
PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ကောင်စီကမ်းလှမ်းမှုအပေါ် CNF ဘယ်လိုတုန့်ပြန်လဲ ?
စက်တင်ဘာလ ၂၇ ရက်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ လုပ်ဆောင်မှုမှန်သမျှ အယုံအကြည်လုံးဝမရှိကြောင်း၊အခုလိုစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ(EROs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ဖိတ်ခေါ်တာဟာ ရွေးကောက်ပွဲအကောင်အထည်ဖော်ချင်တာကြောင့်ဖြစ်ပြီး အဲဒါလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ လုပ်ဆောင်မှုမှန်သမျှ အယုံအကြည်လုံးဝမရှိဘူး၊ အဓိက ကတော့ ရွေးကောက်ပွဲကို အကောင်အထည်ဖော်ချင်တာပါ၊ အဲဒါလည်း ဖြစ်လာမှာ မဟုတ်ဘူး။ စစ်ဘေးနဲ့ သဘာဝဘေးကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေချိန်မှာ ရွေးကောက်ပွဲလုပ်မယ် ဆိုတာ ဘယ်လိုမှ ယုတ္တိယုတ္တာ မရှိတဲ့ လုပ်ဆောင်မှုပါ” လို့ပြောပါတယ်။…