
ရန်ကုန်မှာ နာမကျန်းဖြစ်နေတဲ့ ချင်းလူငယ်တစ်ဦးကို အရပ်၀တ်များမှ ဖမ်းဆီးသွား
ဩဂုတ်လ ၂၈ ရက်။ ရန်ကုန်၊ မြောက်ဒဂုံမြို့နယ် ၊(၄၈)ရပ်ကွက်နေ ဆေးရုံဆင်းခါစ နာမကျန်းဖြစ်နေတဲ့ အသက် ၂၂ နှစ်အရွယ် မောင် မောရ်ဒီးစ်လားဗဲင်ကြွာန်းအား ဩဂုတ်လ (၂၃) ရက်နေ့ည (၈) နာရီ၀န်းကျင်မှာ ဗထူးအိမ်ယာအနီးမှာ အရပ်၀တ်လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း စုံစမ်းမရဖြစ်နေတယ်လို့ နီးစပ်သူတွေထံမှသိရပါတယ်။ ဖမ်းဆီးခံရသူလူငယ်မှာ နာမကျန်းဖြစ်ပြီးတင်ပါးစုံနားအကြိတ်ခွဲထုတ်ရကာ ဆေးရုံဆင်းခါစဖြစ်ကာ မြောက်ဒဂုံ ၄၈ ရပ်ကွက်ရှိ ဗထူးအိမ်ယာ၀န်းကျင်တွင်လမ်းလျှောက်ထွက်စဥ်အဖမ်းခံရခြင်းဖြစ်တယ်လို့ ၄င်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ “တင်ပါးဆုံနားက အကြိတ်ခွဲထုတ်ရပြီး ဆေးရုံတက်ခဲ့ရသူဖြစ်တယ်။ ဆေးရုံဆင်းပြီးနောက်လည်း လေ့ကျင့်ခန်းလုပ်ဖို့ လမ်းတွေလျှောက်ပေးရတဲ့အနေအထားဖြစ်တဲ့အတွက် လမ်းလျှောက်တဲ့အချိန် အဖမ်းခံရတာဖြစ်တယ်၊ခွဲစိတ်ခံယူတာတော့ကြာပြီ လမ်းလျှောက်ရင်တော့ သိပ်မသန်ဘူး ပြီးတော့ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်လဲဖြစ်တယ် နောက်ဆုံးအဆင့် ဆေးပုံမှန်တိုက်ပေးရတယ်၊သူကရောဂါဝေဒနာရှင်လဲဖြစ်တော့ ပုံမှန်ဆေးမသောက်ရရင် အသက်ဆုံးရှုံးနိုင်တဲ့အဆင့်ဆိုတော့ သူ့အစ်ကို က အရမ်းစိတ်ပူနေတယ် “လို့ နီးစပ်သူကပြောပါတယ်။…