မလေးရှားနိုင်ငံမှာ ချင်းအမျိုးသမီးတစ်ဦးကို အကြမ်းဖက်သတ်ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိပြီလို့သိရ
ဖေဖော်ဝါရီလ ၁၇ ရက်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အိမ်မှာ အကြမ်း ဖက်အသတ်ခံလိုက်ရတဲ့ အသက် (၃၆) နှစ်ဝန်းကျင်အရွယ်ရှိ ကလေးမိခင် ချင်းအမျိုးသမီးကို သတ်ခဲ့တဲ့ တရားခံမြန်မာနိုင်ငံသားကို ဖေဖော်ဝါရီ ၁၆ ရက် နေ့လည် ၂ နာရီလောက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ Dai Community in Malaysia ရုံးက မူခင်းတာဝန်ခံ Ko Hung Naing ကပြောပါတယ်။ လူသတ်တရားခံက သူသတ်တယ်ဆိုတာ ဝန်ခံလို့ မနေ့ နေ့လည် ၂ နာရီလောက်မှာ Dai Community in Malaysia နဲ့ အစိုးရအာဏာပိုင်တွေ ပူးပေါင်းကာ တရားခံကို ဖမ်းဆီးအပ်နှံနိုင်ခဲ့တာလို့ Dai Community in Malaysia…

