
ကလေး – တမူးကားလမ်းပိတ်တာ ၂ လနီးပါးကြာလာတဲ့အချိန် တမူးမြို့မှာ ဓာတ်ဆီ ၁ ဂါလံကို ကျပ် ၄ သောင်းခွဲကနေ ၅ သောင်းနီးပါးအထိဈေးပေါက်နေတယ်လို့ သိရ
မေလ ၁၄ ရက်။ အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ကလေး – တမူးကားလမ်းပိတ်တာ ၂ လနီးပါးကြာလာတဲ့အချိန် စက်သုံးဆီတွေ ပြတ်လပ်နေပြီး စက်သုံးဆီဈေး (ဓာတ်ဆီ)းနှုန်းလည်း တဂါလံကို ကျပ် ၄ သောင်းခွဲကနေ ၅ သောင်းနီးပါးအထိ ဈေးပေါက်နေတယ်လို့ တမူးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေး – တမူးကားလမ်းမဟာ အခုထိမဖွင့်နိုင်သေးဘဲ တမူးနယ်ထဲမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ ထိန်းချုပ်ထားတဲ့ ရွာတွေ ရှိသလို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကလည်း ထိန်းချုပ်ထားတဲ့ နေရာအများစုတွေလည်း ရှိနေတာတွေကြောင့် ဆီကားတွေ မသွားရဲကြသလို စက်သုံးဆီသယ်ယူတာတွေကိုလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးက “ကလေးမြို့ မြောက်ပိုင်းလမ်းတွေပိတ်ထားတယ် တမူးဘက်တွေပေါ့ စက်သုံးဆီတွေဆိုတာလည်း ကလေးမြို့ကနေ တဆင့်သွားရတာဆိုတော့ကလေးမြို့ လက်ပံချောင်းလမ်းကနေ ကွင်းလမ်းကနေ သွားရတာဆိုတော့…