စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးမြို့နယ် သံဖိုရွာနဲ့ ကျော်ရွာက ဒေသခံ စုစုပေါင်း ၁၀ ဦး သေဆုံးကြောင်းသိရ
ဖေဖော်ဝါရီလ ၁၅ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာ ရှိတဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ သံဖိုရွာနဲ့ ကျော်ရွာကို ယမန်ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁၀ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “သံဖိုနဲ့ကျော်ရွာ ဗုံးကြဲတယ် တစ်ရွာကို ပြည်သူ ၅ ယောက်စီ ဗုံးထိပြီးတော့ သေဆုံးတယ်လို့ပြောတယ် ဝက်တစ်ကောင်ရောသေတယ် ကျားမ၊ အသက်အရွယ်တွေတော့ မသိရသေးဘူး” လို့ပြောပါတယ်။ ချင်းလူမျိုးတွေ နေထိုင်တဲ့ သံဖိုကျေးရွာကို စစ်ကောင်စီဗုံးကြဲလို့ တစ်အိမ်ထဲနေ မြေးအဖိုးနှစ်ယောက်စလုံး ပွဲခြင်းပြီးသေဆုံးခဲ့ရပြီး အဖိုးဖြစ်သူက ဦးခေါင်းပြတ်ထွက်သွားကာ သေဆုံးခဲ့ရပြီး နေအိမ်အတွင်း ဗုံးစထိမှန်သူတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီအခြေအနေ သိရှိသူ ဒေသခံတွေဆီကနေ သိရပါတယ်။ “ ကလေး ၂…

