
“၄ နှစ်အတွင်း ချင်းလူမျိုးတွေပိုင်ဆိုင်တဲ့ အိုးအိမ်တွေ ဖျက်ဆီးခံရတဲ့စုစုပေါင်းအရေအတွက်ဟာ ၅ ထောင်နီးပါးဖြစ်ပါတယ်”
( Interview with ICA ) ချင်းရေးရာအဖွဲ့ချုပ် (ICA) ကို ၂၀၂၁ ခုနှစ် မေလမှာ ဖွဲ့စည်းခဲ့ပြီး ချင်းဒုက္ခသည်များအား လူသားချင်းစာနာမှုကူညီရေး၊ ပညာရေးနဲ့ သုတေသနလုပ်ငန်းများကို ပြုလုပ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ချင်းရေးရာအဖွဲ့ချုပ် (ICA) ဟာ တကျော့ပြန် စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်အတွင်းမှာ ချင်းပြည်သူတွေရဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေးနှစ်အတွင်းမှာ ချင်းပြည်သူတွေကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သုတေသနစာတမ်းပြုလုပ်သတင်းထုတ်ပြန်ခဲ့တဲ့ ICA အဖွဲ့က Information Officer Salai Van Sui San ကို ဆက်သွယ်မေးမြန်းထားပါတယ်။ CW- မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းတာ ၄ နှစ်ရှိပြီ၊ ၄…