Headlines

ကန်ပက်လက်နဲ့မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံလုပ်နေ

ဧပြီလ ၂ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့ပေါ် ကနေရာတချို့ကို စစ်ကောင်စီက ဒီကနေ့ ဧပြီလ ၂ ရက်နေ့ နေ့လည်ချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကာ ၊လူနဲ့အိမ်ထိခိုက်မှုအခြေအနေမသိရသေးကြောင်း မင်းတပ်မြို့ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။ ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်လောက်မှာ ကန်ပက်လက်မြို့တနေရာကိုလေကြောင်းကနေ တိုက်ခိုက်ခဲ့သလို မင်းတပ်မြို့ပေါ် တစ်နေရာကိုလည်း ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်သတင်းတွေ ဖော်ပြနေတဲ့ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။ ကံကြီးရွာက စစ်ကောင်စီစစ်ကြောင်းတွေလည်း မင်းတပ် – ဆော – ကျောက်ထုလမ်းဆုံ ဘက်ကို ရောက်နေပြီး စခန်းအထိုင်ချဖို့ ပြင်ဆင်လာနေတယ်လို့လည်း မင်းတပ်ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။ လက်ရှိတိုင်းနဲ့ပြည်နယ်တချို့မှာ…

Read More

မင်းတပ်မြို့ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူတွေအထူးသတိထားဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

ဧပြီလ ၂ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့လို့ပြည်သူတွေအထူးသတိထားဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လူသူထိခိုက်ဒဏ်ရာရရှိမှုကတော့ မရှိခဲ့ကြောင်းနဲ့ မြို့ပေါ်နေပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားဖို့ကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။ လက်ရှိတိုင်းနဲ့ပြည်နယ်တချို့မှာ ငလျင်ဒဏ်ကြုံနေရချိန် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်တဲ့အချိန်မှာလည်း စစ်ကောင်စီက အခုလို လေကြောင်းကနေ တိုက်ခိုက်တာတွေ တောက်လျောက်လုပ်နေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁ ရက်အထိ ငလျင်ဒဏ်ကြောင့် သေဆုံး ၂၇၁၉ ဦးထိရှိပြီး၊…

Read More

ZFU / PDF Zoland ဟာစစ်ရေးအတွေ့အကြုံများနဲ့ အတူ အားကောင်းပြီး စနစ်ကျလာတဲ့ တပ်စုဖွဲ့မှုပုံစံဖြစ်လာနေပြီလို့ထုတ်ပြန်

မတ်လ ၃၁ ရက်။ ZFU / PDF Zoland ဟာ ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့ တစ်ရပ်အနေဖြင့် စစ်ရေးအတွေ့အကြုံများနဲ့ အတူ အားကောင်းပြီး စနစ်ကျလာတဲ့ တပ်စုဖွဲ့မှုပုံစံဖြစ်လာနေပြီလို့ ZFU / PDF Zoland တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် မတ်လ ၃၀ ရက်စွဲနဲ့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ZFU/PDF Zoland ကထုတ်ပြန်ပါတယ်။ ၄ နှစ်တာကာလအတွင်း လမ်းပြပို့ဆောင်တဲ့ ဘုရားသခင်နဲ့ တော်လှန်ရေးခရီးတစ်လျှောက် အားပေးထောက်ခံတဲ့ ပြည်သူလူထုတစ်ရပ်လုံးပေါ် ကျေးဇူးတင်ရှိတဲ့ကြောင်းနဲ့ ဒီမိုကရေစီရရှိရေးအတွက် တော်လှန်ရေးအတွင်း အသက်ပေးသွားတဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း လေးစားဂုဏ်ပြုကြောင်းနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံဝန်ထမ်းတွေ ခြေလက်အင်္ဂါဆုံးရှုံးသူတွေ ပိုင်ဆိုင်မှုဆုံးရှုံးသူများအားလုံးကိုလည်း လေးစားအသိမှတ်ပြုတယ်လို့ ZFU/PDF Zoland က ထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်အဆင့်…

