Headlines

ဒီကနေ့ ချင်းတောင်ကို စစ်ကား ၁၅ စီးပါဝင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တက်ပြီးနောက် ခိုင်ကမ်းမြို့ဂိတ်ကနေ ချင်းတောင်တက်မယ့်ကားအားလုံးကို ပိတ်ဆို့

မေလ ၁၉ ရက်။ ဒီကနေ့ မေလ ၁၉ ရက်နေ့ မနက်မှာ စစ်ကား ၁၅ စီး ဖြင့် စစ်ကောင်စီတပ်စစ်ကြောင်း ချင်းတောင်သို့ ချီတက် သွားခဲ့ပြီး တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ရဲစခန်းရှိ စစ်ဆေးရေး ဂိတ်ကနေ ချင်းတောင်ကို တက်သွားသွားမယ့် ကား အားလုံး ပိတ်ဆို့ထားလိုက်တယ် လို့ ခိုင်ကမ်း ဒေသခံများ ထံမှ သိရှိခဲ့ရ ပါတယ်။ “မနက် ၄ နာရီ လောက်မှာ တောင်ပေါ် စတက် ကြတာ။ စစ်တပ် အင်အားက အနည်းဆုံး ၂၀၀ ရှိလိမ့်မယ်။ ကားနဲ့ ပါတဲ့စစ်သားတွေ ရှိတယ်။ တောင်ရိုး အတိုင်း ခြေလျင် ချီတက်တဲ့ စစ်သားတွေလည်း ရှိတယ်။ ခိုင်ကမ်းရဲစခန်း ကတော့…

Read More

တွန်းဇံမြို့ကို စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်၊ အရပ်သား တစ်ဦး ဒဏ်ရာ ရရှိ

မေလ ၁၉ ရက်။ ဒီကနေ့ မေလ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ တွန်းဇံမြို့နယ် ရဲစခန်း ပတ်ဝန်းကျင်ကို စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ အဆောက်အဦး ပျက်စီးမှု တချို့ ရှိပြီး အရပ်သား ပြည်သူ တစ်ဦး ဒဏ်ရာ ရရှိသွားတယ် လို့ ဒေသခံများ ပြောကြား ချက် အရ သိရှိရပါတယ်။ “ဗုံးက တော့ ရဲစခန်းအောက်မှာ ရှိတဲ့ စီမံကိန်းရုံးကို ထိသွားတယ်။ CC တပ်တွေ ထိခိုက်တာမျိုး မကြားရသေးဘူး။ သူတို့ ကြိုတင် ကာကွယ် ရှောင်တိမ်း နိုင်တယ် လို့ပြောကြတာမျိုးလည်း ကြားရတယ်။ အရပ်သား တစ်ဦး ဒဏ်ရာ ရသွားတယ်။…

Read More

ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာသင်ကြားခြင်းကို နှောက်ယှက်ဟန့်တားမှာ မဟုတ်သလို လုပ်တဲ့သူတွေကိုလည်း အရေးယူမယ်လို့ CDF – Asho အသိပေး

မေလ ၁၉ ရက်။ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေတွေနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ ကျောင်းဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်တာ နှောက်ယှက်ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ ပညာသင်ကြားမှု ကျောင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာတွေ လုံးဝ လုပ်မှာမဟုတ်သလို လုပ်တဲ့ဘယ်သူကိုမဆို အရေးယူမယ်လို့ CDF – Asho ကမေလ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ၂၀၂၅ – ၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းတွေ စတင်ဖွင့်လှစ်တော့မှာဖြစ်ကာ ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာသင်ကြားဖို့ လိုအပ်လျှက်ရှိနေတာတွေ့ရတယ်လို့ CDF-Asho က ဆိုပါတယ်။ ဒါကြောင့် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) စစ်ရေးလှုပ်ရှားရာ နယ်မြေတွေနဲ့ ထိစပ်နေတဲ့…

Read More

ဟားခါးမြို့က စစ်သား ၁ ဦးကိုဖမ်းဆီးခဲ့၊ဟားခါးမြို့က စစ်သား ၂ ဦးနဲ့ရဲ ၁ ဦး လက်နက်နဲ့အတူအလင်းဝင်လာကြောင်း CDF-Hakha ထုတ်ပြန်

မေလ ၁၈ ရက်။ ၂၀၂၅ခုနှစ်၊ ‌မေလ ၁၅ရက်နေ့တွင် ဟားခါးမြို့ရှိ စစ်ကောင်စီ စစ်သားတစ်ဦးကို ဖမ်းဆီးသည့်အပြင် မေလ ၁၅ နှင့် ၁၇ရက်များတွင် ဟားခါးမြို့ရှိ စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့သည် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်ရန် လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force – Hakha (CDF-Hakha) ထံသို့ အလင်းဝင်လာကြောင်း CDF-Hakha က မေလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဤကဲ့သို့ အလင်းဝင်လာသူကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို မိမိတို့…

Read More

ခိုင်ကမ်းမြို့မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ကလေးငယ် တစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

မေလ ၁၈ ရက်။ မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုမှ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့ရဲစခန်းကို ဦးတည် ပစ်ခတ် တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ နေအိမ်မှာ ရှိနေတဲ့ အသက် ၁၅ နှစ်ခန့် ရှိသည့် မောင်မာန်ဆွင်းမုန် အား ကျည်ထိမှန်ဒဏ်ရာရကာ လက်ရှိအချိန်မှာ ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူ နေတယ်လို့ ဒေသခံများ ထံမှ သိရှိရ ပါတယ်။ “လူငယ်တွေက ခိုင်ကမ်းရဲစခန်းကို နှစ်နေရာ ကနေ လှမ်း ပစ်တာ။ ရဲစခန်းကနေ လည်း ပြန် လှမ်းပစ်တယ်။ နှစ်ဖက် စလုံး ထိခိုက်နိုင်မယ့် အခြေအနေမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် အိမ်မှာ…

Read More

The military council has reportedly used cluster bombs in its three-day airstrikes on Mindat Township, Chin State.

