CDF-Ngawnngam ဖွဲ့စည်းမှု CNF ပါဝင်ပတ်သက်ခြင်းမရှိကြောင်း CNF တုံ့ပြန်
မတ်လ ၃ ရက်။ Ngawn Union Council (NUC)၏ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အမှတ်စဉ် ၃/၂၀၂၅ ပါ CNF/A မှ ငေါန်ဒေသအတွင်းစခန်းချခြင်း၊စစ်သားစုဆောင်းခြင်းနှင့်CDF-Ngawnngam ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့စည်းမှုတွင်ပါဝင်ပတ်သက်ကြောင်းသတင်းထုတ်ပြန်ချက်သည် မဟုတ်မမှန်မတရားစွတ်စွဲချက်သာဖြစ်ပြီး CNF/CNA သည် CDF-Ngawnngam ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များ၏အရေးအရာများတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊မိဘပြည်သူများအနေဖြင့် ဤမဟုတ်မမှန်တဖက်သတ်စွတ်စွဲချက်များကိုနားမယောင်ကြပါရန်မေတ္တာရပ်ခံကြောင်း ချင်းအမျိုးသားတပ်ဦး(CNF )က ဒီကနေ့ မတ်လ ၃ ရက်မှာ တုံ့ပြန်သတင်းထုတ်ပြန်ပါတယ်။ CNF/A သည် ဒေသခံပြည်သူလူထု၊ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့၊ကာကွယ်ရေးတပ်ဖွဲ့များနှင့်အပြန်အလှန်ညှိနှိုင်းပြီးမှသာ စစ်ရေးနှင့်ပြည်သူ့ရေးရာများကိုအကောင်အထည်ဖော်လေ့ရှိကြောင်း၊Ngawn ဒေသခံပြည်သူလူထုမှ CNA ကို တပ်စခန်းချပေးရန် မေတ္တာရပ်ခံချက်များရှိခဲ့သော်လည်း စစ်ကောင်စီကင်းစင်သော ဤနယ်မြေအတွင်း ယနေ့အထိတပ်စခန်းချခြင်းမရှိကြောင်း ထို့ကြောင့် Ngawn Union Council (NUC)အနေဖြင့်အဖြစ်မှန်သိရှိလိုပါက မိမိတို့နှင့်တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း CNF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ချင်းပြည်နယ်၊…