Read More

ဟားခါးမြို့မှာ မီးမလာတာ ၅ ရက်ရှိလာပြီဖြစ်ပြီး မီးသွေးဈေးနှုန်းတွေ အဆမတန်မြင့်တက်

မတ်လ ၂၇ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမှာ မီးမလာတာ ၅ ရက်ရှိလာပြီဖြစ်ပြီး မီးသွေးဈေးနှုန်းတွေ ၂ သောင်းခွဲကနေ သုံးသောင်းဝန်းကျင်အထိ ဈေးတက်သွားတယ်လို့ ဟားခါးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့နေ ဒေသခံတစ်ဦးက “မီးမလာတာက ၅ ရက်လောက်တော့ ရှိတော့မယ် အခုတလော မီးမလာတော့ မီးသွေးဈေးက ၂၅၀၀၀ လောက်ကနေ ၃၀၀၀၀ ဝန်းကျင်လောက်ရှိတော့မယ် မီးမလာတော့ မီးသွေးခတွေ ဈေးတက်တယ် ဟားခါးမှာ ကုန်ဈေးနှုန်းက သိတဲ့အတိုင်း အကုန်ဈေးကြီးနေတာပေါ့” လို့ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူစရိတ်တွေကြောင့် ဟားခါးမှာ ကုန်ပစ္စည်းဈေးနှုန်းတွေလည်း တနေ့ပြီးတစ်နေ့ ဈေးတက်လျက်ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မီးသွေးတစ်အိတ်ကို ၂၂၀၀၀ ဝန်းကျင်ကနေ အခုလို မီးပျက်တာရက်ပိုင်းအကြာမှာ ကုန်ဈေးနှုန်းတွေထပ်မြှင့်တက်တာလို့လည်း သိရပါတယ်။ အခုတလောဟားခါးမြို့မှာ ဖုန်းလိုင်းတွေလည်း…

Read More

ဇိုတုန်ဒေသအတွင်း ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေသာ ကိုင်ဆောင်ခွင့်ရှိတဲ့ မောင်းပြန်သေနတ်ကဲ့သို့ သေနတ်တွေ ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးတာတွေ လုပ်တော့မယ်လို့ အသိပေး

မတ်လ ၂၆ ရက်။ စစ်ကောင်စီ ကင်းစင်ပြီးဖြစ်တဲ့ချင်းပြည်နယ်၊ ဇိုတုန်ဒေသအတွင်း လက်နက်ကိုင်ဆောင်ခြင်းနဲ့ပက်သက်ပြီး စည်ကမ်းသတ်မှတ်ချက်တွေ ပြဌာန်းထားပြီးဖြစ်လို့ ပြည်သူတွေအနေနဲ့ မောင်းပြန်သေနတ်၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုလိုမျိုး သေနတ်တွေ ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးတာတွေ လုပ်တော့မယ်လို့ CDF – Zotung တပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။ ဇိုတုန်ဒေသအတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ချင်းထုံစံအတိုင်း အမဲလိုက်ရာမှာ အသုံးပြုတဲ့ ရိုးရာတူမီးသေနတ်၊ နှစ်လုံပြူးသေနတ်၊ ခါးချိုးသေနတ်နဲ့ လေသေနတ်တွေသာ ကိုင်ဆောင်ခွင့်ရှိပြီး အခြားမောင်းပြန်သေနတ် ၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုလိုမျိုး သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်တွေကိုတော့ ကိုင်ဆောင်ခွင့်မရှိတာကြောင့် ကိုင်ဆောင်ခြင်းမပြုကြရန် CDF – Zotung ကဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီကိုတော်လှန်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ဇိုတုန်ဒေသကို ဖြတ်သန်းသွားလာလိုပါက…

Read More

ဂန့်ဂေါမြို့နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာစခန်းထိုင်ပြီး တောင်ပေါ်ဒေသနဲ့ မြေပြန့် ချိတ်ဆက်တဲ့ လမ်းတွေကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားလာတယ်လို့ CNF ပြော

မတ်လ ၂၅ ရက်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က အဓိကကျတဲ့ လမ်းလေးခုဆုံရာ ရှောက်ပင်အောင်မြင်ရွာမှာ စစ်တပ်ဘက်က ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကစလို့ စစ်ကြောင်းထိုးလာပြီး အမာခံ ဘန်ကာတွေဆောက်ကာ စခန်းထိုင်တာတွေဟာ တောင်ပေါ်နဲ့ မြေပြန့် စစ်ရေးချိတ်ဆက်ပြီး လမ်းမကြီးတွေကို ပြန်လည်ထိန်းချုပ်ချင်လို့ အခုလိုလုပ်လာတာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ ေ ပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “တောင်ပေါ်နဲ့ မြေပြန့်မြေပြင်စစ်ရေးချိတ်ဆက်ပြီး လမ်းမကြီးတွေကို ပြန်လည်ထိန်းချုပ်ချင်တယ် အဓိက နယ်မြေစိုးမိုးရေးပေါ့ အခုလိုလုပ်တာက ကုန်စည်စီးဆင်းမှုတွေကို ကန့်သတ်လာနိုင်တယ်၊ သူတို့လုပ်နေကျ ဖြတ်လေးဖြတ် ဗျူဟာကို တနည်းတဖုံ အထောက်အကူပြုအောင်ပေါ့ ၊ ပြည်သူက နစ်နာမယ်၊ သူတို့က အခွန်ရမှာပေါ့”…

Read More

စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထန်ရဲ့ အိမ်၊ ခြံ ၊ မြေအားလုံးကို အပြီးသိမ်းဆည်းလိုက်ပြီလို့ CDF – Thantlang ထုတ်ပြန်

