Headlines

admin

ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြဖို့ နယူးဒေလီမြို့မှာချင်းဒုက္ခသည်ကော်မတီ (CRC)က ပြင်ဆင်

ဇွန်လ ၁၆ ရက်။ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်များရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက်ဆန္ဒပြတောင်းဆိုဖို့ ချင်းဒုက္ခသည်ကော်မတီ (CRC)-နယူးဒေလီက အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသားတွေကို ဖိတ်ကြားထားပါတယ်။ ၁၉၅၁ ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာဒုက္ခသည်များနေ့သည် ၂၀၂၅ နှစ်မှာ နှစ်ပေါင်း (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပေမယ့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူအများစုကို ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် အဆင့်အတန်းအသိအမှတ်ပြုရန်ပျက်ကွက်တာ၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးကိစ္စတွေမှာ ကာကွယ်စောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီက ဆိုပါတယ်။ ဒါကြောင့် နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို UNHCR နဲ့တကွ တာဝန်ရှိသူတွေထံ တောင်းဆိုကြဖို့အတွက် ဇွန်လ…

Read More

ပလက်ဝမြို့နယ် ၊ဆမီးမြို့မှာ ဒေသခံ ကလေးမိခင်တစ်ဦးကို အမည်မသိလူတစ်စုက မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ်လို့သိရ

ဇွန်လ ၁၄ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဆမီးမြို့ အမှတ် ၃ ရပ်ကွက်၊ ပီဝရွာတွင်နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကလေးမိခင်တစ်ဦးကို မေလ ၂၃ ရက်နေ့က အမည်မသိလူတစ်စုက မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆမီးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ပီဝရွာကဒေသခံ ကလေး ၂ ဦးမိခင် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းမပေါက်ကြားဖို့ အာရက္ခတပ်တော် (AA) က တားမြစ်တာတွေ လုပ်ခဲ့တယ်လို့လည်း ဆမီးဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်နဲ့ပက်သက်လို့ ဆမီးဒေသခံတစ်ဦးပြောတာက “သူမပျောက်ဆုံးပြီး ၃ ရက်အကြာမှာ ခြေလက်တွေ ကြိုးတုတ်ထားပြီး သေနေတဲ့ အလောင်းကို ပီဝနဲ့ ကျီးဝကြားမှာ ပြန်တွေ့ကြတယ် သူမဟာ အဒေါ်အိမ်ကို အလည်သွားပြီး ပြန်လာတဲ့လမ်းမှာ…

Read More

Air India လေယာဉ်ပျက်ကျမှုမှာ အသက် ၂၀ ကျော် လေယာဉ်မယ် ကူကီး(ချင်း) လူမျိုးတစ်ဦးနဲ့ ကသည်းလူမျိုး တစ်ဦးလည်းသေဆုံးခဲ့ရ

ဇွန်လ ၁၃ ရက်။ လေယာဥ်အမှုထမ်းနဲ့ ခရီးသည်စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာတဲ့ Air India လေယာဥ် Boeing AI171 ဟာ ဇွန်လ ၁၂ရက်နေ့ က အိန္ဒိယအနောက်ပိုင်း Ahmedabad, Gujarat မှ လန်ဒန် Gatwick သွားဖို့ ပျံတက်ပြီး မကြာခင်ပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်းများဖြစ်တဲ့ မဏိပူရ်ပြည်နယ်က အသက် ၂၀ ကျော်ကူကီး(ချင်းအနွယ်ဝင်) လူမျိုးနဲ့ ကသည်းလူမျိုးဖြစ်တဲ့ လေယာဉ်မယ်နှစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။ ကူကီးကျောင်းသားအဖွဲ့အစည်း (နယူးဒေလီ) နဲ့ Yong Kuki အဖွဲ့အစည်းတို့ကလည်း ကူကီးလူမျိုးလေယာဉ်မယ် Miss Lamnunthem Singson ရဲ့မထင်မှတ်ဖွယ် သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ ကူကီးကျောင်းသားအဖွဲ့အစည်း (နယူးဒေလီ) ရဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်မှာ လေယာဉ်မယ်…

