ကလေး – ဝေဘူလ – ဖလမ်း ကားလမ်း ကို ပြုပြင်ဖောက်လုပ်ခဲ့ကြောင်းထုတ်ပြန်
ဇန်နဝါရီလ ၇ ရက်။ ကလေး – ဝေဘူလ – ဖလမ်း ကားလမ်းကို Institute of Chin Affairs ( ICA) ရဲ့ ငွေကြေးထောက်ပံ့မှုဖြင့် CNO ဒေသခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လမ်းပြုပြင်ဖောက်လုပ်မှုတွေပြုလုပ်ခဲ့ကြောင်း ဖလမ်းမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) က ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနိုင်ဖို့ ကလေး – ဝေဘူလ – ဖလမ်း ကားလမ်းကို ပြုပြင် ဖောက်လုပ်တာတွေ လုပ်ခဲ့တယ်လို့ ဖလမ်းမြို့နယ်အခြေစိုက် CNO / CNDF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO / CNDF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ…

