
တီးတိန်မြို့နယ်မှာ ၅ နှစ် အရွယ် စစ်ရှောင် ကလေး ချောက်ထဲကျ သေဆုံး
ဒီဇင်ဘာလ ၂၂ ရက်။ ဒီဇင်ဘာလ ၂၁ ရက်ညနေပိုင်းမှာ တီးတိန်မြို့နယ် လိုင်ဘုံ ကျေးရွာ လမ်းမကနေ အောက်ချောက်ကမ်းပါးထဲကျပြီး ၁၆ နာရီကျော် ပျောက်ဆုံးနေခဲ့တဲ့ တိုက်ပွဲများကြောင့် တီးတိန်မြို့နယ် အာလွယ်ရွာမှ လိုင်ဘုံရွာကို လာရောက်ခိုလှုံ စစ်ရှောင်နေတဲ့ မိသားစုမှ အသက် ၅ နှစ်အရွယ် ကလေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိ ကယ်တင်ခဲ့အပြီး မိနစ်ပိုင်း အတွင်းမှာ သေဆုံးသွားခဲ့တယ် လို့ ဒေသခံရွာသား များထံမှ သိရပါတယ်။ “ကလေး က သူ့ သူငယ်ချင်း နှစ်ယောက် နဲ့ ဘောလုံး ကစားရင်း လမ်းမကြီး အတိုင်း ချောင်းဘက်ရှိ ရေအားလျှပ်စစ် စက်ရုံကို သွားကြည့်ဖို့ ထွက်ကြတာ။ ဘောလုံး က…