Headlines

ဖလမ်းမြို့နယ်မှာဖြစ်ပွါးတဲ့ ချင်းလက်နက်ကိုင်အဖွဲ့များ ပဋိပက္ခဖြစ်စဥ်မှာ ပါဝင်မှုမရှိကြောင်း အညာညီနောင် (BNRA-GZA) နဲ့ Yaw Army တို့က အသီးသီးထုတ်ပြန်

ဇူလိုင်လ ၁၄ ရက်။ ဇူလိုင်လအတွင်း ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ CDF-Hualngoram, CNF/CNA နှင့် CNO/CNDF တို့၏ လက်နက်ကိုင်အဖွဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း အညာညီနောင် (BNRA-GZA) အနေဖြင့် ပါဝင်မှု လုံးဝ မရှိကြောင်းနှင့် Yaw Army အနေနဲ့လည်း ဝင်ရောက်စွက်ဖက်တာမရှိကြောင်း ဇူလိုင်လ ၁၃ ရက်နေ့က အညာညီနောင်ဖြစ်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ( BNRA / Generatoion Z Army (GZA))နဲ့ Yaw Army တို့က အသီးသီးထုတ်ပြန်ထားပါတယ်။ ဇွန်လတွင် CNO/CNDF မှ စီစဉ်သည့် စနိုက်ပါသင်တန်းသို့ အညာညီနောင် (BNRA-GZA) မှ သင်တန်းသားအချို့ စေလွှတ်ခဲ့ပြီး ယခုအခါတွင် လတ်တလောပဋိပက္ခများကြောင့် တပ်တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။…

Read More

ချင်းစည်းလုံးညီညွတ်ရေးအတွက် အချက် ၄ ချက်ကို Chin Civic Movement – CCM မှ မေတ္တာရပ်ခံ

ဇူလိုင်လ ၁၃ ရက်။ နိုင်ငံရေးအကြပ်အတည်းများနှင့် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နေရသည့် အချိန်အခါတွင်ချင်းတော်လှန်ရေး အင်အားစုအချင်းချင်းအကြား သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းလာကြခြင်းသည် ချင်းတစ်မျိုးသားလုံးအတွက် အလွန်ကြီးမားသော စိတ်နှလုံးကြေကွဲ ဖွယ်ရာ ဖြစ်ရပ်ပင်ဖြစ်ကြောင်း၊ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအတွက် အချက် ၄ ချက်ကို ချင်းအရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားတဲ့ Chin Civic Movement – CCM အဖွဲ့မှ မေတ္တာရပ်ခံပန်ကြားစာကို ဒီကနေ့ဇူလိုင်လ ၁၃ ရက်မှာထုတ်ပြန်ထားပါတယ်။ CCM အဖွဲ့မှ ချင်းအရပ်ဘက် အသံများကို စုစည်း၍ အောက်ပါအချက် ၄ ချက်ကို- ၁။ ချင်းတော်လှန်ရေးအင်အားစု ညီအစ်ကိုများအကြား စစ်ရေးပဋိပက္ခများသည် ကျွန်ုပ်တို့၏ တော်လှန်ရေးအင်အားကို ချိနဲ့စေရုံသာမက ပြည်သူလူထု၏ နှလုံးသားအား ကုစားမရနိုင်သော ဒဏ်ရာများကို ဖြစ်ပေါ်စေပါသည်။ ဤအခြေအနေတွင် ကျွန်ုပ်တို့…

Read More

ချင်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်တွေကို ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေး အကြောင်း တရားဒေသနာဟောကြားပေးဖို့ CPRI က မေတ္တာရပ်ခံ

ဇူလိုင်လ ၁၂ ရက်။ ချင်းခရစ်ယာန်ဓမ္မအမှုတော်ဆောင် တွေအနေနဲ့ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေး အကြောင်း ဦးတည်တဲ့ တရားဒေသနာ ဟောပေးကြဖို့ကိုအမေရိကန်နိုင်ငံက Chin Peace and Reconciliation Initiatives ( CPRI ) အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ မေတ္တာရပ်ခံပန်ကြားလိုက်ပါတယ်။ လက်တလောမှာ ချင်းလူမျိုးနွယ်စုအချင်းချင်းကြား ပဋိပက္ခတွေကြီးထွားပြီး သွေးထွက်သံယို အခြေအနေမျိုးမှာ ရှိနေတာကြောင့် ချင်းခရစ်ယာန် ဓမ္မအမှုတော်ဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စည်းလုံးမှု ဘက်ကို ဦးတည်တဲ့ တရားဒေသနာဟောကြားပေးဖို့ CPRI ကနေ တောင်းဆိုထားပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေကြား အငြင်းပွားဖွယ်ဖြစ်စေနိုင်တဲ့ အွန်လိုင်းပေါ် တင်တာတွေ လုပ်တဲ့သူတွေ အနေနဲ့လည်း မတင်ကြတော့ဖို့ ပြည်သူလူထုကို မေတ္တာရပ်ခံပေးဖို့ကိုလည်း ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တွေဆီကို CPRI က…

