ငလျင်ဒဏ်ဆိုးရွားစွာခံစားနေရတဲ့မြန်မာပြည်သူတွေအတွက် UFC ဖိုက်တာ Joshua Van က GoFundMe မှတစ်ဆင့် ရန်ပုံငွေရှာဖွေပေး
မတ်လ ၃၀ ရက်။ UFC ချင်းလူငယ်ဖိုက်တာ Joshua Van က ငလျင်ဒဏ်ဆိုးရွားစွာ ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့အပြင် GoFundMe မှတစ်ဆင့် ရန်ပုံငွေရှာဖွေပေးနေတယ်လို့ သိရပါတယ်။ https://gofund.me/3ed7e389 ဒီလင့်ခ်မှာ ဧပြီလ ၅ ရက်အထိ လှူဒါန်းနိုင် ကြောင်း UFC Fighter Joshua Van က သူ့ရဲ့ Facebook မှာ ပြောကြားထားပါတယ်။ မြန်မာပရိသတ် အများအပြားက အားပေးနေတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာမြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး လက်ရှိမှာ UFC ပြိုင်ပွဲပေါင်း (၇) ပွဲအထိ ထိုးသတ်ထားပြီး ၆ ပွဲနိုင်၊…

