Headlines

ဇိုတုန်ဒေသအတွင်း အဓိကကားလမ်းမကြီးတွေကို အမြန်ဆုံးပြုပြင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဇိုတုန်ဖက်ဒရယ်ကောင်စီ ထုတ်ပြန်

ဒီဇင်ဘာလ ၇ ရက်။ ချင်းပြည်နယ် ဇိုတုန်ဒေသအတွင်းက အဓိကကားလမ်းမကြီးတွေဖြစ်တဲ့ ဂန့်ဂေါ – အိုက်ကားလမ်း၊ ရှာတလိုင်း – လိုတော်လမ်း နဲ့ ဟားခါး – မတူပီလမ်းတို့ကို ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး မေလကနေ စက်တင်ဘာလအထိ (၅) လကျော်အထိ မိုးရာသီလမ်းပြုပြင်မှုဆောင်ရွက်ခဲ့ကြောင်း၊ဆောင်းရာသီနဲ့ နွေရာသီမှာ လမ်းပြုပြင်ခြင်းလုပ်ငန်းကိုလည်း စတင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်တာကြောင့် ရန်ပုံငွေမရရှိသေးသော်လည်း ရရာနည်းလမ်းနဲ့ ဆောင်ရွက်နေပြီလို့ဇိုတုန်ဖက်ဒရယ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ထိုသို့လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ခြင်းအတွက် မြန်မာငွေ သိန်း ၈ ရာကျော် (၈၄,၁၀၅,၃၀၀) တိတိ ကုန်ကျခဲ့ပြီး ဆောင်းရာသီနဲ့ နွေရာသီမှာ လမ်းပြုပြင်ခြင်းလုပ်ငန်းကိုလည်း စတင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်တာကြောင့် ရန်ပုံငွေမရရှိသေးသော်လည်း ရရာနည်းလမ်းနဲ့ နိုဝင်ဘာလ (၂၈) ရက်နေ့ကစတင်ပြီး ဆောင်ရွက်နေပြီလို့လည်း ထုတ်ပြန်ထားပါတယ်။…

Read More

လောက်တူဒေသအတွင်း တရားမဝင် ဓာတ်သတ္ထထုတ်လုပ်ရောင်းချနေသူတွေကို လုပ်ငန်းလိုင်စင်လျှောက်ထားဖို့ အသိပေးထုတ်ပြန်

ဒီဇင်ဘာလ ၇ ရက်။ ချင်းပြည်နယ် လောက်တူဒေသအတွင်း တရားမဝင် ဓာတ်သတ္ထုထုတ်လုပ်ရောင်းချနေတဲ့သူတွေ လုပ်ငန်းလိုင်စင် လျှောက်ထားဖို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၅ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။ လုပ်ငန်းလိုင်စင်ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေသူတွေအနေနဲ့ ထုတ်ပြန်အသိပေးတဲ့နေ့ကနေ ဆယ်ရက်အတွင်း ဥပဒေပါ သတ်မှတ်ပြဌာန်းချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်ခွင့်လျှောက်ထားကြဖို့နဲ့ သတ်မှတ်ကာလကျော်လွန်တဲ့အထိ လိုက်နာဆောင်ရွက်ခြင်းမရှိသူတွေကို ဥပဒေပါသတ်မှတ် ပြစ်ဒဏ်တွေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ နောက်ဆုံးအသိပေးထားပါတယ်။ လောက်တူနယ်ဒေသ ဓာတ်သတ္ထုဆိုင်ရာ ဥပဒေကို ၂၀၂၄ မေလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ် လောက်တူပြည်သူ့ရေးရာကောင်စီ၏ တတိယအကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုပြဌာန်းခဲ့တာလို့လည်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဓာတ်သတ္ထုထုတ်လုပ်ရောင်းချခွင့် လိုင်စင်အမျိုးအစားအလိုက် အုတ်ခဲထုတ်လုပ်ခွင့်လိုင်စင် အတွက် ၁၀ သိန်းသတ်မှတ်ထားပြီး သဲထုတ်လုပ်ခွင့်လိုင်စင် ၁၀ သိန်း…

Read More

စစ်ကောင်စီဘက်က စစ်ကူပို့လို့မရအောင် ဟားခါး-ထန်တလန်ကြားက သီမြစ်ချောင်းကူးတံတားကို ဖျက်ဆီး

