Headlines

ဂန့်ဂေါမြို့နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာစခန်းထိုင်ပြီး တောင်ပေါ်ဒေသနဲ့ မြေပြန့် ချိတ်ဆက်တဲ့ လမ်းတွေကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားလာတယ်လို့ CNF ပြော

မတ်လ ၂၅ ရက်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က အဓိကကျတဲ့ လမ်းလေးခုဆုံရာ ရှောက်ပင်အောင်မြင်ရွာမှာ စစ်တပ်ဘက်က ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကစလို့ စစ်ကြောင်းထိုးလာပြီး အမာခံ ဘန်ကာတွေဆောက်ကာ စခန်းထိုင်တာတွေဟာ တောင်ပေါ်နဲ့ မြေပြန့် စစ်ရေးချိတ်ဆက်ပြီး လမ်းမကြီးတွေကို ပြန်လည်ထိန်းချုပ်ချင်လို့ အခုလိုလုပ်လာတာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ ေ ပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “တောင်ပေါ်နဲ့ မြေပြန့်မြေပြင်စစ်ရေးချိတ်ဆက်ပြီး လမ်းမကြီးတွေကို ပြန်လည်ထိန်းချုပ်ချင်တယ် အဓိက နယ်မြေစိုးမိုးရေးပေါ့ အခုလိုလုပ်တာက ကုန်စည်စီးဆင်းမှုတွေကို ကန့်သတ်လာနိုင်တယ်၊ သူတို့လုပ်နေကျ ဖြတ်လေးဖြတ် ဗျူဟာကို တနည်းတဖုံ အထောက်အကူပြုအောင်ပေါ့ ၊ ပြည်သူက နစ်နာမယ်၊ သူတို့က အခွန်ရမှာပေါ့”…

Read More

စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထန်ရဲ့ အိမ်၊ ခြံ ၊ မြေအားလုံးကို အပြီးသိမ်းဆည်းလိုက်ပြီလို့ CDF – Thantlang ထုတ်ပြန်

မတ်လ ၂၄ ရက်။ စစ်ကောင်စီအဖွဲ့ဝင်၊ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာမှုထန်ရဲ့ အိမ်၊ခြံ၊မြေအားလုံးကို Chinland Defense Force – Thantlang (CDF – Thantlang) က အပြီးပိုင်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ CDF – Thantlang က အမိန့်ပြန်တမ်းကိုထုတ်ပြန်ပါတယ်။ ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာမှုထန်ဟာ ထန်တလန်မြို့တစ်ခုလုံးကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ကိုအားပေးသူ၊ ပြည်သူလူထုပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်သူ၊မတရားအာဏာသိမ်းထားတဲ့ စစ်တပ်ကဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး ဖြစ်တဲ့အတွက် ၎င်းပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ ၊ မြေအားလုံးကို အပြီးသိမ်းဆည်းတာလို့ CDF – Thantlang က ထုတ်ပြန်ထားပါတယ်။ CDF – Thantlang ထိန်းချုပ်နယ်မြေမှာရှိတဲ့…

Read More

CDF CDM SIYIN ထိန်းချုပ်နယ်မြေအတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ အသိပေးထုတ်ပြန်

မတ်လ ၂၄ ရက်။ စစ်ရေးအရ CDF CDM SIYIN ထိန်းချုပ်နယ်မြေအတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဆိုင်ကယ်၊ အိမ်စီးကာ၊ ခရီးသည်ယာဉ်၊ ဘာသာရေးယာဉ် နဲ့ ကုန်တင်ကား ဘယ်လိုယာဉ်မှ ဖြတ်သန်းခြင်းမလုပ်ဖို့ CDF CDM SIYIN က ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။ မဖြစ်မနေအရေးပေါ်ကိစ္စရှိခဲ့ရင်လည်း သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားပြီးမှ သာလျှင် ဖြတ်သန်းသွားလာကြဖို့ကိုလည်း CDF CDM SIYIN က အသိပေးထားပါတယ်။ CDF CDM SIYIN တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့ နဲ့ ဖလမ်းမြို့ကို သွားတဲ့ အဓိက ကားလမ်းမကြီးဖြစ်တဲ့ ကလေး…

Read More

စစ်ကိုင်းဖိုရမ်(စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီထုတ်ပြန်

မတ်လ ၂၄ ရက်။ စစ်ကိုင်းဖိုရမ်(စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများအပေါ် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်ကို မတ်လ ၂၄ ရက်မှာထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများအပေါ်ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်မှာ၁။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့်၊ယခင် ကလေးမြို့ပြည်သူလူထုသပိတ်ကော်မတီ စတင်ဖွဲ့စည်းခဲ့စဉ်က အတည်ပြုခဲ့သော ၊ ပင်မကြွေးကြော်သံ ဖြစ်သည့်(၁) စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ပပျောက်ရေး၊(၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးတိုင် ဖျက်သိမ်းရေး၊(၃)ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ် ပေါက်ရေး ၊(၄)အရပ်သား အစိုးရ ပေါ် ထွန်းရေး တို့ကို ကလေးဒေသခံမိဘပြည်သူတရပ်လုံးနှင့်အတူ ယနေ့အထိ စွဲကိုင်ချီတက်လျက်ရှိ ကြောင်း၊၂။ ကျွန်ုပ်တို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီသည်အရပ်သားပြည်သူပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံကာလ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုးတက်ဖြစ်ထွန်းနေသော…

