Headlines

တော်လှန်ရေးအဖွဲ့တွေထိန်းထားတဲ့ ကလေး – ဂန့်ဂေါလမ်းပေါ်က သံဖိုရွာကို စစ်ကော်မရှင်တပ် ဒီကနေ့မှာ ဝင်ရောက်ကာ ကလေး-ဂန့်ဂေါ လမ်းတောက်လျှောက်ထိုးစစ်ဆင်နေ

အောက်တိုဘာလ ၃၁ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကလေး – ဂန့်ဂေါလမ်း ပေါ်က တော်လှန်ရေးအဖွဲ့တွေ နှစ်နဲ့ချီထိန်းထားတဲ့သံဖိုကျေးရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ စတင်ဝင်ရောက်နေပြီဖြစ်ကာ ကလေးမြို့မှဂန့်ဂေါမြို့အထိ တောက်လျှောက် ထိန်းနိုင်အောင် ထိုးစစ်ဆင် နေတယ်လို့ သိရလို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ဒေသခံသတင်းရင်းမြစ်တစ်ဦးက “ သံဖိုဝင်ပြီလို့သိရတယ် လက်ရှိမှာ တိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့ မရှိသေးဘူး တခြားအခြေအနေတွေတော့ မသိရသေးဘူး စစ်ကော်မရှင်တပ်ဖွဲ့က ဂန့်ဂေါအထိ ပေါက်အောင်ထိုးမဲ့ ပုံ ရှိနေတယ်” လို့ပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေကို အင်အားအမြောက်များ သုံးပြီး လျင်လျင်မြန်မြန် စစ်ကြောင်းထိုးဝင်ရောက် ထိန်းချုပ်နေသလို လက်ရှိမှာလည်း စစ်ကော်မရှင်တပ်ဖွဲ့ဟာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး –…

Read More

ရွေးကောက်ပွဲဝင်မယ့် CNLD ပါတီဝင်ဟောင်းတွေနဲ့သက်ဆိုင်မှု မရှိကြောင်း CNLDပါတီ ထုတ်ပြန်

အောက်တိုဘာလ ၃၀ ရက်။ အာဏာသိမ်း စစ်ကော်မရှင်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ ဥက္ကဌဟောင်း ၂ ဦးအပါအဝင် ပါတီဝင်ဟောင်း ၄ ဦးတို့ဟာ CNLD ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျည်းနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ပါတီနှင့် သက်ဆိုင်မှု မရှိတော့ကြောင်း ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဖျက်သိမ်းခံရပြီးဖြစ်တဲ့ CNLDပါတီက ထုတ်ပြန်ထားပါတယ်။ CNLD ပါတီ ဥက္ကဌဟောင်း ၂ ဦးဖြစ်ခဲ့တဲ့ Pu No Than Kap နဲ့ Pu Zozam တို့ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅ – ၁၁) က ဖွဲ့စည်းတဲ့ ပါတီညီလာခံတွင် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်ဖွဲ့စည်းထာတဲ့…

Read More

လေကြောင်းရန်ကြောင့် ထန်တလန်မြို့နယ်အတွင်းရှိ ကျောင်းအားလုံးပိတ်ထားဖို့ CDF – Thantlang ထုတ်ပြန်

အောက်တိုဘာလ ၃၀ ရက်။ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်ကြောင့် ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတွေ အားလုံး အကန့်အသတ်မရှိ ပိတ်ထားဖို့ CDF –Thantlangရဲ့ ပညားရေးဌာန က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ နေ့စဉ် လူနေအိမ်နှင့် စာသင်ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အခုလို စာသင်ကျောင်းတွေ အားလုံးပိတ်ဖို့ လုပ်ဆောင်ရတာလို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ဟားခါးမြို့နယ် ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီး လူအမြောက်အများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ အောက်တိုဘာလအတွင်း ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို လေကြောင်းကနေ…

Read More

တီးတိန်မြို့နယ် မွာလ်ပီးရွာမှာ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွါးကာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၁ ဦး ကျဆုံး၊တီးတိန်နယ်မှာစစ်ရေးတင်းမာနေ