Read More

ကလေးမြို့မှာ ၁၁ နှစ်အရွယ် ကျောင်းသား တစ်ဦး နေအိမ်မှာ လေ့ကျင့်ခန်း လုပ်ရင်း မတော်တဆ ဖြစ်ပြီး သေဆုံး

ဇူလိုင်လ ၁၂ ရက်။ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ကလေးမြို့ ကြုံ့သုံးပင်ရပ်ကွက်မှာ နေထိုင်ပြီး Victory Learning Center ကိုယ်ပိုင်ကျောင်း မှာ Grade-4 တက်ရောက် နေတဲ့ အသက် ၁၁ နှစ် အရွယ် Tg Khual Geel Tung (Tungpi) ဟာ နေအိမ်မှာ လေ့ကျင့်ခန်း လုပ်ရာ ကနေ မတော်တဆ ဖြစ်ပြီး သေဆုံးသွားတယ် လို့ VLC ကိုယ်ပိုင်ကျောင်း တာဝန်ခံများ ထံမှ သိရှိရပါတယ်။ “အမှုကတော့ ကျောင်းပြင်ပမှာ ဖြစ်တာပါ။ ကျောင်းဆင်းပြီး အိမ်ပြန်ရောက်တော့ သူ ပုံမှန် လုပ်နေကြ လေ့ကျင့်ခန်းတွေ လုပ်ရင်း မတော်တဆ ဖြစ်ခဲ့တာပါ။…

Read More

ဟားခါးမြို့နယ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအများအပြားကို ပို့ဆောင်ခဲ့တဲ့ တာဝန်ခံ လာရောက်အဖမ်းခံကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၅)မှ ထုတ်ပြန်

ဇူလိုင်လ ၁၂ ရက်။ ဇူလိုင်လ ၈ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ CDF-Hakha တပ်ဖွဲ့မှဖမ်းဆီးရမိခဲ့တဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် စိတ်ကြွဆေးပြား (၃)သန်းခန့်၊ ဘိန်းဖြူ (၁၁၀) ကီလိုဂရမ်ခန့်ကို တာဝန်ခံ ပို့ဆောင်ခဲ့ကာ ထွက်ပြေးလွတ်မြောက်နေတဲ့ ကျော်မင်းဇော်(ခ) ကိုပုတီးဟာ ဒီကနေ့ ဇူလိုင်လ (၁၂)ရက်နေ့ မှာ ဆားလင်းကြီးမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုဖိုးလုံးထံ ဆက်သွယ်ပြီး လာရောက် အဖမ်းခံခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁၅) တပ်ရင်း SSTF က ဒီကနေ့ ဇူလိုင်လ ၁၂ ရက်မှာသတင်း ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ (၈)ရက်နေ့မှာ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၅)…

Read More

ချင်းပြည်သစ်ကွန်ဂရက် ပါတီ (NCC) ကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြု

ဇူလိုင်လ ၁၁ ရက်။ ဇူလိုင်လ ၁၀ ရက်နေ့မှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress (NCC)) ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားလိုက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာများရဲ့ ဖော်ပြချက်များအရ သိရှိရပါတယ်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) ကို မှတ်ပုံတင်ခွင့်ပြုကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ကြေညာချက် အမှတ် (၂/၂၀၂၅) ဖြင့် ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုတယ်လို့ ဖော်ပြထားကာ NCC ပါတီ ရဲ့ ပါတီမှတ်ပုံတင် အမှတ်ဟာ(၅၇) ဖြစ်တယ်…

Read More

CNA,HPO/CDF – Hualngoramနဲ့ CNO/CNDF တို့အကြား စစ်ရေးပဋိပက္ခတွေ ရပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဖို့ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ သဘောထားထုတ်ပြန်

