Headlines

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဟားခါးမြို့နယ်အတွင်းရှိ ပြည်သူ့ကျောင်းအားလုံး ခေတ္တပိတ်ကြောင်းထုတ်ပြန်

အောက်တိုဘာလ ၁၄ ရက်။ ပညာရေးအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဟားခါးမြို့နယ်အတွင်းရှိ CDF – Hakha ဗဟိုကောင်စီ၊ ပညာရေးဌာန လက်အောက်က ကျောင်းတွေအားလုံးကို အောက်တိုဘာလ ၁၃ ရက်နေ့ကစလို့ ခေတ္တပိတ်ထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ မနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၀ နာရီခွဲ၀န်းကျင်က ဟားခါးမြို့နယ်၊ ဗန်ဟား ( Vanha) ကျေးရွာရှိ စာသင်ကျောင်းကို ဂျက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား (၂) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိခဲ့ပြီးနောက် CDF – Hakha ဗဟိုကောင်စီ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ Vanha ကျေးရွာက စာသင်ကျောင်းကို စစ်အုပ်စုက ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့လို့…

Read More

ဟားခါးမြို့နယ်က စာသင်ကျောင်းကို စစ်ကော်မရှင်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၃ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟား( Vanha) ကျေးရွာရှိ စာသင်ကျောင်းကို အာဏာသိမ်းမြန်မာစစ်ကော်မရှင်တပ်က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား(၂) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးက “ သေတာက ကျောင်းသား ၂ ယောက်သေတယ်လို့ ပြောကြတယ် ထိခိုက်ဒဏ်ရာရတာလည်း များတယ်လို့ ပြောတယ် အတိအကျတော့ ကျနော်လည်း မသိဘူး” လို့ပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကလေးငယ် ၂ ဦး သေဆုံးပြီးတော့ ကျောင်းဆရာမ ၁ ဦးနဲ့ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရပါတယ်” လို့ Chin World…

Read More

မတူပီမြို့ပေါ် ကို မနေ့ညက စစ်ကော်မရှင်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့သိရ

အောက်တိုဘာလ ၁၁ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ် တနေရာကို အောက်တိုဘာလ ၁၀ ရက်နေ့ မနေ့ည ၈ နာရီလောက်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ ဗုံးကြဲခံရတာ မီးသတ်ရုံးအနီးဝန်းကျင်လောက်မှာ ကြဲသွားတာလို့ပြောတယ် နောက်ပြီး လူအထိအခိုက်သေဆုံးမှုရှိတယ်လို့လည်းသိရတယ် အရပ်သားလား ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။ မတူပီမြို့ကို ချင်းညီနောင် ( CB) အဖွဲ့ဝင် MRO/CDF – Matupi က ထိန်းချုပ်ထားတာဖြစ်ပြီး မနေ့ညက စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လူထိခိုက်သေဆုံးမှုတွေနဲ့ ပက်သက်ပြီးတော့ တစုံတစ်ရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နယ်ကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ…

Read More

ချင်းပြည်နယ်မှာ လူငယ် ၃ ယောက်မှာ ၁ ယောက်က သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြရကြောင်း ကုလထုတ်ပြန်

အောက်တိုဘာလ ၁၀ ရက်။ မြန်မာနိုင်ငံရှိ လူငယ် (၇) ယောက်မှာ (၁) ယောက်နှုန်းက သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြရပြီး ချင်းပြည်နယ်မှာဆိုရင် လူငယ် ၃ ယောက်မှာ ၁ ယောက် နီးပါးကဒီလိုခံစား နေရ ကြောင်း ၊လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်မှုဟာ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် ဘက်က လူငယ်တွေမှာ ပိုအဖြစ်များတာတွေ့ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ( UNDP Myanmar) ရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံရှိ လူငယ်များစွာဟာ သူတို့ရဲ့ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းဖြစ်လာတယ်လို့ UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်…

Read More

မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က ကလေးသူငယ်တွေကို ဦးတည်တိုက်ခိုက်မှုတွေကြောင့် ကျောင်းတွေအားလုံး ခေတ္တပိတ်ထားမယ်

အောက်တိုဘာလ ၁၀ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က ကလေးသူငယ်တွေကို ဦးတည်ပြီး စာသင်ကျောင်းတွေ၊ ဘော်ဒါဆောင်တွေကို တိုက်မှုတွေကြောင့် ကြားကာလ ပြည်သူ့အခြေပြု ကျောင်းတွေ အားလုံးကို အောက်တိုဘာလ ၁၀ ရက်နေ့ကစလို့ ခေတ္တပိတ်ထားဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မင်းတပ်မြို့နယ်အတွင်းက ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာရှိ စာသင်ကျောင်းတွေကို အောက်တိုဘာလ ၈ ရက်နေ့ ညက စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကျောင်းသား ၃ ဦးနဲ့ မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း လူအထိအခိုက် သေဆုံးမှုတွေ ရှိခဲ့သလို စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။…

Read More

မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၉ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ၊ ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ မနေ့အောက်တိုဘာလ ၈ ရက်ည ၇ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထင်ချောင်းကျေးရွာက ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး၂၀ ဦး ၀န်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ ထင်ချောင်းက ကျောင်းသား၊ ကျောင်းသူ ၄ ယောက်လောက်က ပွဲချင်းပြီး သေဆုံးတယ်လို့သိရတယ် လက်ရှိ ၂၀ ဦး အထိ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ် ဝမ္မသူးဘက်က အထိအခိုက်တော့ မရှိဘူး ကျောင်းကိုကြဲတာဆိုတော့ ကျောင်းတော့ ပျက်စီးတယ်လို့ သိရတယ်” လို့ပြောပါတယ်။ စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်ထဲက…

