွင်း နိုင်ငံခြားသားများ ဗီဇာ၊ နိုင်ငံကူးလက်မှတ်ဖြင့်သာ သွားလာခွင့်ရမည်

မြန်မာနိုင်ငံနဲ့နယ်နမိတ်ထိစပ်တဲ့ အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်အစိုးရမှ ပြည်နယ်တွင်း နိုင်ငံခြားသားဝင်ခွင့်အတွက် ဗီဇာ (သို့)နိုင်ငံကူးလက်မှတ်များဖြင့်သာ မဏိပူရ်ပြည်နယ်တွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် N Biren Singh ကသတင်းမီဒီယာများသို့ထပ်မံအသိပေးပြောကြားခဲ့ကြောင်း India Today မီဒီယာက ဒီဇင်ဘာ (၂၆) ရက်နေ့မှာဖော်ပြပါတယ်။ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က “အိန္ဒိယအစိုးရက လွတ်လပ်စွာသွားလာလှုပ်ရှားမှု FreeMovement Regime (FMR) ကိုထိန်းညှိဖို့ကြိုးစားတာဖြစ်တယ်။ ဘေးပြည်နယ်တွေကတော့မပြဌာန်းဖို့တောင်းဆိုကြတယ်။ အစောပိုင်းကတည်းက ပြည်ထဲရေးဝန်ကြီးဌာနက အိန္ဒိယကိုလာလိုတဲ့ မြန်မာနိုင်ငံသားများကို ဗီဇာထုတ်ပေးဖို့ကိုလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဗီဇာနဲ့နိုင်ငံကူးလက်မှတ် ရပြီးမှသာ ခွင့်ပြုမှာပါ” လို့ မီဒီယာများကိုပြောပါတယ်။ Free Movement Regime (FMR) ဟာ ပြည်နယ်တစ်ခုလုံးသို့သွားလာခွင့်မဟုတ်ပဲနယ်စပ်တစ်လျှောက်နေထိုင်သူများကို ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်မလိုပဲ နိုင်ငံတစ်ဖက်နဲ့တစ်ဖက်၁၆ ကီလိုမီတာ (၁၀ မိုင်ခန့်) အထိသွားလာဖို့ခွင့်ပြုထားခြင်းဖြစ်ပါတယ်။ ထိုသို့နယ်စပ်ဖြတ်ကျော်ခွင့်ကိုလည်း ၁၄ ရက်အထိသာနေထိုင်ခွင့်ပေးထားတာဖြစ်ပြီးသတ်မှတ်ထားတဲ့ ပြန်ဌာန်းချက်များဖြင့်ကိုက်ညီတဲ့အကြောင်းပြချက်များဖြင့်သာခွင့်ပြုချက်ယူပြီးသွားလာခွင့်ရမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ခြမ်းရှိ…

Read More

အိန္ဒိယနိုင်ငံဖက်သို့ ရှားပါးမျောက်များကို မှောင်ခိုတင်သွင်းရန် ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို မီဇိုရမ်ပြည်နယ်စပ်မှာ ဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ် Camphai ခရိုင်သစ်တောဦးစီးဌာနနဲ့ အာသံရိုင်ဖယ်တပ်များမှ မြန်မာ – အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် Zokhawthar စစ်ဆေးရေးဂိတ်မှာ ရူးပီးသိန်း (၆၀)တန် တန်ဖိုးရှိ ရှားပါးမျိုးစိတ်‌ဖြစ်တဲ့ De Brazza မျောက် ၄ ကောင်ကို ကယ်တင်နိုင်ခဲ့ပြီး ထိုသို့မှောင်ခိုတင်သွင်းရောင်းဝယ်ရန် ကြိုးစားတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ဒီဇင်ဘာလ (၁၇) ရက်နေ့ဖမ်းဆီးရမိကြောင်း The India Today သတင်းဌာနကဖော်ပြပါတယ်။ တောရိုင်းတိရိစာ္ဆန်များ ရောင်းဝယ်မှုတိုက်ဖြတ်ရေးစီမံချက်ဖြင့် နယ်စပ်ဖြတ်ကျော် သီးခြား ထောက်လှမ်းစစ်ဆေးရေးပွိုင့် III ကို Thangkhupa Kai အနီးတွင် ကင်းစခန်းချကာ နှစ်နိုင်ငံကြား မှောင်ခိုရောင်းဝယ်မှုများကို စောင့်ကြပ်ခဲ့ခြင်းဖြစ်ရာ နယ်စပ်မြို့ Tiau, Khawmawi တွင်နေထိုင်တဲ့ မြန်မာနိုင်ငံသား လတ်ချန်းဟင်မ် (၄၀) နှစ်ကို ဖမ်းစီးရမိခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါမှောင်ခိုကုန်သည်အား…

