ပညာရေးအပြင်ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရတဲ့ မင်းတပ်မြို့နယ်က ကလေးငယ်များဘဝ
ရေး – DonBosco “စာသင်နေတဲ့ ကလေးတွေအတွက် ရေသန့်စက် အသေးစားလေးပဲဖြစ်ဖြစ် တကယ်ကို လိုအပ်နေပါတယ်။ အခုက ချောင်းရေကို ပိုက်နဲ့သွယ်ပြီး အဲဒီအတိုင်းပဲ တိုက်ရိုက်သောက်နေကြရတာပါ” ဒီစကားကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ခွဲလုံကျေးရွာအုပ်စုမှာရှိတဲ့ ဒေသခံကလေးငယ်တွေနဲ့ စစ်ဘေးရှောင်ကလေးငယ်တွေကို ကိုယ်ထူကိုယ်ထ စာသင်ပေးနေတဲ့ ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောကြားတာ ဖြစ်ပါတယ်။ လက်ရှိ ကိုယ်ထူကိုယ်ထ ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကျန်းမာရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးအကြောင်းကို အလေးပေး ပြောပြခဲ့တာ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိဘဲ ချောင်းရေကိုသာ တိုက်ရိုက်သောက်သုံးနေရတာကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလေ့ရှိပြီး ကျန်းမာရေးအတွက် အမြဲစိုးရိမ်နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ “သောက်ရေသန့်ကိစ္စက…