အောက်တိုဘာလ ၂၉ ရက်။ တီးတိန်မြို့နယ်၊မွာလ်ပီးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ တီးတိန်မြို့နယ်အခြေစိုက်ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin တပ်ဖွဲ့တို့အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၂ နာရီခွဲ က စပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွါးကာ CDF-CDM-Siyin တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ၊ ခံတပ် တစ်ခုကို လည်း လက်လွှတ် လိုက်ရကြောင်း၊တီးတိန်နယ်မှာစစ်ရေးတင်းမာနေကြောင်း၊တီးတိန်မြို့နယ် စီးယင်းဒေသကို အခြေပြု စစ်ရေးလှုပ်ရှားတဲ့ CDF-CDM-Siyin ၏ တာဝန်ရှိသူ တစ်ဦး ထံမှ သိရှိရ ပါတယ်။ “စစ်ကောင်မရှင် စစ်သားတွေက စစ်ကြောင်း လေးခုခွဲပြီး တက်လာတယ်။ မွာလ်ပီးမှာ ရှိတဲ့ ပထမ ခံတပ်ကနေ ခုခံ တိုက်ပွဲ ဖြစ်လာတယ်။ ကျွန်တော်တို့ ဘက်က…

Read More

ဟားခါးမြို့မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်အထိ ညမထွက်ရအမိန့် CDF-Hakha ထုတ်ပြန်

အောက်တိုဘာလ ၂၈ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ကို မနက်ဖြန် အောက်တိုဘာလ ၂၉ ရက်နေ့ကနေ ဇန်နဝါရီလ (၃၁)ရက်အထိ ည ၇ နာရီကနေ မနက် ၅ နာရီအကြား မည်သူမှ ညမထွက်ရ အမိန့်ကို ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-Hakha Central Council က ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့က ရွေးကောက်ပွဲကို အကြောင်းပြကာ အချိန်မရွေး ညသန်းကောင်အချိန်များ တွင်ပါ လူနေအိမ်များဝင်စစ်ဖမ်းဆီးခြင်း၊ ချင်းပြည်အနှံ့သာမက ချင်းပြည်နယ် မြို့တော် ဟားခါးကိုပါ လေယာဉ်၊ ရဟယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းနေတာကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ရတာဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စိတ်ရှည် သတိကြီးရှိစွာ ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ဤအမိန့်လိုက်နာရန် ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး…

Read More

ရွေးကောက်ပွဲ အပိုင်း (၂) မှာ ချင်းပြည်နယ်ရှိ မြို့နယ်များ ပါဝင်ခြင်း မရှိ

အောက်တိုဘာလ ၂၈ ရက်။ စစ်ကော်မရှင်မှ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၀၀ မြို့နယ်တွင် ပြုလုပ်မှာဖြစ်ကြောင်း၊အဆိုပါ မြို့နယ် ၁၀၀ စာရင်းမှာ ချင်းပြည်နယ်ရှိ မြို့နယ်များ ပါဝင်ခြင်း မရှိကြောင်း ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းများ အရ သိရှိခဲ့ ရပါတယ်။ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် ပြုလုပ်မည် ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ်ရန် လျာထားသည့် စာရင်းတွင်…

Read More

ကလေး-ဂန့်ဂေါလမ်းမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၃ သောင်းကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့သိရ

အောက်တိုဘာလ ၂၉ ရက်။ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးနေတဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်းက ကလေး – ဂန့်ဂေါကားလမ်းတလျှောက်က ကျေးရွာပေါင်း ၃၆ ရွာခန့်က အရပ်သားပြည်သူ ၃ သောင်းကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ Lighthouse အဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက “ဒီကနေ့အထိ စကစ ကတော့စစ်ကြောင်းဆက်လက်ထိုးနေတယ် တိုက်ပွဲတွေလည်း ပြင်းထန်နေတယ် ကလေး – ဂန့်ဂေါလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေက အရပ်သားပြည်သူ အနည်းဆုံး ၃ သောင်းကျော်ဟာ စစ်ဘေးရှောင်နေကြရတယ် လတ်တလော စစ်ဘေးရှောင်တွေ အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ အထူးလိုအပ်နေကြတယ် ကျနော်တို့ကလည်း တက်စွမ်းသလောက် ကူညီပေးနေပါတယ် ကူညီမှုတွေကတော့ အင်မတန် လိုအပ်နေပါသေးတယ်” လို့ပြောပါတယ်။ ကလေး –…

Read More

တီးတိန်မြို့မှာ ၂ ရက်အတွင်း စစ်ကောင်စီတပ်ရဟတ်ယာဉ် ၁၀ ကြိမ် ဆင်းသက်ကာစစ်အင်အားဖြည့်တင်း

