CNO/CNDF တပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေအတွက် AA ဒုစစ်ဦးစီးချုပ်က ငွေကြေး၊လွယ်အိတ်နဲ့ စာအုပ်လက်ဆောင်တွေ ပို့ခဲ့
နိုဝင်ဘာလ ၂၁ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ အခြေစိုက်တဲ့ ချင်းညီနောင် (CB)အဖွဲ့ဝင် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF) ရဲ့ ဒဏ်ရာရရဲဘော်တွေအတွက် အာရက္ခတပ်တော် ( AA)ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင်ဦးဆောင်တဲ့ သူပုန်ဖြူ Team က ငွေကြေး၊လွယ်အိတ်နဲ့စာအုပ် လက်ဆောင်တွေကို ပို့ခဲ့တဲ့အကြောင်း CNO/CNDF ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒဏ်ရာရရဲဘော်တွေအတွက် အာရက္ခတပ်တော် ( AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင်ရေးသားတဲ့ သူပုန်ဖြူကဗျာစာအုပ် ၄၂ အုပ်၊ လွယ်အိတ် ၄၂ လုံးနဲ့ ငွေသား ၄၂ သိန်းပါ စာအိတ် ၄၂ အိတ်တို့ကို သူပုန်ဖြူ Team က ပေးပို့တာလို့ CNO/CNDF…

