Headlines

admin

ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်မည့်သူတိုင်း ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာ ပြည်ပသို့သွားရောက်လုပ်ကိုင်ကြရန် အသိပေးကြေညာ

ပြည်ပနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ရည်ရွယ်ထားရင် အလုပ်အကိုင်အတွက်ထုတ်ပေးသည့် PJ passport အမျိုးအစားကို လျှောက်ထားပြီး အလုပ်သမားဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းနဲ့ အညီ ပြည်ပအလုပ်အကိုင်အလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာသွားရောက်လုပ်ကိုင်ကြဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။ ပြည်ပနိုင်ငံတွေကို အလည်ဗီဇာနဲ့ သွားရောက်လည်ပတ်နိုင်ဖို့ ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစား(PV)ကို ကိုင်ဆောင်ပြီး ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်တာတွေရှိပြီး ပြည်ပမှာအခက်ခဲ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ရင် ကူညီဖြေရှင်းပေးဖို့ အခက်ခဲများစွာကြုံရတယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက ဆိုထားပါတယ်။ ပြည်ပကို အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနမှာ အလုပ်သမားမှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာ ပြည်ပကို သွား​ရောက်လုပ်ကိုင်ကြဖို့ အလုပ်သမား ဝန်ကြီးဌာက ကြေညာပါတယ်။ OWIC ကဒ်မရှိဘဲ ပြည်ပမထွက်ခွာခင် တွေ့ရှိရင် ပြည်ပထွက်ခွာခွင့် ပိတ်ပင်နိုင်ကြောင်း ဥပဒေကို ပြဌာန်းထားကြောင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Read More

တွန်းဇံမြို့ပေါ်က CDM ဝန်ထမ်းတွေရဲ့နေအိမ်များကို CDF-Tonzang ချိတ်ပိတ်မှု အပေါ် တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ လက်မခံနိုင်ကြောင်း ထုတ်ပြန်

CDF-Tonzang တပ်ရင်း (၁) မှ တွန်းဇံမြို့ပေါ်ရှိ နေအိမ် တချို့ ချိတ်ပိတ်ရာတွင် တော်လှန်ရေးတွင် ခိုင်ခိုင်မာမာ ရပ်တည်သော ဌာနဆိုင်ရာ CDM ဝန်ထမ်း ၅ ဦးရဲ့နေအိမ်များကို ချိတ်ပိတ်မှု ပြုလုပ်ခဲ့ခြင်းကို လက်မခံကြောင်း နှင့် အမြန်ဆုံး ရပ်တန့်စေလိုကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊တွန်းဇံမြို့နယ် CDM ကော်မတီမှ ဒီနေ့ဩဂုတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ယင်း ထုတ်ပြန်ချက်ထဲမှာ CDF-Tonzang မှ ချိတ်ပိတ်ထားသည့်အိမ်များတွင် မိသားစု ဝင် တစ်ဦးဦးမှ CDF-Tonzang မဟုတ်သော အခြား အဖွဲ့အစည်း အားပေးထောက်ပံ့သည်ဟူသော စွပ်စွဲချက် နှင့် အကြောင်းပြချက်တစ်ခုတည်းဖြင့် ချိတ်ပိတ်ထားခြင်း ကြောင်း၊ ယင်းကဲ့သို့ အာဏာရှင်စရိုက် နဲ့ မထူးမခြားမင်းမဲ့စရိုက် ပြုမူဆောင်ရွက်ချက်သည် ဒီမိုကရေစီ…

Read More

AA သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နယ်အတွင်းကို ရခိုင်ပြည်ဘက်က ဒေသခံအများအပြား ဝင်ရောက်အခြေချလာတယ်လို့ သိရ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တောင်ပိုင်းပလက်ဝမြို့နယ်အတွင်း ရခိုင်ပြည်နယ်ဘက်က ဒေသခံ အများအပြား ဝင်ရောက်အခြေချ နေထိုင်မှုများလာတယ်လို့ ပလက်ဝဒေသခံတွေဆီကသိရပါတယ်။ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ဖွဲ့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်က ဒေသခံချင်းလူမျိုးအများစုဟာ နယ်နမိတ်ဆက်စပ်နေတဲ့ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာပြည်မဖက်ကို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ ပလက်ဝခရိုင် ဆမီးမြို့ဒေသခံ တစ်ဦးပြောတာက “ ကျနော်တို့က တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်လာတာ ဆိုတော့ အဲဒီဘက်က အခြေအနေတော့ အတိအကျမပြောနိုင်ဘူး။ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး ဒီလောက် ရှားပါးတာ စတာတွေကြောင့် ဒေသခံတော်တော်များများက ထွက်ပြေးတိမ်းရှောင်ကြတယ် အခုထိလည်း ထွက်လာကြတုန်းပါဘဲ”လို့ Chin World Media ကိုပြောပါတယ်။ ပလက်ဝနယ်မှာ ဆန်ကလွဲရင် တခြားစားကုန်နဲ့ ဆေးဝါး ၊လူသုံးကုန်တော်တော်များများကို မကွေးတိုင်းဘက်ကနေ ဆိုင်ကယ်တွေနဲ့…

