Headlines

ဟားခါးမြို့မှာ ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံတဲ့ လူဦးရေ သိသိသာသာ ပိုများလာတယ်လို့ သိရ

မေလ ၂၉ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ ၂၀၂၅ – ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းတွေမှာကျောင်းအပ်နှံတဲ့ ကျောင်းသူ၊ ကျောင်းသား ဦးရေဟာ အရင်နှစ်တွေထက် သိသိသာသာ ပိုများလာတယ်လို့ ဟားခါးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့နေ ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းကနေ ကျောင်းတွေအပ်နေကြပြီ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ကျောင်းအပ်တဲ့ ကျောင်းသား၊ ကျောင်းသူ ပိုများလာတယ် ဖလမ်း၊ ထန်တလန်၊ မတူပီ စတဲ့မြို့တွေကနေ လာတက်တဲ့ ကလေးတွေ ဒီနှစ်မှာ သိသိသာသာ ပိုများလာတယ် အခုလက်ရှိ အ.ထ.က ( ၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က( ၄) တွေမှာပေါ့ နောက်ပြီး ကိုယ်ပိုင်ကျောင်းတွေမှာလည်း အများစု တက်နေကြပြီပေါ့”…

Read More

Chin Political Steering Committee (Rakhine State) demands AA release of 63 detained Chin students

May 28. The 1027 Operation has led to renewed fighting in Rakhine State, which has left all Rakhine people facing difficulties in accessing education, health care and livelihoods. The Chin people are also suffering. The Arakan Army (AA) has arrested 63 Chin youths who were working abroad to support their families and minors who were…

Read More

ဖမ်းဆီးထားတဲ့ ချင်းကျောင်းသား၊ ကျောင်းသူ ၆၃ ဦးကို AA အနေနဲ့ ပြန်လွှတ်ပေးဖို့ ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(ရခိုင်ပြည်နယ်)က တောင်းဆို

မေလ ၂၈ ရက်။ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရခိုင်ပြည်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေဖြစ်လာပြီး ရခိုင်ပြည်သူအားလုံး ပညာရေးဆိုင်ရာ လက်လှမ်းမှီခွင့်၊ ကျန်းမာရေးဆိုင်ရာ လက်လှမ်းမှီခွင့်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်လှမ်းမီခွင့် စတဲ့ အကြပ်အတည်း ရင်ဆိုင်ခဲ့ရပြီး ချင်းလူမျိုးတွေလည်း အလားတူခံစားကြရသလို မိသားစုစားဝတ်နေရေးအတွက် ပြည်မထွက်အလုပ်လုပ်မယ့် ချင်းလူငယ်တွေနဲ့ ပညာသင်ကြားရန် သွားရောက်ကြတဲ့ အသက်မပြည့်သေးတဲ့ ချင်းကျောင်းသား၊ ကျောင်းသူ ၆၃ ဦးကို အာရက္ခတပ်တော် (AA) အနေနဲ့ ဖမ်းဆီးပြီး စစ်သင်တန်း ပို့ဆောင်ခဲ့တာကို မိသားစုဝင်တွေဆီကနေ သိရပြီး သူတို့ကို ပြန်လွတ်ပေးဖို့ တောင်းဆို ကြောင်း ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC) (ရခိုင်ပြည်နယ်) က မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဠာန်းချက်(National…

Read More

ကလေးမြို့နယ်မှာ ဧဝံဂေလိ တရားဟောဆရာ တစ်ဦး မိုင်းနင်းမိလို့ ခြေထောက် တဖက် ဖြတ်တောက်ခဲ့ရကာ အကူအညီလိုအပ်နေ

မေလ ၂၇ ရက်။ မေလ ၂၆ ရက်နေ့ မနက် ၈နာရီ ခန့်မှာ ကလေးမြို့နယ် စီးစံကျေးရွာနေ ခရစ်ယာန် ဧဝံဂေလိ တရားဟော ဆရာ Evan Bawi Tlen Fai ဟာ စက္ကန့်ကျေးရွာ နှင့် စက်မှုဇုံအကြား သွားလာစဉ်မှာ မိုင်းနင်းမိတဲ့အတွက် အပြင်းအထန်ဒဏ်ရာရပြီး ခြေထောက် တဖက် ဖြတ်ခဲ့ရကာ ကလေးမြို့ပြည်သူ့ဆေးရုံမှာ ဆက်လက် ဆေးကုသမှု ခံယူနေရကာအကူအညီလိုအပ်နေတယ် လို့ ဆွေမျိုး နီးစပ်သူ တစ်ဦး ထံမှ သိရှိရပါတယ်။ “ဆရာက ဖလမ်းမြို့နယ် ဝေဘူလဘက် ရှိ ဇတွာလ် ကျေးရွာမှာ Crusade လုပ်ဖို့ အတွက် တာဟန်းက အဖွဲ့သားတွေကို ဝင်ခေါ်ဖို့ သွားခဲ့တယ်။ စက္ကန့်ကျေးရွာ အလွန်၊ စက်မှုဇုံနားရောက်တော့…

Read More

ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ကြေညာ

မေလ ၂၇ ရက်။ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွှတ်တာကြောင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေအနေနဲ့ ပါတီအမည်ဖော်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားလျက်ရှိနေတဲ့အကြောင်းနဲ့ လက်ရှိအချိန်ထိ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ အဖွဲ့ ၂၇ ဖွဲ့ရှိပြီး အဲဒီထဲကနေ ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်း စိစစ်တွေ့ရတာကြောင့် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပါတီတည်ထောင်ခွင့်ရရှိတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ခွင့််ပြုချက်ရရှိတဲ့နေ့ကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နဲ့အညီ ကော်မရှင်သို့…

Read More

ပလက်ဝမြို့နယ်က သင်းအုပ်ဆရာတစ်ပါးကို AA အရာရှိတစ်ဦးက ရိုက်နှက်ထိုးကြိတ်မှုကိုရှုပ်ချကြောင်း GKO ထုတ်ပြန်

မေလ ၂၆ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခဝဲကျေးရွာ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာတစ်ပါး၊ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးအပေါ် အာရက္ခတပ်တော်(AA )အရာရှိတစ်ဦးက အကျိုးကြောင်းမဲ့ အကြိမ်ပေါင်းများစွာ ရိုက်နက်ထိုးကြိတ်မှု ကျူးလွန်ခဲ့ခြင်းပေါ် ပြင်းထန်စွာ ရှုပ်ချတယ်လို့ Global Khumi Organization (GKO)အဖွဲ့က မေလ ၂၃ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (MBC) အသိမှတ်ပြု သိက္ခာတော်ရဆရာတော် လိုဒိန်းဟာ ပလက်ဝနှစ်ခြင်းခရစ်ယာန်အဖွဲ့လက်အောက်ရှိ ပီချောင်းနှစ်ခြင်းအသင်းတော်များ ဧရိယာ ( PBCA) ရဲ့ ဥက္ကဌလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာတော်လိုဒိန်းဟာ ခဝဲကျေးရွာကနေ ၃ နာရီခန့် ခြေကျင်သွားရတဲ့ ဆက်ချောင်းကျေးရွာမှာ လွန်ခဲ့တဲ့ ဧပြီလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ဘာသာရေးသင်တန်းပေးခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့မှာ ခဲဝဲကျေးရွာကို အပြန်…

Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားဖြစ်သူ ကိုထိန်လင်း လက်ခံ

မေလ ၂၆ ရက်။ ၂၀၂၅ ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ မှာ ကျင်းပခဲ့ကာ လူထုခေါင်းဆောင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်တဲ့ Citizen of Burma (ပြည်သူ့ဂုဏ်ရည်) ဆုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံရယူခဲ့ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရသူအဖြစ် ပြည်သူ့ဂုဏ်ရည် အသင်းက မတရား အကျဥ်းကျခံနေရတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ရန် ရွေးချယ် ခဲ့ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတစ်လျှောက်လုံး မြန်မာနိုင်ငံ နဲ့ ပြည်သူများအပေါ် ထားရှိတဲ့ အနစ်နာခံမှု၊ မေတ္တာတရား၊…

Read More

ချင်းတော်လှန်ရေးလမ်းဆုံမှ အချက်ပေးခေါင်းလောင်းသံ

ခွန်ဘီလီ ၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့တွင် မြန်မာစစ်တပ်သည် ချင်းတောင်ခြေ ကလေးမြို့မှ အနည်းဆုံး စစ်ကား ၁၅ စီးပါဝင်သောစစ်ယာဉ်တန်းဖြင့်  ချင်းတောင်တန်းများပေါ်သို့ အရေးကြီးသော စစ်ရေးတိုက်ခိုက်မှုကို စတင်ချီတက်လုပ်ဆောင်လာခဲ့ပြီး၊ လက်ရှိ ချင်းတော်လှန်ရေး အတွက် အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ချင်းပြည်နယ်၏ မြောက်ဘက်စွန်းမှ စစ်အုပ်စုတပ်များ ချီတက်လာသည့် ဤစစ်ဆင်ရေးသည် တိုက်ပွဲကွင်း တစ်ခုထက်ပိုမိုသော ရည်ရွယ်ချက်ရှိသည့် အရာဖြစ်သည်—ဤသည်မှာ ချင်းလူမျိုးများ၏ တော်လှန်ရေးခံနိုင်ရည်၊ ဒေသခံကာကွယ်ရေးတပ်များ၏ အင်အား၊ အထူးသဖြင့် ချင်းလူမျိုးများ၏ စည်းလုံးညီညွတ်မှုကို တွက်ချက်ထားသော စမ်းသပ်မှုတစ်ခု ဖြစ်သည်။ အန္တရာယ်ရှိသော ချီတက်မှု စစ်အုပ်စု၏ စစ်ရေးတိုက်ခိုက်မှု၏ အင်အားကို လျှော့တွက်မသင့်ပေ။ သို့သော် အသစ်ရရှိသော ထောက်လှမ်းရေးအချက်အလက်များအရ အင်အားကြီးမားသော စစ်တပ်အုပ်စုအဖြစ် ပေါင်းစပ်ထားပြီး တပ်အင်အားသည်…

Read More