
ချင်းပြည်နယ်မှာ ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်စာရင်းပေးသူ ၅၅၆ ဦးအနက် ဖြေဆိုသူ ၄၀၈ ဦး ရှိပြီးတက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူအနည်းဆုံးနှစ် ဖြစ်လာ
မတ်လ ၁၈ ရက်။ မတ်လ ၁၇ ရက်နေ့ကနေ စတင်ဖြေဆိုခဲ့တဲ့၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ ချင်းပြည်နယ်မှာ ဖြေဆိုရန်စာရင်းပေးသွင်းသူ ၅၅၆ ဦးအနက် ဖြေဆိုသူ ကျောင်းသားကျောင်းသူ ၄၀၈ ဦး ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဖြေဆိုသူ ဒုတိယ အနည်းဆုံး ပြည်နယ်ဖြစ်နေကြောင်း၊ယခုနှစ်ဟာ ချင်းပြည်နယ်ရဲ့တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအနည်းဆုံးနှစ်ဖြစ်ကြောင်း၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့နေ့စဉ်စာမေးပွဲ ဖြေဆိုမှု အခြေပြ ဇယား အရ သိရှိရပါတယ်။ ဖြေဆိုရန် စာရင်းပေးသွင်းခွင့်ကို မတ်လ ၁၆ ရက်နေ့ အထိ ပေးထားခဲ့တာကြောင့် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းသူ ၅၅၆ ဦးထိ ရှိခဲ့သော်လည်း ၁၄၈ ဦး (၂၆.၆၂%) ပျက်ကွက်ခဲ့ပြီး ၄၀၈ ဦးသာ ဖြစ်ဆိုခဲ့ကြောင်း ယင်း အခြေပြ…