Read More

ပလက်ဝဒေသခံ ၁ ဦးကို ULA / AA က နှစ်ပတ်ကျော်ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၇ ရက်။ အာရက္ခတပ်တော် (ULA/AA) က ဖမ်းဆီးထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒလက်မေချောင်း၊ ဒလက်စာကျေးရွာနေ( ယခင် အောက်နှုံးဘူးကျေးရွာ)နေ ခူမီး (ချင်း)လူမျိုး ဦးစနီအောင်(ခ) Beung Kang ကို ၂ ပတ်ကျော်ဖမ်းဆီးပြီး မနေ့ အောက်တိုဘာလ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝမြို့နယ် ဒလက်စာကျေးရွာနေ ဦးစနီအောင်(ခ) Beung Kang ကို ဒလက်မေကျးရွာရှိ ULA/AA နယ်မြေမှူးရုံးကို လာရောက်ဖို့ နယ်မြေမှူးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က ဆင့်ခေါ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၆ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ မနေ့က…

Read More

မြန်မာနိုင်ငံမှာ လူငယ်ကျောင်းထွက်နှုန်း အများဆုံးရှိတဲ့ ဒေသထဲ ချင်းပြည်နယ်ပါဝင်

အောက်တိုဘာလ ၆ ရက်။ မြန်မာနိုင်ငံမှာ လူငယ်ကျောင်းထွက်နှုန်း အများဆုံးရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသထဲမှာချင်းပြည်နယ်လည်း ပါဝင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar ) ရဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ဖော်ပြတဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။ အသက် ၁၈ ကနေ ၂၄ နှစ်အကြား လူငယ် လေးဦးတွင် သုံးဦး ( လူငယ် ၅ သန်းကျော်) ဟာ ပညာရေး ဒါမှမဟုတ် သင်တန်းတစ်ခုခုတွင် တက်ရောက်နေခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ကျေးလက်နေ လူငယ်တွေဟာ အတားအဆီးအမျိုးမျိုးကို ပိုမိုရင်ဆိုင်နေရပြီး တနင်္သာရီ၊ ချင်း၊ ကရင်နဲ့ စစ်ကိုင်းတို့တွင် ကျောင်းထွက်နှုန်း အမြင့်ဆုံးဖြစ်နေတယ်လို့လည်း UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။…

Read More

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဟားခါးမြို့နယ်နဲ့ တီးတိန်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၄ သောင်းနီးပါးရှိ

ေအာက်တိုဘာလ ၅ ရက်။ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ  စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲပထမအသုတ်မှာ စစ်ကော်မရှင် ထိန်းချုပ်မြို့များဖြစ်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ တီးတိန်မြို့များပါ၀င်ပြီး မြို့နယ် ၂ ခုပေါင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၉၈၉၉ ဦးရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ ဟားခါးမြို့နယ်မှာ မဲပေးနိုင်သူ ၂၇,၄၇၅ ဦး၊ တီးတိန်မြို့နယ်မှာ ၁၂,၄၄၂ ဦးရှိတယ်လို့ဖော်ပြပါတယ်။ ဟားခါးမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၉၆၉၆ ဦး ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ၂၇,၄၇၅ ဦး ရှိတယ်လို့ဖော်ပြတဲ့ အတွက် ရာခိုင်နှုန်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲကာလမဲပေးပိုင်ခွင့်ရှိသူဦးရေနှင့်ယှဥ်လျှင် ၆၉.၂၀ ရာခိုင်နှုန်းရှိနေဆဲဖြစ်ပါတယ်။ တီးတိန်မြို့နယ်မှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ…

Read More

ကန်ပက်လက်မြို့နယ် အမ်ပုံရွာ နဲ့ စံအိမ်နူးရွာကြား လမ်းပျက်စီးခဲ့လို့ ဒေသခံတွေအခက်အခဲ ကြုံနေကြရ

အောက်တိုဘာလ ၂ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အမှတ် (၅) ဒေသ အမ်ပုံရွာနဲ့ စံအိမ်နူးကျေးရွာအကြား လမ်းပိုင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့လို့ မြေပြိုပြီး လမ်းပိုင်းပျက်စီးနေတယ်လို့ အမှတ် – ၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြေပြိုပြီး လမ်းပိုင်းပျက်စီးနေတဲ့ လမ်းဟာ စံအိမ်နူး၊ ခိတော်ရွာ၊ မဆွီးတွီရွာ၊ တုံငယ်ရွာ၊ လှလောင်းပန်းကျေးရွာက ဒေသခံပြည်သူတွေ စားနပ်ရိက္ခာသယ်ယူရာမှာ အဓိကအသုံးပြုတဲ့ လမ်းပိုင်းတွေဖြစ်ပြီး အခုလို လမ်းပိုင်းပျက်စီးမှုကြောင့် ဒေသခံမိဘပြည်သူတွေ အခက်ခဲဖြစ်နေကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ အဆိုပါ လမ်းပိုင်းပျက်စီးနေမှုတွေကို အမှတ် – ၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်ပြုပြင်ရန် ကြိုးစားနေပြီဖြစ်ပြီး ရပ်နီးရပ်ဝေးရှိ မိဘပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ကိုလည်း အမှတ် – ၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

Read More