
ကလေးအကျဉ်းထောင်မှာ လွတ်ရက်စေ့လို့လွတ်လာသူနိုင်ငံရေးအကျဉ်းသားတွေကိုပြန်ဖမ်းဆီးကာ အမူထပ်တိုးပြီး ထောင်ပြန်ချနေတယ်လို့ သိရ
နိုဝင်ဘာလ ၆ ရက်။ ပြီးခဲ့တဲ့စက်တင်ဘာလနဲ့ အောက်တိုဘာလမှာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှာလွတ်ရက်စေ့လို့ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား၂ ဦးကို ထောင်အပြင်ရောက်မှ စစ်ကောင်စီကပြန်ဖမ်းဆီးကာအမှုထပ်တိုးပြီး ထောင်ပြန်ချကြောင်း၊ ကလေးထောင်က နိုင်ငံရေးအကျဉ်းသား အများစုဟာ လွတ်ရက်စေ့လဲ မလွတ်ကြကာပြန်ဖမ်းဆီးခံနေရကြောင်းနိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီပေးနေသူတစ်ဦးက “ နိုင်ငံရေးအမှုနဲ့ ကွင်းလုံးကျွတ်လွတ်လာတာက အတော်ရှားပါတယ် အခုဆိုရင် ပြန်ဖမ်းခံရတာများနေပြီပေါ့ နိုင်ငံရေးမှုမှာ တော်တော်များများကို ၅၀၅ အရင်ကပ် ပြီးရင် ၅၀ (ည) မဟုတ်ရင် ၅၂ ကပ်ပြီး အနည်းဆုံး ၇ နှစ်၊ ၉ နှစ်ကျတယ်၊ ၁၂ နှစ်ကျတယ် အများကြီးပေါ့ ကလေးမြို့မှာ ၅၀၅ ကို ၂ နှစ်ဘဲချပေမယ့် ၅၀၅ သမားတွေကို နောက်မှုကပ်တာများတယ် ဒါပေမယ့်…