
ရန်ကုန်ကနေ ပလက်ဝမြို့နယ်ကို ပြန်လာတဲ့ ပလက်ဝဒေသခံချင်းလူငယ် ၅ ဦး ကလေးဝမြို့ရှိ စစ်တပ်ဂိတ်မှာ ဖမ်းဆီးခံရတယ်လို့ သိရ
ဧပြီလ ၃၀ ရက်။ ရန်ကုန်ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ပြန်လာတဲ့ ပလက်ဝဒေသခံ ချင်းလူငယ် ၅ ဦးဟာ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခံရတယ်လို့ နီးစပ်တဲ့သူတွေဆီကနေ သိရတယ်။ အခြေနေသိရှိတဲ့ ပလက်ဝဒေသခံတစ်ဦးက “ဖမ်းခံရတဲ့ထဲမှာ ကျနော်သူငယ်ချင်းပါတယ် သူကအသက် ၂၄ နှစ်အရွယ်ဝန်းကျင်ပါ ရန်ကုန်မှာ နေမကောင်းဖြစ်လို့ သူ့ဇာတိက တိုင်းရင်းဆေးနဲ့ ကုသဖို့ ရန်ကုန်ကနေ ပြန်တာဖြစ်တယ်၊ အရင်နိုင်ငံရေးကောင်းတုန်းက ရန်ကုန် – စစ်တွေကနေ ပလက်ဝကို ပြန်လို့ ရပေမယ့် အခုကတော့ လမ်းအခြေအနေရ ကလေးဝကနေ ဟားခါး ၊ ဟားခါးကနေ တဆင့် ပလက်ဝကို ပြန်ဖို့ လုပ်တာဖြစ်တယ်” လို့ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ပလက်ဝမြို့နယ် မီးလက်ဝအောက်ကျေးရွာနေ…