
ချင်းအမျိုးသားနေ့ကို နိုင်ငံရေးအနှစ်သာရ ပိုမိုပြည့်ဝအောင် ဆောင်ရွက်နေကြောင်း စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြောကြားမှုအပေါ် ဝေဖန်များရှိနေ
စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုစာတမ်းဖတ်ပွဲ၌ ချင်းအမျိုးသားနေ့အခမ်းအနားကို တစ်နှစ်နှင့်တစ်နှစ် တမူထူးခြားကောင်းမွန်ပြီး နိုင်ငံရေးအနှစ်သာရ ပိုမိုပြည့်ဝအောင် အစိုးရဌာနဆိုင်ရာ အသီးသီးမှ အမှုထမ်း၊ အရာထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုနှင့် အောင်မြင်အောင် ဆောင်ရွက်နေ ကြောင်း စာတမ်းဖတ်ပွဲမှာ အမှာစကား ပြောကြားခဲ့ မှု အပေါ် ချင်းလူမှု အသိုင်းအဝိုင်းမှ ဝေဖန်မှု များပြား နေတယ်လို့ သိရှိရပါတယ်။ ချင်းပြည်နယ် ဝန်ကြီးချုပ်ရဲ့ အမှာစကားပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး “လက်ရှိမှာ ချင်းအမျိုးသားနေ့ကို နိုင်ငံရေး အနှစ်သာရ ပိုမို ပြည့်ဝအောင် ကျင်းပ ဖို့ ဆိုတာ…