Read More

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC)နဲ့ NUG/FSCC အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရ

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အစည်းအဝေးတက်ရောက်သူဆီက သိရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) တို့ မနေ့ သြဂုတ်လ (၁၃) ရက်နေ့ မှာ အွန်လိုင်းကနေ တဆင့် တွေ့ဆုံအစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာပါဝင်တဲ့ CDF – မတူပီ တပ်မဟာ (၁) က ပြောရေးဆိုခွင့်ရှိသူ Ko Boi UK က “ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာပါဘဲ ကျန်တာတော့ ထုတ်ပြန်ဖို့ မရှိဘူး” လို့ပြောပါတယ်။ အစည်းအဝေးကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထောင်စု…

Read More

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန်သွားပြီး ချင်းလူထုနဲ့ တွေဆုံမယ်လို့ သိရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma ဟာ အမေရိကန်နိုင်ငံ ၊Indiana ပြည်နယ် က ချင်းလူထုနဲ့ လာမည့် စက်တင်ဘာလ ၄ ရက်နေ့မှာ တွေ့ဆုံဖို့လာရောက်မယ်လို့ သိရပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma ကို Chin Community of Indiana (CCI) က ဖိတ်ကြားခဲ့တာဖြစ်ပြီး CCI က အမေရိကန်မှာရှိတဲ့ ချင်းလူမျိုးအားလုံးကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အရေးကြီးတဲ့ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ကြဖို့ကိုလည်း Chin Community of Indiana (CCI) ကြေညာထားပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhomaဟာ အမေရိကန်နိုင်ငံ Indiana က Chin Evangelical Baptish Church အသင်းတော််ကို…

Read More

ကန်ပက်လက်မြို့နယ်က ကျေးရွာ၁ ရွာကိုစစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့ အမျိုး သမီးတစ်ဦးသေဆုံး၊ ကလေး ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ် ဒါးရင်ဒူးဒေသအုပ်ချုပ်မှုနယ်မြေရှိ၊ ဆတ်ချောက်ကျေးရွာကို ယမန်နေ့ ဩဂုတ်လ ၁၃ ရက် မွန်းလွဲပိုင်း ၁ နာရီ ၄၈ မိနစ်အချိန်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၆ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကန်ပက် လက်မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။   စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး နဲ့ အသက် ၄၂ အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အသက် ၆ လနဲ့ ၁၂ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဆတ်ချောက်ကျေးရွာက စာသင်ကျောင်းကို ဦးတည်တိုက်ခိုက်ခဲ့ပေမယ့် ပစ်မှတ်လွဲချော်မှုကြောင့် ကျောင်းပတ် ဝန်းကျင်က…

Read More

ဗါးရ် – လုမ်ဘန်း အကြား ကားလမ်းပေါ် မြေပြိုတာ ပြုပြင်ဆောင်ရွက်ပြီးစီးပြီလို့ သိရ

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းက ဗါးရ် – လုမ်ဘန်း အကြား ကားလမ်းပေါ် မြေပြိုတာတွေကို ပြုပြင်ဆောင်ရွက်ပြီးစီးပြီလို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဗါးရ် – လုမ်ဘန်း ကားလမ်းပေါ် မြေပြိုတာတွေကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)  ဗဟိုကော်မတီ ညွှန်ကြားမှုနဲ့ Falam Regional Committee ကနေ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး  ပြီးခဲ့တဲ့ရက်ကဘဲ ပြုပြင်ဆောင်ရွက်မှု ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ ဗါးရ် – လုမ်ဘန်းကားလမ်းဟာ ချင်းတောင်ခြေ ကလေးမြို့ မြေပြန့်ဒေသနဲ့ ချင်းပြည်နယ်ကို ဆက်သွယ်သွားလာရာမှာ အသုံးပြုတဲ့  ကားလမ်းလည်း ဖြစ်ပါတယ်။ မိုးတွင်းကာလ လမ်းမြေပြိုကျတာတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်က…