ဒီဇင်ဘာလ ၆ ရက်။ စစ်ကောင်စီဘက်က စစ်ကူပို့လို့မရအောင် ချင်းပြည်နယ် ဟားခါးမြို့ နဲ့ ထန်တလန်မြို့အကြားရှိ သီမြစ်ချောင်းကူး တံတားကို Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖျက်ဆီးလိုက်တယ်လို့ ဟားခါးမြို့ ဒေသခံ တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်ကူပို့တဲ့နေရာမှာ လမ်းမှာ သီမြစ်ချောင်းကူးတံတားကို အသုံးပြုနေတာဖြစ်ပြီး စစ်ရေးအရ အလွန်အရေးကြီးတဲ့ တံတားဖြစ်တယ်လို့လည်း စစ်ရေးအခြေအနေသိတဲ့သူတွေ ပြောဆိုချက်အရ သိရပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၂ ရက်ကစပြီးဟားခါး-ထန်တလန်ကြားက စစ်ကောင်စီ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ပြီးခဲ့တဲ့အပတ်အတွင်းမှာလည်း စခန်းပေါင်း ၆ ခု ကိုသိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာလည်း ဟားခါး-ထန်တလန်ကြားမှာ စစ်ကောင်စီရဲ့ အော်တိုတောင်…

Read More

ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူ ၁၄ ဦး အပါအဝင် မသန်စွမ်း ၁၆ ဦး အတွက် ၃ နှစ် အတွင်း ကျပ် ၃၃ သိန်း ထောက်ပံ့နိုင်ခဲ့ကြောင်း စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ်ပြောကြား

ဒီဇင်ဘာလ ၆ ရက်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါမြို့ ရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ၂၀၂၂ က စတင်ပြီး ဘဏ္ဍာရေး နှစ် ၃ နှစ် အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ အရပ်သား ပြည်သူ ၁၄ ဦး အပါအဝင် မသန်စွမ်း ၁၆ ဦး အား ပြည်လည်ထူထောင်ရေးဌာနမှ ကျပ် ၃၃ သိန်း ထောက်ပံ့နိုင်ခဲ့ကြောင်း စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် မှ အမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ…

Read More

ကလေး-တီးတိန် ပြေးဆွဲတဲ့ Shalom မော်တော်ယာဉ်လိုင်းက ဒီဇင်ဘာလအတွင်း အထူးလျော့ဈေး ကားခ ၅၅၀၀၀ ဖြင့် ပြေးဆွဲပေးနေ

ဒီဇင်ဘာလ ၅ ရက်။ ဒီဇင်ဘာလ ကနေစပြီး ကလေးမြို့ နှင့် တီးတိန်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်း တစ်ခု ဖြစ်တဲ့ Shalom မော်တော်ယာဉ်လိုင်းက ခရစ္စမတ်ကာလ ဖြစ်တဲ့ ဒီဇင်ဘာလ အတွင်း အထူးလျော့ဈေးဖြင့် ကားခ ၁ ဦးကို ကျပ် ၅၅၀၀၀ နဲ့ပြေးဆွဲပေးနေသော်လည်း လကုန်ပါက လက်ရှိဈေးနှုန်း အတိုင်း ပြေးဆွဲ နိုင်ရန် မသေချာကြောင်း ယာဉ်လိုင်း တာဝန် ရှိသူများ ထံမှ သိရှိခဲ့ရ ပါတယ်။ “စစ်ပြေး၊ စစ်ရှောင်တွေများတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ဒီဇင်ဘာလ၊ ခရစ္စမတ် ကာလမှာ ကျွန်ုပ်တို့ ယာဉ်လိုင်းကို အားပေးသူတွေ အပေါ် ကုသိုလ် လုပ်ချင်လို့ အခုလို လုပ်တာပါ။ ခရစ္စမတ်ကာလ…

Read More

မင်းတပ်၊ ဖလမ်းက စစ်ကောင်စီစခန်းအတော်များများကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ပြီလို့ သိရ

