နိုင်ငံရေးပဋိပက္ခကြားက ဈေးကွက်ပျောက်လာတဲ့ သီးနှံတွေနဲ့ ချွတ်ခြုံကျလာတဲ့ ချင်းပြည်ကတောင်သူတွေ
ကိုဇံ(ချင်းတောင်) မန္တလေးငလျင် လှုပ်ခတ်အပြီးမှာ ချင်းတောင်အတွက် အနာပေါ် တုတ်ကျသလိုအထိအနာဆုံးဖြစ်ခဲ့တာက ဝဥ ဈေးကွက် ပါပဲ။ “စစ်ဘေးရော၊ သဘာဝဘေးကြောင့်ပါ ချင်းတောင်ရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ဈေးကွက် ပျောက်ခဲ့ရပြီ” လို့ ချင်းတောင် ဝဥစိုက် တောင်သူတစ်ဦးက ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ငါးသိန်းနီးပါးရှိတဲ့ ချင်းပြည်နယ်မှာ စိုက်ပျိုးရေးကို အခြေခံပြီးအသက် မွေးဝမ်းကျောင်းသူအရေအတွက်က ဘက်စုံ ဖွံ့ဖြိုးရေး ကို ဆောင်ရွက်နေတဲ့ NGO တစ်ခုဖြစ်သော လူထု အကျိုးဆောင် ဖွဲ့ဖြိုးရေး အဖွဲ့ ခေါ် Community Agency for Rural Development (CAD)ရဲ့ စစ်တမ်းအရ ပြည်နယ်လူဦးရေရဲ့ လေးပုံသုံးပုံ ရှိပါတယ်။ ဒီစိုက်ပျိုး တောင်သူတွေမှာ တောင်ယာ စပါး စိုက်သူတွေကလွဲရင်…

