
ငှက်ဖျားရောဂါကြောင့် လူသေဆုံးမှုရှိတဲ့ ပလက်ဝမြို့နယ်မှာ ကျေးရွာပေါင်း ၆၅ ရွာမှာ အိမ်တိုင်းလိုလို ငှက်ဖျားရောဂါ ဖြစ်နေကြတယ်လို့သိရ
ဇွန်လ ၁၃ ရက် ။ ပြီးခဲ့တဲ့လက ငှက်ဖျားရောဂါကြောင့် လူသေဆုံးမှုရှိခဲ့တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ပလက်ဝကောင်စီထိန်းချုပ်တဲ့နယ်မြေအတွင်းက ကျေးရွာပေါင်း ၆၅ ရွာမှာ အိမ်တိုင်းလိုလို ငှက်ဖျားရောဂါဖြစ်နေကြတယ်လို့ ပလက်ဝကောင်စီကျန်းမာရေးဌာနက တာဝန်ခံ ဒေါ်နီနီဦးကပြောပါတယ်။ ပလက်ဝကောင်စီထိန်းချုပ် ဧရိယာအတွင်း ကျေးရွာပေါင်း ၆၅ ရွာရှိပြီး လူဦးရေအားဖြင့် ၆၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။ ပလက်ဝကောင်စီ ကျန်းမာရေးဌာနက တာဝန်ခံဒေါ်နီနီဦးက “အခုလက်တလောတော့ ငှက်ဖျားအဖြစ်များနေတယ် ကျေးရွာတိုင်းနီးပါးမှာ အိမ်းတိုင်းလိုလိုမှာကိုဖြစ်နေတယ် ငှက်ဖျားဒေသဆိုတော့ ပိုဆိုးတာပေါ့ ပြီးခဲ့တဲ့လကတော့ ၅ နှစ်အောက်ကလေး တစ်ယောက်တော့ ငှက်ဖျားကြောင့် သေဆုံးတာမျိုးရှိတယ် အဲဒီတုန်းကတော့ ငှက်ဖျားလုပ်သားတွေနည်းနေသေးတော့ အခုတော့ ငှက်ဖျားလုပ်သားတွေအများကြီးမွေးထုတ်ထားပြီဆိုတော့ ရှေ့ဆက်တော့ အဆင်ပြေတော့မှာပါ ဆေးဝါးလည်း လုံလောက်ပါတယ် CHO ဖက်ကနေ အချိန်နဲ့ တပြေးညီထောက်ပံ့ပေးတယ်ဆိုတော့” လို့ပြောပါတယ်။ ပလက်ဝကောင်စီ…