Read More

ကလေးမြို့မှာ PDFတပ်ဖွဲ့ကနေ ရန်ပုံငွေတွေကို ယူပြေးပြီး ပျူစောထီးထဲဝင်သွားသူတစ်ဦး ကိုယ့်ကိုယ်ကိုသတ်သေခဲ့တယ်လို့သိရ

မတ်လ ၂၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )ကနေ ရန်ပုံငွေတွေ ကျပ်သိန်းတထောင်ဝန်းကျင်ခန့် ယူပြေးပြီး စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့ထဲဝင်သွားတဲ့ ကျော်ကြီး (ခ) ဂန်းကျော်ကြီး ဟာ မတ်လ ၂၁ ရက်နေ့ည ၈ နာရီလောက်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကျော်ကြီး (ခ) ဂန်းကျော်ကြီးဟာ PDF ထဲကနေ ရန်ပုံငွေတွေခိုးပြီးမှ ပျူစောထီးအဖွဲ့ထဲကို ဝင်သွားတာဖြစ်ပြီး ကလေးမြို့ မင်္ဂလာဥယျာဉ် ဘုန်းကြီးကျောင်းထဲမှာ မတ်လ ၂၁ ရက်နေ့ညက ကိုယ့်ကိုယ်ကို သတ်သေသွားတာဖြစ်တယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ မင်္ဂလာဥယျာဉ်ဘုန်းကြီးကျောင်းက မဘသကျောင်း ဟုတ်တယ် ပျူတွေက အဲနားတဝိုက် ကျက်စားကြတယ် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သူလဲ အဲဒီဘုန်းကြီးကျောင်းထဲမှာဘဲ…

Read More

တောမီးလောင်ကျွမ်းမှုကြောင့် မင်းတပ် – မတူပီလမ်းက ရေပိုက်လိုင်းတွေ ပျက်စီးလျက်ရှိကာ ရေပြန်ရအောင်ကြိုးစားနေကြောင်းထုတ်ပြန်

မတ်လ ၂၂ ရက်။ တောမီးလောင်ကျွမ်းမှုတွေကြောင့် မင်းတပ် – မတူပီလမ်းတလျှောက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေ ပျက်စီးလျက်ရှိတာကြောင့် မြို့တွင်း ခေတ္တာရေပြတ်လပ်မှုတွေကို အမြန်ဆုံး ရေပြန်ရရှိအောင်ဆောင်ရွက်နေတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့်သော်လည်းကောင်း၊ သဘာဝအလျောက် တောမီးလောင်ကျွမ်းမှုတွေကြောင့် သော်လည်းကောင်း တောမီးလောင်ကျွမ်းမှုတွေ ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ပျက်စီးသွားတဲ့ မင်းတပ် – မတူပီ လမ်းတလျှောက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေကို ပြုပြင်ပြီး အမြန်ဆုံးရေပြန်လည်ရရှိနိုင်ဖို့ ဆောင်ရွက်နေကြောင်းနဲ့ မြို့ပေါ်သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေကို လမ်းသွား၊ လမ်းလာအချို့က ဓါး၊ ပုဆိန်တွေနဲ့ စည်းကမ်းမဲ့ ခုတ်ထစ်တာတွေကိုလည်း ထိရောက်စွာအရေးယူ ဆောင်ရွက်တော့မယ်လို့လည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။ ရေပိုက်လိုင်း ဖျက်ဆီးသူတွေကို တွေ့ရှိရင်လည်း တာဝန်ရှိသူတွေဆီ သတင်းပေးပို့ကြရန် နဲ့…

Read More

ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရတာ ၄ ရက်ကြာပြီးနောက် ဟားခါးမြို့မှာဖုန်း/အင်တာနက်လိုင်း ပြန်ရပြီလို့ သိရ