Read More

တီးတိန်မြို့ မြို့မကက်သလစ် ဘုရားရှိခိုးကျောင်း မျက်နှာကျက်ပြိုကျမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ

ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၁၂ နာရီ ဝန်းကျင်မှာ  တီးတိန်မြို့ မြို့မ ကက်သလစ် ဘုရားရှိခိုးကျောင်းမျက်နှာကျက်(ceiling )ပြိုကျသွားတယ် လို့ ယင်းဘုရားကျောင်း ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ  ဖော်ပြချက် အရ သိရှိရပါတယ်။ “ဘုရားကျောင်း ရဲ့ တိုင်နဲ့ တန်း တချို့ အမြောက် ကျည် ထိမှန် ဖူးတယ်။ ceiling ကလည်း လေးတော့ screw တွေ က မခံနိုင်တော့ တာရယ်၊ မိုးရေ စိမ့်ပြီး အလေး ပိုလာတာရယ် ကြောင့် ပြိုကျ တာ ဖြစ်နိုင်တယ်၊လူမရှိတဲ့ သန်းခေါင်ချိန်မှာ ပြိုကျတာ ဆိုတော့ လူ အထိ အခိုက်တော့ မရှိဘူး။ St. Joseph ရုပ်တုတော်…

Read More

ခိုင်ကမ်းမြို့မှာ စစ်ကောင်စီတပ်က တစ်အိမ်တက်တစ်အိမ်ဆင်းလူစာရင်းစစ်ဆေးမှုပြုလုပ်

ဩဂုတ်လ ၁၂ ရက် နေ့လည်ပိုင်းမှာ ကလေးမြို့ဘက်မှ တက်လာသော စစ်ကောင်စီ စစ်သား ၅၀ ကျော်နဲ့ ခိုင်ကမ်း ရဲစခန်းမှ ရဲများ ပူးပေါင်းပြီး ခိုင်ကမ်းမြို့ အတွင်းတစ်အိမ်တက် တစ်အိမ်ဆင်း ဖြင့် အိမ်ထောင်စု စာရင်း နှင့် လက်ရှိ နေထိုင်သည့် လူစာရင်း စစ်ဆေးမှုများ ပြုလုပ်ကြောင်း လူဖမ်းဆီးသွားတာမရှိကြောင်း ဒေသခံများ ထံမှ သိရှိရပါတယ်။ “စစ်သားတွေ မြို့ထဲ ဝင်လာတဲ့ သတင်း ကြားတော့ လူငယ်လူရွယ်တွေ က တောထဲကို ရှောင်ပြေးခဲ့ကြတယ်။ တချို့ အိမ်တွေဆို ပိုက်စိပ်တိုက် ရှာဖွေတာတွေ လုပ်တယ်။ သေတ္တာတွေပါ ဖွင့်ပြီး စစ်ဆေး ကြတယ်။ အိမ်ထောင်စု စာရင်းရှိ လူဦးရေ နှင့် လက်ရှိ နေထိုင်တဲ့ လူကို…

Read More

ဟားခါး – ထန်တလန်ကြားက Keivangzuan တပ်စခန်းကို CDF – Hakha နဲ့ CNA က ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီတပ်သား ၁၀ ဦးသေ၊လက်နက်ခဲယမ်းများရရှိ

ချင်းပြည်နယ် ဟားခါးမြို့ နဲ့ ထန်တလန်လမ်းပေါ်မှာရှိတဲ့ Keivangzuan စစ်တပ်စခန်းကို CDF – Hakha နဲ့ CNA က ယနေ့ဩဂုတ်လ ၁၂ ရက်မနက် ၅ နာရီ ၅၅ မိနစ်တွင် စတင်တိုက်ခိုက်ကာ ၆ နာရီ ၄၀ မိနစ်တွင် စခန်းတစ်ခုလုံးကိုပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ CDF – Hakha က ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိသလို စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့လည်း CDF – Hakha ကထုတ်ပြန်ထားပါတယ်။ ဒီစစ်ဆင်ရေးကို Operation Run အမည်နဲ့ CDF –…

Read More