
စစ်အာဏာရှင်ဆန့်ကျင်ခြင်းကိုအကြောင်းပြပြီး ညီနောင်များကို တိုက်ခိုက်ခြင်း အပေါ် ရှုတ်ချကြောင်း ZRA-EC ထုတ်ပြန်
ချင်းအမျိုးသား တပ်ဦး (CNF) မှ စစ်အာဏာရှင်ဆန့်ကျင်ခြင်းကိုအကြောင်းပြပြီး ညီနောင်များကို လာရောက် တိုက်ခိုက်ခြင်း အပေါ် အလွန်ပင် ရင်နာမိပြီး ကိုယ့် ညီနောင်များကို သတ်ဖြတ်မှု အပေါ် ဇိုမီး တော်လှန်ရေး တပ်မတော်မှ အပြင်းအထန် ကန့်ကွက်ရှုံ့ချ ကြောင်းများ ပါဝင်တဲ့ ထုတ်ပြန်ကြေငြာချက် တစ်စောင်ကို ZRA-EC မှအောက်တိုဘာလ ၂၇ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ယင်း ကြေငြာချက်ဟာ ZRA-EC မှ အမှန်တကယ် ထုတ်ပြန်ခြင်း ဖြစ်သည်ဟုလည်း ZRA-EC နဲ့ နီးစပ်ခဲ့သူတစ်ဦးထံမှ တဆင့် Chin World Media အနေဖြင့် အတည်ပြုချက် ရရှိခဲ့ပါတယ်။ ယင်း ZRA-EC ရဲ့ ကြေငြာချက်မှာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့တွင် ဇိုရို(ZORO)ဦးဆောင်မှုဖြင့် Chin National…