ဒီဇင်ဘာလ ၄ ရက်။ လက်ရှိမှာ ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ဖလမ်းမြို့တွေကို အလုံးစုံထိန်းချုပ်နိုင်တာမျိုးမရှိသေးပေမယ့် ချင်းညီနောင်ပူးပေါင်းတပ်အနေနဲ့ မင်းတပ်နဲ့ဖလမ်းမြို့က စစ်ကောင်စီ စခန်း အတော်တော်များများကိုတော့ သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့အကြောင်းကို ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောပါတယ်။ ကိုယောမာန်က “မီဒီယာတချို့က ချဲ့ကားပြီး ရေးသလိုဖြစ်နေပါတယ် မြို့ကစစ်ကောင်စီကင်းစင်သွားတာမျိုး၊ မြို့ကို အလုံးစုံထိန်းချုပ်နိုင်တာမျိုး မဟုတ်သေးပါဘူး ကျနော်တို့စခန်းတွေ တော်တော်များများသိမ်းနိုင်တာရှိတယ် အောင်မြင်မှုရတာတော့ရှိပါတယ် ေနာက်ကြမှဘဲ အပြည့်အစုံကို တရားဝင်သတင်းထုတ်ပြန်သွားမှာပါ”လို့ပြောပါတယ်။ မင်းတပ်မြို့နဲ့ ဖလမ်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီကနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖလမ်းမြို့ ဆူရ်းဘုန်လေယာဉ်ကွင်းတောင်ကြောက တစ်နေရာကိုလည်း ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာမျိုးလုပ်ခဲ့ပါတယ်။ ဖလမ်းမြို့နေဒေသခံတစ်ဦးပြောတာက “ ဒီနေ့ မနက်ပိုင်း၁၁…

Read More

တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ၆ လ အတွင်း ရဲ ၃ ဦး နှင့် Non CDM ဝန်ထမ်း ၃၀ ကျော် အလင်းဝင်

နိုဝင်ဘာလ ၃၀ ရက်။ တွန်းဇံမြို့သိမ်း တိုက်ပွဲအပြီး ပထမ နှစ်ဝက် ၆ လ အတွင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ရဲ ၃ ဦး နှင့် Non CDM ဝန်ထမ်း ၃၀ ကျော်အလင်းဝင်လာခဲ့ပြီ လို့ နိုဝင်ဘာလ ၂၉ ရက်မှာ Tonzang Township Administration Board မှ ထုတ်ပြန်ခဲ့ ပါတယ်။ အလင်းဝင်လာသူ ရဲတပ်သားများဟာ ချင်းပြည်နယ် တွန်းဇံမြို့၊ မြို့နယ် ရဲစခန်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရှိ ရဲစခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ပြီး ယခုနှစ် ဩဂုတ်လတွင် အလင်းဝင်လာ ကြကာ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပအဖ)မှ ဘေးကင်း လုံခြုံရာသို့ ပို့ဆောင်ပြီးပြီ လို့လည်း ထုတ်ပြန်ချက်…

Read More

မလေးရှားမှာကွယ်လွန်ခဲ့သူ ချင်းလူငယ်ရုပ်အလောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ရဲ့အကူအညီနဲ့ကလေးမြို့နေအိမ်သို့ ရောက်ရှိ

နိုဝင်ဘာလ ၃၀ ရက်။ မလေးရှားနိုင်ငံ ဆလန်းကော ပြည်နယ်၊ ကလန်မြို့ ဆေးရုံကြီးကနေ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့သော အသက် ၃၀ နှစ်အရွယ် ချင်းလူငယ် Lal Ram Din @ Van Sui Luai ရဲ့ ရုပ်အလောင်းကို မြန်မာလူမှုကူညီရေး အသင်း(မလေးရှား) ရဲ့အကူအညီ ဖြင့် ချိတ်ဆက်မှုဖြင့် ကွယ်လွန်သူရဲ့မိသားစုဝင်များ နေထိုင်ရာ ကလေးမြို့နယ် ရွာသစ်ရွာက နေအိမ်အထိ နိုဝင်လာလ ၂၉ ရက်ညမှာ အရောက် ပို့ပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ Lal Ram Din ဟာ မလေးရှားနိုင်ငံ ဆလန်းကော ပြည်နယ်၊ ကလန်မြို့မှာသွားရောက် အလုပ် လုပ်ကိုင် နေသူဖြစ်ပြီး နာမကျန်း ဖြစ်ကာ ကလန်မြို့…

Read More

ချင်းလူမျိုးအများစုရှိတဲ့ ပလက်ဝမြို့နယ်မှာ အာရက္ခပညာရေးစနစ်ဖော်ဆောင်ဖို့ပြင်ဆင်နေတဲ့အပေါ် ဒေသခံတွေမကြိုက်ကြဘူးလို့ သိရ

