မြန်မာပြည်မှ လက်နက်ကိုင်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လှုပ်ရှားမှုနဲ့ နယ်စပ်မူးယစ်ဆေးဝါးမှောင်ခိုမှုများကို မီဇိုရမ်ပြည်နယ်လုံခြုံရေးညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေး
ဇွန်လ ၁၀ ရက်။ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့များရဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့လှုပ်ရှားမှုပြသနာများ၊ မြန်မာ – အိန္ဒိယနယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးကုန်သွယ်မှုကိစ္စများနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်လုံခြုံရေးကောင်စီ၊ ညှိနှိုင်းရေးကော်မတီရဲ့ ပထမဆုံးအစည်းဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ကိုယ်တိုင်ပါဝင်တက်ရောက်ကာ အလေးအနက်ဆွေးနွေးကြပြီးနောက် ပြည်တွင်းနယ်နိမိတ် ဝင်ခွင့်ပါမစ် (ILP) စနစ်ကို တင်းကြပ်ရန် ဝန်ကြီးချုပ်ကိုယ်တိုင်မှာကြားခဲ့ကြောင်း ဇွန်လ (၁၀) ရက်နေ့တွင် India Today သတင်းဌာနကဖော်ပြပါတယ်။ လုံခြုံရေးကောင်စီ၏ ညှိနှိုင်းရေးကော်မတီအစည်းအဝေးတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဟာ မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး ရာဇဝတ်မှုဖြစ်လာတယ်လို့ဆွေးနွေးကြပြီး ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဥပဒေ (ND&PS Act) အရ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၃၃၈ မှု၊ ၂၀၂၅ ခုနှစ် မေလကုန်အထိ အမှုသစ် ၁၁၄ မှု ရှိနေပြီဖြစ်ပြီး တရားမဝင်မူးယစ်ဆေးဝါး အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းတို့တွင် မက်သမ်ဖက်တမင်းဆေးပြား ၆၄၈ ကီလိုဂရမ်ကျော်၊ ရူပီး ၈၄ ကုဋေခန့် တန်ဖိုးရှိတဲ့ ဆေးပြားများနဲ့ ၁၅.၅ ကုဋေခန့် တန်ဖိုးရှိသော Crystal Meth (အခဲ) ၅ ကီလိုဂရမ်ကျော် ပါဝင်တယ်လို့ သက်ဆိုင်ရာကော်မတီဝင်တွေက တင်ပြခဲ့ကြပါတယ်။ အဲဒီအပြင် မီဇိုရမ်ပြည်နယ်အတွင်း ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုများမှ ကာကွယ်တဲ့ ဥပဒေအောက်ကနေ ကိုင်တွယ်ဖြေရှင်းရတဲ့ အမှုများလည်းတိုးလာသကဲ့သို့ လူကုန်ကူးတဲ့ ပြသနာဟာလည်း စိုးရိမ်စရာပြသနာတစ်ခုဖြစ်လာတယ်လို့ ဆိုပါတယ်။…