မတ်လ ၂၄ ရက်။ စစ်ကောင်စီအဖွဲ့ဝင်၊ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာမှုထန်ရဲ့ အိမ်၊ခြံ၊မြေအားလုံးကို Chinland Defense Force – Thantlang (CDF – Thantlang) က အပြီးပိုင်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ CDF – Thantlang က အမိန့်ပြန်တမ်းကိုထုတ်ပြန်ပါတယ်။ ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာမှုထန်ဟာ ထန်တလန်မြို့တစ်ခုလုံးကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ကိုအားပေးသူ၊ ပြည်သူလူထုပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်သူ၊မတရားအာဏာသိမ်းထားတဲ့ စစ်တပ်ကဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး ဖြစ်တဲ့အတွက် ၎င်းပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ ၊ မြေအားလုံးကို အပြီးသိမ်းဆည်းတာလို့ CDF – Thantlang က ထုတ်ပြန်ထားပါတယ်။ CDF – Thantlang ထိန်းချုပ်နယ်မြေမှာရှိတဲ့…

Read More

CDF CDM SIYIN ထိန်းချုပ်နယ်မြေအတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ အသိပေးထုတ်ပြန်

မတ်လ ၂၄ ရက်။ စစ်ရေးအရ CDF CDM SIYIN ထိန်းချုပ်နယ်မြေအတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဆိုင်ကယ်၊ အိမ်စီးကာ၊ ခရီးသည်ယာဉ်၊ ဘာသာရေးယာဉ် နဲ့ ကုန်တင်ကား ဘယ်လိုယာဉ်မှ ဖြတ်သန်းခြင်းမလုပ်ဖို့ CDF CDM SIYIN က ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။ မဖြစ်မနေအရေးပေါ်ကိစ္စရှိခဲ့ရင်လည်း သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားပြီးမှ သာလျှင် ဖြတ်သန်းသွားလာကြဖို့ကိုလည်း CDF CDM SIYIN က အသိပေးထားပါတယ်။ CDF CDM SIYIN တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့ နဲ့ ဖလမ်းမြို့ကို သွားတဲ့ အဓိက ကားလမ်းမကြီးဖြစ်တဲ့ ကလေး…

Read More

စစ်ကိုင်းဖိုရမ်(စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီထုတ်ပြန်

မတ်လ ၂၄ ရက်။ စစ်ကိုင်းဖိုရမ်(စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများအပေါ် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်ကို မတ်လ ၂၄ ရက်မှာထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများအပေါ်ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်မှာ၁။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့်၊ယခင် ကလေးမြို့ပြည်သူလူထုသပိတ်ကော်မတီ စတင်ဖွဲ့စည်းခဲ့စဉ်က အတည်ပြုခဲ့သော ၊ ပင်မကြွေးကြော်သံ ဖြစ်သည့်(၁) စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ပပျောက်ရေး၊(၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးတိုင် ဖျက်သိမ်းရေး၊(၃)ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ် ပေါက်ရေး ၊(၄)အရပ်သား အစိုးရ ပေါ် ထွန်းရေး တို့ကို ကလေးဒေသခံမိဘပြည်သူတရပ်လုံးနှင့်အတူ ယနေ့အထိ စွဲကိုင်ချီတက်လျက်ရှိ ကြောင်း၊၂။ ကျွန်ုပ်တို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီသည်အရပ်သားပြည်သူပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံကာလ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုးတက်ဖြစ်ထွန်းနေသော…

Read More

ကလေးမြို့မှာ PDFတပ်ဖွဲ့ကနေ ရန်ပုံငွေတွေကို ယူပြေးပြီး ပျူစောထီးထဲဝင်သွားသူတစ်ဦး ကိုယ့်ကိုယ်ကိုသတ်သေခဲ့တယ်လို့သိရ

မတ်လ ၂၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )ကနေ ရန်ပုံငွေတွေ ကျပ်သိန်းတထောင်ဝန်းကျင်ခန့် ယူပြေးပြီး စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့ထဲဝင်သွားတဲ့ ကျော်ကြီး (ခ) ဂန်းကျော်ကြီး ဟာ မတ်လ ၂၁ ရက်နေ့ည ၈ နာရီလောက်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကျော်ကြီး (ခ) ဂန်းကျော်ကြီးဟာ PDF ထဲကနေ ရန်ပုံငွေတွေခိုးပြီးမှ ပျူစောထီးအဖွဲ့ထဲကို ဝင်သွားတာဖြစ်ပြီး ကလေးမြို့ မင်္ဂလာဥယျာဉ် ဘုန်းကြီးကျောင်းထဲမှာ မတ်လ ၂၁ ရက်နေ့ညက ကိုယ့်ကိုယ်ကို သတ်သေသွားတာဖြစ်တယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ မင်္ဂလာဥယျာဉ်ဘုန်းကြီးကျောင်းက မဘသကျောင်း ဟုတ်တယ် ပျူတွေက အဲနားတဝိုက် ကျက်စားကြတယ် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သူလဲ အဲဒီဘုန်းကြီးကျောင်းထဲမှာဘဲ…

Read More