Read More

မီဇိုရမ်ပြည်လောင်တလိုင်မြို့က ချင်းစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေ

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ကို မြန်မာနိုင်ငံ၊ ချင်းပြည်နယ် ထန်တလန်၊ ဟားခါး ဘက်ကနေ စစ်ဘေးရှောင်လာတဲ့ ချင်းစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ အထောက်အပံ့ အကူအညီတွေ လိုအပ်နေကြတယ်လို့ လောင်တလိုင်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။ လောင်တလိုင်မြို့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့သူရော မြို့ပေါ်အိမ်ဌားနေထိုင်သူတွေထဲကလည်း စားသောက်ရေးပိုင်းမှာ အရေးပေါ်ထောက်ပံ့ကူညီမှုတွေ လိုအပ်နေကြသလို နိုင်ငံခြားမှာ ဆွေမျိုးမရှိတဲ့သူတွေဆိုရင် ပိုပြီး အခက်အခဲဖြစ်ကြတယ်လို့ လောင်တလိုင်မှာ နေထိုင်သူ တစ်ဦးကပြောပါတယ်။ လောင်တလိုင်မှာ နေထိုင်သူတစ်ဦးပြောတာက “လောင်တလိုင်မှာတော့ မီဇိုရမ်ပြည်နယ် အခြားနေရာတွေထက်တော့ စစ်ဘေးရှောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးလုံခြုံမှုရှိတယ်လို့ ခံစားကြတယ်။ ဒီကဒေသခံတွေ၊ အဖွဲ့အစည်းတွေကလည်း စစ်ဘေးရှောင်တွေအပေါ် သည်းခံနားလည်နိုင်မှုပိုပြီး မြင့်မားတယ်လို့ခံစားရတယ်။ စားဝတ်နေရေးအတွက်တော့ စိန်ခေါ်မှုတွေများပါတယ် အထူးသဖြင့် နိုင်ငံခြားမှာ ဆွေမျိုးမရှိတဲ့သူတွေအတွက် ပိုပြီးခက်ခဲကြတယ်။ စစ်ဘေးရှောင်စခန်းမှာ မနေတဲ့ လောင်တလိုင်မြို့ပေါ် အိမ်ဌားနေသူတွေထဲကတောင်မှ အိမ်ထောင်စု…

Read More

မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်မြို့မှာ ချင်းစစ်ဘေးရှောင်တွေက မြို့တွင်းသန့်ရှင်းရေးအတွက် အမှိုက်ကောက် လှုပ်ရှားမှုပြုလုပ်

ဒီဇင်ဘာလ ၇ရက်။ ဒီကနေ့ ဒီဇင်ဘာလ ၇ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်မြို့မှာ ချင်းပြည်နယ် ဟားခါး၊ထန်တလန်မြို့နယ်များမှ လာရောက်ခိုလှုံနေတဲ့ချင်းစစ်ဘေးရှောင် ၅၀ ခန့်က လောင်တလိုင်မြို့တွင်းသန့်ရှင်းရေးအတွက် အမှိုက်ကောက် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူတစ်ဦးက “ ချင်းစစ်ဘေးရှောင်တွေ အများကြီးနေထိုင်တဲ့ လောင်တလိုင်မြို့အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားကြပြီးမှ အခုလိုအမှိုက်ကောက်တာကို လုပ်ကြတာဖြစ်တယ်” လို့ပြောပါတယ်။ “ချင်းစစ်ဘေးရှောင်တွေအနေနဲ့ ကျနော်တို့ခိုလှုံနေထိုင်တဲ့ ေလာင်တလိုင်မြို့နဲ့ ကျ‌နော်တို့ကို စိတ်ရှည်ရှည်ထားပြီးအစစအရာရာကူညီ‌ေပးတဲ့ ဒီကဒေသခံတွေအတွက် ကောင်းကျိုးတစ်ခုခုလုပ်ပေးဖို့ဆိုပြီး ဒီအမှိုက်ကောက်လှုပ်ရှားမှုကို ပြုလုပ်တာဖြစ်ပါတယ်”လို့လည်း အဆိုပါလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ စစ်ဘေးရှောင်တစ်ဦးကဆက်ပြောပါတယ်။ လောင်တလိုင် ဒုက္ခသည်များဆိုင်ရာ ဘုတ်အဖွဲ့(Lawngtlai Ralzam Zohkhennak Bu – LRZB) အဖွဲ့အစည်းကနေ ဦးဆောင်ပြီး ချင်းပြည်နယ် ထန်တလန်မြို့နယ်…