နို၀င်ဘာလ ၃၀ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းလူမျိုးအများစုနေထိုင်တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ရခိုင်ဘာသာကို အခြေခံတဲ့ အာရက္ခပညာရေးစနစ်ကို ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အကောင်အထည်ဖော်ဖို့ပြင်ဆင်နေတဲ့အပေါ် ဒေသခံချင်းလူမျိုးတွေက မကြိုက်ကြဘူးလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးပြောတာက “၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ပြင်ဆင်နေတယ်လို့ သိရတယ်။ အခုက AA ထိန်းချုပ်ပြီး အုပ်ချုပ်နယ်မြေမှာ ဒီနှစ်ကစတင်ပြီး အကောင်အထည်ဖော်ချင်တဲ့ သဘောရှိပါတယ်။ ဒေသခံပြည်သူတွေကတော့ မကြိုက်တာက အမှန်ဘဲ ဒီအချိန်မတတ်နိုင်လို့သာပေါ့ သူတို့စာပေ၊ သူတို့စကား၊ သူတို့မှုပေါ်လစီမကြိုက်ကြတာပါ လူမျိုးမတူ၊ တစ်ခြားလူမျိုးအုပ်ချုပ်ရေး အောက်ရောက်သွားတော့ မကြိုက်ပေမယ့် မတတ်နိုင်ဘူးပေါ့” လို့ပြောပါတယ်။ ချင်းလူမျိုးအများစုရှိတဲ့ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခပညာရေးစနစ်ပြဋ္ဌာန်းမှုအပေါ် ပလက်၀ကချင်းလူမျိုးများကသဘောမတွေ့ကြတာဖြစ်ပါတယ်။ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA)က ရခိုင်ဘာသာစကားနဲ့ အာရက္ခပညာရေးစနစ်နဲ့…

Read More

ပလက်ဝမြို့နယ်ကလိမ္မော်သီးတွေ အိန္ဒိယနိုင်ငံဘက်ကို တင်ပို့နိုင်တာကြောင့် တောင်သူတွေ ဈေးကောင်းရ

နိုဝင်ဘာလ ၃၀ ရက်။ လိမ္မော်သီးအဓိကစိုက်ပျိုးတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က လိမ္မောသီးတွေ ဒီနှစ်မှာတော့ အိန္ဒိယနိုင်ငံဘက်ကို တင်သွင်းရောင်းချနိုင်လို့ တောင်သူတွေဈေးကောင်းရကြတယ်လို့ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးပြောတာက “အရင်နှစ်တွေက ဈေးကွက်မရှိဘူးပေါ့ ဒီနှစ်မှ အိန္ဒိယဘက်ကိုပို့တာဖြစ်တယ် လိမ္မော်သီး ၆ လုံးကို ရှုပီးငွေ ၁၀၀ ရကြတယ်။ ပလက်ဝဒေသက လိမ္မော်သီးအဓိကစိုက်ပျိုးတဲ့ ဒေသဖြစ်တယ်။ အရင်ခေတ်ကောင်းတုန်းကတော့ ရခိုင်ပြည်ကျောက်တော်ဘက်ကို သွင်းကြတာဖြစ်တယ်” လို့ပြောပါတယ်။ ပလက်ဝဒေသကထွက်တဲ့ လိမ္မော်သီးတွေကို အရင်က ရခိုင်ပြည်နယ်ဘက်ကို အဓိကတင်ပို့ရောင်းချခဲ့ပေမယ့် ရခိုင်ပြည်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရောင်းချနိုင်ခဲ့ခြင်းမရှိကြဘဲ ဒီနှစ်မှာ တော့ ပလက်ဝဒေသအတွင်းနဲ့ အိန္ဒိယဘက်ကို တင်ပို့ရောင်းချလာနိုင်တာလို့လည်း သိရပါတယ်။ ပလက်ဝမြို့နယ် ကုလက်ချောင်း၊ ရုံလက်ချောင်း၊ ရှင်းလက်ချောင်းနဲ့ ဥသာလင်းချောင်းစတဲ့ ဒေသတွေမှာ လိမ္မော်သီးတွေကို တောင်သူတွေက အဓိကစိုက်ပျိုးကြတာလို့လည်း သိရပါတယ်။ မီးဇာရွာနားမှာ လိမ္မော်သီး…

Read More