ပလက်ဝမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့သူကို ထိရောက်စွာအရေးယူပေးဖို့ GKO တောင်းဆို
နိုဝင်ဘာလ ၂၈ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒလက်ကိုင်းကျေးရွာမှာ အသက်မပြည့်သေးတဲ့ လေးတူ (ချင်း) မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကို ထိရောက်စွာ အရေးယူပေးဖို့ ပလက်ဝဒေသခံခူမီးချင်းမျိုးနွယ်စုအဖွဲ့အစည်းဖြစ်တဲ့ Global Khumi Organization (GKO) က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီချိန်လောက်မှာ ပလက်ဝမြို့နယ် ၊ ဒလက်ကိုင်းကျေးရွာက ဒေသခံ လေးတူ (ချင်း) မိန်းကလေးငယ်ကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ၊ ပြည်လုံးကြီးကျေးရွာနေ ဦးထွန်းလှိုင် အသက် ၄၆ နှစ်အရွယ်က ဒလက်ကိုင်းရွာမြောက်ပိုင်းတောစပ်တစ်နေရာမှာ အဆိုပါ ချင်းအမျိုးသမီးငယ်ကို ခေါ်ဆောင်ပြီး ၃ ကြိမ် အဓ္ဓမ္မပြုကျင့်ခဲ့တဲ့ပေါ် ULA…

