
ထိန်းချုပ်နယ်မြေတွေ မဆုံးရှုံးရလေအောင် ကာကွယ်စောင့်ရှောက်ကြဖို့ CDF – Kanpetlet တည်ထောင်တာ( ၄ )နှစ်ပြည့်တဲ့ဒီနေ့မှာ CDF – Kanpetlet ပြော
မေလ ၁၃ ရက်။ အသက်သွေးချွေးပေါင်းများစွာရင်းနှီးပြီး ရလာတဲ့ အောင်မြင်မှု ထိန်းချုပ်နယ်မြေတွေ မဆုံးရှုံးရလေအောင် ကာကွယ်သွားကြဖို့ ကန်ပက်လက်ပြည်သူတွေကို တိုက်တွန်းတယ်လို့ CDF – Kanpetlet တည်ထောင်တာ( ၄ )နှစ်ပြည့်တဲ့ ဒီကနေ့ မေလ ၁၃ ရက်နေ့မှာ CDF – Kanpetlet တာဝန်ရှိသူတစ်ဦးက Chin World Media ကို ပြောပါတယ်။ CDF – Kanpetlet ကတာဝန်ရှိသူတစ်ဦးက “CDF – Kanpetlet ရဲ့ ၄ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေကို သတင်းပါးချင်တာကတော့ အသက်ခန္ဓာပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို အလေးထားပြီး ခံယူချက်၊ ပန်းတိုင် မယိမ်းယိုင်ဘဲ တစိုက်မတ်မတ် ရှေ့ဆက်ဖို့ အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပြီး ရရှိလာတဲ့ အောင်မြင်မှု…