အောက်တိုဘာလ ၂၇ ရက်။ တီးတိန်မြို့မှာ မနေ့ အောက်တိုဘာလ ၂၆ နေ့နဲ့ ဒီကနေ့ ၂ ရက် အတွင်း စစ်ကောင်စီတပ်ရဟတ်ယာဉ်များ ၁၀ ကြိမ် ဆင်းသက်ပြီး စစ်အင်အား ဖြည့်တင်းနေတယ်လို့ တီးတိန်မြို့နေ ပြည်သူများ ထံမှ သိရှိရပါတယ်။ “တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေက မနေ့က စပြီး ၂၆၉ တပ်ရင်းက ရဟတ်ယာဉ်ကွင်းမှာ ဆက်တိုက် ဆင်းသက် ခဲ့တာဗျ။ မနေ့က ၅ ကြိမ် လာဆင်းသွားတယ်။ ဒီနေ့လည်း ငါးကြိမ် လာဆင်းသွားတယ်။ နှစ်ရက်အတွင်း ၁၀ ကြိမ် လာဆင်းသွားတယ်” လို့ တီးတိန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။ အဆိုပါ ရဟတ်ယာဉ်များ နဲ့ အတူ တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူး လည်း…

Read More

စစ်ကော်မရှင်တပ်အင်အားအမြောက်အများ ကလေး-ဂန့်ဂေါလမ်းမှာစစ်ကြောင်းထိုးလာလို့ ပြည်သူထောင်ချီထွက်ပြေးနေ

အောက်တိုဘာလ ၂၇ ရက်။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းတလျောက်ကို စစ်ကော်မရှင်တပ်က အင်အားအမြောက်အများနဲ့ ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်လာနေလို့အရပ်သားပြည်သူလူထောင်ချီထွက်ပြေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ “ဒီကနေ့ မနက်ကစပြီး ကလေးမြောက်ပိုင်းက အင်အားအများကြီးကို ကားအစီး ၁၅ စီးကနေ အစီး ၂၀ လောက်ရှိတယ် အဲမှာ လက်နက်ခဲယမ်းတွေပါတယ် အမြောက်ကြီး ကိုလည်း ဆွဲသွားတယ် အင်အားလည်းအများကြီးဘဲ တချို့က ဒကစဝင်တယ် တချို့က ကလေး နည်းပညာတက္ကသိုလ်ကို သွားတယ် အခုတော့ သာယာကုန်းရွာရောက်ပြီလို့ ပြောကြတယ် မြောက်ပိုင်းလိုဘဲ တလျောက်ထိုးနေကြတယ် ကလေးကနေ ဂန့်ဂေါလမ်းပေါက်အောင် ထိုးမယ့်ပုံစံပေါက်တယ်” လို့ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ကလေးနည်းပညာတက္ကသိုလ် GTC က ထွက်လာတဲ့…

Read More

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် အတွက် ကလေး-သိုင်းငင်း လမ်းလွှဲများ ခေတ္တ ပိတ်ထားမယ်လို့ထုတ်ပြန်

အောက်တိုဘာလ ၂၇ ရက်။ စစ်ကောင်စီစစ်တပ်မှ အင်အားအလုံးအရင်းဖြင့် အင်အားဖြည့် စစ်ကြောင်းထိုးလာသည့် အတွက် ကလေး-သိုင်းငင်း လမ်းကြီးပေါ်ရှိ စစ်ကောင်စီ စစ်တပ်မှ ပိတ်ဆို့ထားသည့် လမ်းပိုင်းများ လွှဲနိုင်ရန် ဖောက်ထားသည့် ဆိုင်ကယ်လမ်း(တောလမ်း)များကို ဒီကနေ့ အောက်တိုဘာလ ၂၇ နေ့က စပြီး ခေတ္တ ပိတ်ထားမယ်လို့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin က သတင်းထုတ်ပြန်လိုက် ပါတယ်။ “အခု ခေတ္တ ပိတ်လိုက်ရတဲ့ ဆိုင်ကယ်လမ်းတွေက ထုတ်ပြန်ချက်ထဲမှ ပြောထားသလိုပဲ အများပြည်သူရဲ့အသက်မွေးဝမ်းကျောင်းမှု အဆင်ပြေဖို့ ဆိုပြီး ဖောက်ထားတဲ့ တောလမ်းတွေ ဖြစ်ပါတယ်။ စစ်ကြောင်း နဲ့ တိုးမိရင် ပြည်သူတွေ အတွက် အန္တရာယ် အရမ်းများလို့ပါ” လို့ CDF-CDM-Siyin တာဝန် ရှိသူ တစ်ဦးက Chin…

Read More