
မဏိပူရ်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ကူကီး-ဇို လူမျိုး အမျိုးသမီးတစ်ဦးသေဆုံး
ဇွန်လ ၂၀ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် မှာ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကူကီး-ဇိုလူမျိုးအမျိုးသမီးတစ်ဦး အသက်သေဆုံးခဲ့တယ်လို့ Mizoram News ကဒီကနေ့ ဇွန်လ ၂၀ ရက်မှာ ဖော်ပြပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေကြားသေဆုံးသွားသူဟာ Langchingmanbi ရွာသူကြီးရဲ့ ဇနီးဖြစ်သူ Hoikholhing ဖြစ်ပြီး ကျည်ဆံဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူမရဲ့ ရုပ်အလောင်းကို ချူရာချန်ပူရ်ခရိုင်ဆေးရုံကို ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ခရိုင်တာဝန်ရှိသူတွေက တရားခံကို ဖမ်းဆီးရနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေခြင်းမပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကူကီးအမျိုးသမီးအဖွဲ့အစည်း (KWOHR) က “ ယခုဖြစ်စဉ်ဟာ လူမျိုးရေးခွဲခြားမှုနဲ့ ကူကီးလူမျိုးအပေါ် တမင်ပစ်မှတ်ထားအကြမ်းဖက်မှုရဲ့ အသိပေးချက်အဖြစ်သတ်မှတ်ပြီး အဆိုပါအမျိုးသမီးကို Meitei စစ်သွေးကြွတွေက ပစ်သတ်တာ” လို့ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များဖိုရမ် (ITLF) က ယခုကဲ့သို့…