မတ်လ ၂၁ ရက်။ ချင်းပြည်နယ်မြို့တော်ဟားခါးမှာ မတ်လ ၁၇ ရက်နေ့ကစလို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ လုံးဝသုံးလို့မရအောင် ဖြတ်တောက်ခံခဲ့ရပြီး မနေ့ မတ်လ ၂၀ ရက်ညမှာ Atom ဖုန်း/အင်တာနက်လိုင်းပြန်ရပြီလို့ ဟားခါးမြို့နေဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ ဟားခါးမြို့ ဒေသခံတစ်ဦးက “ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေမရတာ ၄ ရက်လောက်ဖြစ်သွားတယ် တယ်လီနောလိုင်းတော့ မနေ့ညနေပိုင်းလောက်စလို့ ပြန်ရတယ် MPT လိုင်းကတော့ မြို့တွင်းမှာတော့မရသေးဘူး” လို့ပြောပါတယ်။ ဟားခါး – ထန်တလန် လမ်းပိုင်းကိုလည်း ချင်းအမျိုးသားတပ်ဦး (CNF/A) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေစိုးမိုးနိုင်ဖို့ကြိုးစားနေသလို ဖလမ်းမြို့မှာလည်း ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်ကောင်စီဘက်က စစ်ကူပို့ဖို့နဲ့ စစ်ကြောင်းထိုးတာတွေလုပ်ချင်လို့ အခုလို ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ဖြတ်တာတွေ လုပ်နေတာ ဖြစ်နိုင်တယ်လို့လည်း ဟားခါး ဒေသခံတွေအကြား…

Read More

တီးတိန်မြို့ထဲ တောမီးကူးပြီး နေအိမ်တစ်လုံး ‌မီးလောင်ကျွမ်း၊ မြို့ပတ်ဝန်းကျင် အနှံ့တောမီး လောင်ကျွမ်းနေ

မတ်လ ၂၁ ရက်။ မနေ့ မတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲ ခန့်မှာ တောမီးကနေတဆင့် မီးကူးပြီး တီးတိန်မြို့ စကောလ်လမ် ရပ်ကွက်၊ ခလရ ၂၆၉ တပ်ကုန်း အောက်ဘက်ရှိ နေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်အထိ တီးတိန်မြို့ ပတ်ဝန်း အနှံ့မှာ တောမီး လောင်ကျွမ်းလျက် ရှိကြောင်း ဒေသခံတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။ မီးလောင်ကျွမ်းသွားတဲ့ နေအိမ်ဟာ Pa That Lian Tuang နှင့် မိသားစု ၆ ဦး တို့ နေထိုင်လျက် ရှိတဲ့ အိမ် ဖြစ်တယ် လို့လည်း တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိခဲ့ရ…

Read More

တော်လှန်ရေး ၄ နှစ်တာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဟားခါးမြို့နယ်က အရပ်သားပြည်သူ ၂၃ ဦးသေဆုံးပြီး နေအိမ် ၂၆၀ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း CDF – Hakha ထုတ်ပြန်

မတ်လ ၂၁ ရက်။ တော်လှန်ရေး (၄) နှစ်တာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဟားခါးမြို့နယ်က အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး၊ နေအိမ် ၂၆၀ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ CDF – Hakha တပ်ဖွဲ့ရဲ့ ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာထုတ်ပြန်တဲ့တော်လှန်ရေး ၄ နှစ်ပြည့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ CDF – Hakha ရဲ့ တော်လှန်ရေး ၄ နှစ်တာအတွင်း ဟားခါးမြို့တွင်းနဲ့ အခြားနေရာတွေမှာ တိုက်ပွဲပေါင်း ၃၂၆ ကြိမ်ဆင်နွှဲခဲ့ပြီး တိုက်ပွဲအတွင်း CDF – Hakha ရဲဘော် ၅၂ ဦး အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၁၈၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေး ၄ နှစ်တာအတွင်း စစ်ကောင်စီရဲ့မတရားဖမ်းဆီးနှိပ်စက်ခြင်းခံနေရတဲ့…

Read More

ဖလမ်းမြို့က စစ်ကောင်စီတပ်ရင်းမှူးဒုဗိုလ်မှူးကြီးဝေလင်းထွန်း တိုက်ပွဲမှာသေဆုံးကြောင်းသိရ

မတ်လ ၂၀ ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ က စစ်ကောင်စီတပ်ရင်း (ခလရ ၂၆၈)က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ မတ်လ ၁၇ ရက်နေ့က တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တော်လှန်ရေးအဖွဲ့တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ ၂၆၈ မကျရေးအတွက် တပ်ကူတွေ မတ်လ ၁၆ ရက်နေ့ကပို့ခဲ့ပြီး နောက်တစ်ရက် မတ်လ ၁၇ ရက်နေ့မှာဘဲ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်းသေဆုံး သွားခဲ့ရတာလို့လည်း သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးပြောတာက “ ဖလမ်းကို ယခင်ရက်ပိုင်းက ဒုတိယ ဗိုလ်မှူးကြီး မင်းခန့်အောင်ဦးဆောင်တဲ့ ခမရ ၃၉၁ က တပ်ကူတွေကို ရဟတ်ယာဉ်နဲ့ ပို့်ဆောင်တယ်…

Read More