
မင်းတပ်၊ဖလမ်းမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား နဲ့ ရဲတပ်သား စုစုပေါင်း ၁၆၈ ဦး လက်နက်ချအညံ့ခံတယ်လို့ ချင်းညီနောင်အဖွဲ့ထုတ်ပြန်
ဒီဇင်ဘာလ ၂၀ ရက်။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေမှာ လက်ရှိမှာ မင်းတပ်နဲ့ဖလမ်းကစစ်ကောင်စီစခန်းအတော်များများကိုသိမ်းပိုက်ထားနိုင်ပြီး မင်းတပ်နဲ့ဖလမ်းက ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီတပ်သား ၁၆၈ ဦး လက်နက်ချ အညံ့ခံတာတွေရှိတဲ့အကြောင်း ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့က မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၂၃) ဦး ဟာ ၎င်းတို့မိသားစုဝင်တွေနဲ့ အတူလက််နက်ချအညံ့ခံတာတွေရှိခဲ့သလို ဖလမ်းမြို့က ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေအုပ်ရုံးနဲ့ဆေးရုံကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာလ ၁၂ ရက်နေ့က လက်နက်ချ အညံံ့ခံခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ…