ဖလမ်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ၁၄ ဦးသေဆုံး၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ
ဒီဇင်ဘာလ ၁၂ ရက်။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား မနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ဖလမ်းမြို့နယ် Sumhrang ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ကြပြီးတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ၁၄ ဦးသေဆုံး၊ ၁ဦး အရှင်ဖမ်းမိ ခဲ့သလို လက်နက်ခဲယမ်းအမြောက်အများကိုလည်း ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့နေ့လည်ပိုင်းအချိန်မှာဖြစ်တယ် ဝေဘူလမြို့ကနေ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ Sumhrang ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြတာ တိုက်ပွဲအတွင်း စစ်ခွေးဘက်က ၁၄ ယောက်သေဆုံးတယ် ၁ ယောက်တော့ အရှှုင်ဖမ်းဆီးရမိတယ် တိုက်ပွဲအတွင်း လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့တယ်” လို့ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ထံက ငါးကြင်းမြီး၊ ကွန်မန်ဒိုစိန်ပြောင်း၊…

