
ဇိုတုန်ဒေသအတွင်း ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေသာ ကိုင်ဆောင်ခွင့်ရှိတဲ့ မောင်းပြန်သေနတ်ကဲ့သို့ သေနတ်တွေ ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးတာတွေ လုပ်တော့မယ်လို့ အသိပေး
မတ်လ ၂၆ ရက်။ စစ်ကောင်စီ ကင်းစင်ပြီးဖြစ်တဲ့ချင်းပြည်နယ်၊ ဇိုတုန်ဒေသအတွင်း လက်နက်ကိုင်ဆောင်ခြင်းနဲ့ပက်သက်ပြီး စည်ကမ်းသတ်မှတ်ချက်တွေ ပြဌာန်းထားပြီးဖြစ်လို့ ပြည်သူတွေအနေနဲ့ မောင်းပြန်သေနတ်၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုလိုမျိုး သေနတ်တွေ ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးတာတွေ လုပ်တော့မယ်လို့ CDF – Zotung တပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။ ဇိုတုန်ဒေသအတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ချင်းထုံစံအတိုင်း အမဲလိုက်ရာမှာ အသုံးပြုတဲ့ ရိုးရာတူမီးသေနတ်၊ နှစ်လုံပြူးသေနတ်၊ ခါးချိုးသေနတ်နဲ့ လေသေနတ်တွေသာ ကိုင်ဆောင်ခွင့်ရှိပြီး အခြားမောင်းပြန်သေနတ် ၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုလိုမျိုး သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်တွေကိုတော့ ကိုင်ဆောင်ခွင့်မရှိတာကြောင့် ကိုင်ဆောင်ခြင်းမပြုကြရန် CDF – Zotung ကဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီကိုတော်လှန်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ဇိုတုန်ဒေသကို ဖြတ်သန်းသွားလာလိုပါက…