ချင်းလူငယ် ဖိုက်တာ Joshua Van ကမ္ဘာ့ချန်ပီယံခါးပတ် ဆွတ်ခူးခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း CNF ထုတ်ပြန်
ဒီဇင်ဘာလ ၈ ရက်။ အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ် ၊ လာစ်ဗီးဂတ်မြို့မှာ မနေ့ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ UFC ဖလိုက်ဝိတ်တန်း ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာနွယ်ဖွား ချင်းလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက်ကို အနိုင်ယူပြီး UFC ဖလိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ဆွတ်ခူးခဲ့တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF) အနေနဲ့ အထူးဝမ်းမြောက်တယ်လို့ CNF က ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းလူငယ် ဖိုက်တာ Joshua Van ဟာ UFC လောကမှာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်တဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့ ပထမဆုံး အမျိုးသားချန်ပီယံအဖြစ် အလှဆုံးသမိုင်းစာမျက်နှာသစ် ဖန်းတီးသူဖြစ်ကြောင်းနဲ့ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ၊…