ဇူလိုင်လ ၁၁ ရက်။ လက်တလောဖြစ်ပွားနေတဲ့ ချင်းအမျိုးသားတပ်ဦး CNA , HPO/CDF – Hualngoram နဲ့ CNO / CNDF အကြား စစ်ရေးပဋိပက္ခတွေ ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းကြဖို့ တော်လှန်ရေးမှာပါဝင်တဲ့ ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေက ထုတ်ပြန်တဲ့ကြောင်း ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ Chinland Parliament က ဖော်ပြထားပါတယ်။ ချင်းတစ်မျိုးသားလုံး စုစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ ( CNC) အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေး တစိုက်မတ်မတ်ဆောင်ရွက်နေတဲ့ ကာလဖြစ်သည်နဲ့အညီ ချင်းလက်နက်ကိုင် အဖွဲ့အစည်းများအပါအဝင် ချင်းပြည်တစ်ရပ်လုံး ပူးပေါင်းပါဝင်ဖို့ကိုလည်း တိုက်တွန်းကြောင်း Chinland Parliament ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် စစ်အာဏာရှင်အပြီးတိုင်ချေမှုန်းရေးအတွက် ချင်းတော်လှန်ရေး အင်အားစုတွေ အသက်သွေးချွေးပေးဆပ်လျက် တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေတဲ့…

Read More

ရိခေါဒါရ်မြို့ကနေ CNO / CNDF တပ်ဖွဲ့ပြန်ဆုတ်ခွါသွားကြတယ်လို့ သိရ

ဇူလိုင်လ ၁၁ ရက်။ အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ရိခေါဒါရ်မြို့ကနေ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) တပ်ဖွဲ့တွေ ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာဘဲ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ HPO/CDF – Hualngoram တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ HPO/CDF – Hualngoram တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “လက်ရှိအခြေအနေမှာ ကျနော်တို့ဘက်ကနေပြီးတော့ ရှင်းလင်းရေးတွေ လုပ်နေတာတွေရှိတယ် သူတို့ ( CNO/CNDF) တွေ ဆုတ်ခွာသွားပြီလို့ သိရတယ် ဒါပေမယ့် အပြီးပိုင်စွန့်ခွာသွားတာမျိုးတော့ ဖြစ်မယ်လို့တော့ ကျနော်တို့ မထင်ဘူး ၁၀၀ ရာခိုင်နှုန်းဆုတ်တယ်လို့တော့ ကျနော်မပြောချင်သေးဘူး။ညှိနှိုင်းမှုကလည်း ရလဒ်ကမပေါ်လာသေးဘူးပေါ့နော် ေဆွးနွေးနေဆဲကာလ ဖြစ်တယ် ကျနော်တို့ဘက်ကလည်း စစ်ရေးအရ ဖိအားပေးနေတယ် စစ်ရေးဘက်ကနေလည်း လိုအပ်တာတွေလုပ်နေတယ် ကျနော်တို့နယ် ကျနော်တို့မြို့…

Read More

ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ခြင်းမရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်

ဇူလိုင်လ ၁၀ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း CDF-Hakha တပ်ဖွဲ့မှ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးများနှင့် ပတ်သက်ခြင်းမရှိကြောင်း ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းက ဒီကနေ့ ဇူလိုင်လ ၁၀ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တပ်ရင်း ၁၅ တပ်ရင်းမှုး ကိုဖိုးသောင်းရဲ့ လက်မှတ်ဖြင့် ရဲဘော် လေးဦး၊ သေနတ် ၂လက်၊ ကား ၂စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာ‌ ပေးအပ်ခဲ့သည်မှာ မှန်ကန်မှုရှိကြောင်း၊မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြခြင်းဟာ ရဲဘော်တွေရဲ့ပုဂ္ဂလိကလုပ်ရပ်သာဖြစ်ပြီး ၎င်းတို့ အဖွဲ့အစည်းနှင့် ပတ်သက်ခြင်းမရှိကြောင်း အဆိုပါဖြစ်စဉ်အတွင်း ပါဝင်ပတ်သတ်သူများကိုလည်း စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များလည်း ဆောင်ရွက်နေပြီး ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိတဲ့ ၎င်းတို့အဖွဲ့တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့နယ်၊ ဗားတံတားသို့ ဖေါက်ခွဲရေးပစ္စည်းများ သွားရောက်ပို့ဆောင်ရန် စေခိုင်းခြင်းသာဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်ပါတယ်။ ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ်၊…

Read More

တော်လှန်ရေးရဲဘော် (၃) ဦးနဲ့အတူ မူးယစ်ဆေးဝါးအမြောက်အများနှင့် လက်နက်တချို့ ဖမ်းဆီးရမိခဲ့တယ်လို့ CDF – Hakha ထုတ်ပြန်

ဇူလိုင်လ ၁၀ ရက်။ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် သယ်ယူပို့ဆောင်လာသော စိတ်ကြွဆေးပြား၊ ဘိန်းဖြူအမြောက်အများနှင့် လက်နက်တွေ အပါအဝင် တော်လှန်ရေးရဲဘော် ၃ ဦး နှင့် ယာဉ်မောင်း၊ စပယ်ယာ တို့ကို ဟားခါးမြို့နယ်အတွင်း ဇူလိုင်လ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha (CDF – Hakha ) မှ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူလာသည့် စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ…

Read More