Read More

ငှက်ဖျားရောဂါကြောင့် လူသေဆုံးမှုရှိတဲ့ ပလက်ဝမြို့နယ်မှာ ကျေးရွာပေါင်း ၆၅ ရွာမှာ အိမ်တိုင်းလိုလို ငှက်ဖျားရောဂါ ဖြစ်နေကြတယ်လို့သိရ

ဇွန်လ ၁၃ ရက် ။ ပြီးခဲ့တဲ့လက ငှက်ဖျားရောဂါကြောင့် လူသေဆုံးမှုရှိခဲ့တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ပလက်ဝကောင်စီထိန်းချုပ်တဲ့နယ်မြေအတွင်းက ကျေးရွာပေါင်း ၆၅ ရွာမှာ အိမ်တိုင်းလိုလို ငှက်ဖျားရောဂါဖြစ်နေကြတယ်လို့ ပလက်ဝကောင်စီကျန်းမာရေးဌာနက တာဝန်ခံ ဒေါ်နီနီဦးကပြောပါတယ်။ ပလက်ဝကောင်စီထိန်းချုပ် ဧရိယာအတွင်း ကျေးရွာပေါင်း ၆၅ ရွာရှိပြီး လူဦးရေအားဖြင့် ၆၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။ ပလက်ဝကောင်စီ ကျန်းမာရေးဌာနက တာဝန်ခံဒေါ်နီနီဦးက “အခုလက်တလောတော့ ငှက်ဖျားအဖြစ်များနေတယ် ကျေးရွာတိုင်းနီးပါးမှာ အိမ်းတိုင်းလိုလိုမှာကိုဖြစ်နေတယ် ငှက်ဖျားဒေသဆိုတော့ ပိုဆိုးတာပေါ့ ပြီးခဲ့တဲ့လကတော့ ၅ နှစ်အောက်ကလေး တစ်ယောက်တော့ ငှက်ဖျားကြောင့် သေဆုံးတာမျိုးရှိတယ် အဲဒီတုန်းကတော့ ငှက်ဖျားလုပ်သားတွေနည်းနေသေးတော့ အခုတော့ ငှက်ဖျားလုပ်သားတွေအများကြီးမွေးထုတ်ထားပြီဆိုတော့ ရှေ့ဆက်တော့ အဆင်ပြေတော့မှာပါ ဆေးဝါးလည်း လုံလောက်ပါတယ် CHO ဖက်ကနေ အချိန်နဲ့ တပြေးညီထောက်ပံ့ပေးတယ်ဆိုတော့” လို့ပြောပါတယ်။ ပလက်ဝကောင်စီ…

Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိကြောင်း CDF-Asho ထုတ်ပြန်

ဇွန်လ ၁၃ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းမပေါ်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho )ကဒီကနေ့ ဇွန်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်း အနီး မီတာ ၁၅၀၀ ပတ်လည် နတ်ရေကန် လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက်ရေးလုပ်ဆောင်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို ဇွန်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ ၅ ရက်အတွင်း နယ်မြေရှင်းလင်းရှာဖွေ၍ ဖမ်းဆီးရမိခဲ့သလို MA –…

Read More

မြန်မာ့အရေးအပေါ် တရုတ်၊ရုရှား ဝင်ရောက်စွက်ဖက်မှုနှင့် အိန္ဒိယနယ်စပ်ပြသနာ

Chin Leader Talks Myanmar-India Ties, Junta’s Growing Ties With Russia Sui Khar, the vice-chairman of the Chin National Front (CNF), says that Myanmar’s civil war is approaching a tipping point, both within and beyond Chin State. By Karishma Hasnat June 11, 2025/The Diplomat ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဌဖြစ်သူ Dr.Sui Khar အား The Diplomatသတင်းဌာနမှ အင်တာဗျူးခဲ့ရာ အဆိုပါအင်တာဗျူးတွင် မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများ မြင့်တက်လာခြင်းနှင့်…

Read More