Read More

မလေးရှားမှာ အထောက်အထားမဲ့မြန်မာနိုင်ငံသား ၈၉ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၁၁၉ ဦးဖမ်းဆီးခံရတယ်လို့ သိရ

နိုဝင်ဘာလ ၂၇ ရက်။ မလေးရှားနိုင်ငံ၊ selangor ပြည်နယ် Pandan Mewah အဆောက်အအုံကို ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ညနေပိုင်းလောက်စလို့ မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၉ ဦး အပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၁၁၉ ဦးကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မလေးရှားလဝက၊ ရဲဌာနနဲ့ Ampang Jaya မြူနီစီပယ်ကောင်စီ (MPAJ) အဖွဲ့က ပူးပေါင်းပြီး Pandan Mewah အဆောက်အုံကို ဝင်ဆီးခဲ့ပြီး ညနေ ၆ နာရီကနေ မနက် ၁၁ နာရီအထိ နိုင်ငံခြားသား အယောက် ၄၀၀ ကိုစစ်ဆေးခဲ့ပြီး အဒီထဲကနေ အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၈၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦး၊ နီပေါနိုင်ငံသား…

Read More

NUG ဝန်ကြီး ဒေါက်တာဆာဆာက အမေရိကန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ ပြည်တွင်း/ ပြည်ပ အင်အားစုတွေ စည်းလုံးညီညွတ်ရေးကို တောင်းဆို

နို၀င်ဘာလ ၁၇ ရက်။ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိ နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာနဲ့ တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာမိသားစုများတွေ့ဆုံပွဲကို ဒေသအချိန် နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိ လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘော်ဒွင်ပတ်ခ်မြို့မှာ ကျင်းပခဲ့ရာ ဒေါက်တာဆာဆာက ပြည်တွင်း ပြည်ပ အင်အားစုတွေ စည်းလုံးညီညွတ်ရေးကို တောင်းဆိုခဲ့ပြီး၊ စစ်အုပ်စုအပေါ် ဘဏ္ဍာရေး၊ တရားဝင်မှုနဲ့ စစ်လက်နက်အကူပစ္စည်းတွေ ဖြတ်တောက်ရေးအတွက် ဆောင်ရွက်နေမှုတွေကို  ရှင်းလင်းပြောကြားခဲ့ပါတယ်။ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ဝန်ကြီး ဒေါက်တာဆာဆာနဲ့ အမေရိကန်ပြည်ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယား မိသားစုတွေ တွေ့ဆုံပွဲကနေ ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကျော်ရရှိခဲ့ပြီး စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်။ ‘ခွန်အားဖြည့်မိငယ်’ နဲ့…

Read More

မလေးရှားမှာ ချင်းလူမျိုးများစုနေထိုင်တဲ့ တိုက်ခန်းဝင်စီးခံရပြီး ချင်းလူမျိုး အယောက် ၂၀ အပါအဝင် နိုင်ငံခြားသား အယောက် ၇၀ ကျော် ဖမ်းဆီးခံရ

နိုဝင်ဘာလ ၇ ရက်။ မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့၊ ဘူကစ်ဘင်တန်က ချင်းလူမျိုးတွေအများစုနေထိုင်တဲ့ တိုက်ခန်းတစ်ခုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ စည်ပင်၊ ရဲ ပူးပေါင်းအဖွဲ့က ဝင်စီးခဲ့ပြီး အထောက်ထားမဲ့ ချင်းလူမျိုး အယောက် ၂၀ ၊ ဗမာလူမျိုး ၁၀ ယောက် အပါအဝင် နိုင်ငံခြားသား အယောက် ၇၀ ကျော် မနေ့နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဝင်စီးခံရတဲ့ တိုက်ခန်းအတွင်းက အခန်းအဖွဲ့တွေကိုလည်း မလေးရှားနိုင်ငံ အာဏာပိုင်တွေက မနေ့ကဘဲ ဖျက်ဆီးလိုက်တယ်လို့ ဖြစ်စဉ်သိတဲ့သူတွေပြောပြချက်အရ သိရပါတယ်။ ဖြစ်စဉ်သိတဲ့ မလေးရှားနိုင်ငံက ချင်းလူမျိုး တစ်ဦးပြောတာက “တိုက်ခန်းအောက်မှာနည်းနည်း ညစ်ပက်တော့ ပက်ဝန်းကျင်တွေရဲ့ တိုင်ကြားချက်ကြောင့် ဖမ်းဆီးတာလည်းဖြစ်တယ် ပြီးရင် တိုက်ခန်းမှာ နဂိုရှိပြီးသား မဟုတ်ဘဲနဲ့ ပြင်ပြားတွေနဲ့…

Read More