May 18. The military council has carried out three consecutive days of airstrikes in Mindat Township, Chin State, and has also used cluster bombs, the Mindat Township People’s Administration announced on May 18. On May 17, it was reported that evidence was found that the military council had used cluster bombs in a village in…

Read More

မင်းတပ်မြို့နယ်ကို ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း အစုပြုံလိုက်ဗုံး(Cluster Bomb) တွေကိုလည်း စစ်ကောင်စီကအသုံးပြုခဲ့တယ်လို့ ထုတ်ပြန်

မေလ ၁၈ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၃ ရက်ဆက်တိုက်လုပ်ခဲ့ပြီး အစုပြုံလိုက်ဗုံး(cluster bomb) ကိုလည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မနေ့မေလ ၁၇ ရက်နေ့မှာ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)တွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက အစုပြုံလိုက်ဗုံး(cluster bomb) ကို အသုံးပြုခဲ့တဲ့ အထောက်ထားတွေ တွေ့ရှိရကြောင်းနဲ့ ဗုံးအလုံးရေ ၁၀ လုံးဝန်းကျင်ဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ မင်းတပ်မြို့နယ်အတွင်းကို မေလ ၁၅ ရက်နေ့ကနေစလို့ မေလ ၁၆ ရက်၊မေလ ၁၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး…

Read More

ချင်းလူမျိုးများ နေထိုင်သည့် ရက္ခိုင်ပြည်၊ တရွေချောင်းဒေသအကြောင်း

Salai Htun Hla Kyaw တရွေချောင်းသည် မင်းပြားမြို့နယ်၊ မင်းကူးလမ်းအုပ်စု၏ အဓိက အသက်သွေးကြောမ ကြီးများထဲမှ တစ်ခုဖြစ်သည်။ မင်းကူးလမ်းအုပ်စုထဲမှ မြစ်ဖျားခံစီးဆင်းပြီး ဖုံသာအုပ်စုထဲ၌ ဖုံသာချောင်းအမည်ဖြင့် အနောက်ဘက်သို့ ဆက်လက်စီးဆင်းကာ ထိုမှတစ်ဆင့် ဒုံသားကျေးရွာအနီးတွင် လေးမြို့မြစ်ထဲသို့ စီးဝင်သွားသည်။ တရွေချောင်းကို ဒေသနေ ချင်းလူမျိုးများက တေလောင်ဟု ခေါ်ဆိုကြသည်။ ချောင်းတလျှောက် ကမ်းပါးများပေါ်တွင် ကျေးရွာပေါင်း ၂၀ အထိ တည်ရှိလျှက်ရှိပြီး ၁၉ ရွာမှာ ချင်းလူမျိုးများ နေထိုင်သော ရွာများဖြစ်သည်။ ကျေးရွာအများစုသည် ဝါး (သို့မဟုတ်) သစ်များဖြင့် ဆောက်လုပ်ထားသည့် ခြေတံ‌ရှည်အိမ်များဖြင့် ပြည့်နှပ်နေတတ်ပြီး ၎င်းတို့ကို ကြည့်ခြင်းအားဖြင့် ဒေသနေ ဌာနေချင်း လူ‌မျိုးများ၏ လူနေမှုဘဝ အခြေအနေအပြင် ဖွံ့ဖြိုးမှုနောက်ကျခြင်းများ၏ ပုံရိပ်များကိုပါ အထင်းသား တွေ့မြင်နိုင်သည်။…

Read More

မီဇိုရမ်ပြည်မှ မြန်မာဒုက္ခသည်များ၏ ဇီဝသွင်ပြင် အချက်အလက်များ စစ်အုပ်စုထံ ရောက်ရှိသွားမည်ကို အဘယ်ကြောင့်စိုးရိမ်နေကြသနည်း?

Mizoram: Why Myanmar refugees fear biometric data could reach Junta By Salai Van Bawi Mang ဘာသာပြန် -Thane Mor Thein Maw •••••••••••••••••••••••••• အိန္ဒိယ၏ ကြံရွယ်ချက်များက မည်သို့ပင် ရှိစေကာမူ၊ ၎င်းတို့အနေဖြင့် လူတစ်ဦးချင်း၏ ဇီဝသွင်ပြင်အချက်အလက်များ ရယူစုဆောင်းမှု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရမည် ဖြစ်သည်။ ဆလိုင်း ဗန်ဘွဲ့မာန် (အိစ်ထ်မိုဂျို – မေလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်) … အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက လူတစ်ဦးချင်း၏ ဇီဝသွင်ပြင်အချက်အလက်များကို ရယူစုဆောင်းရန်နှင့် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရန် အစီအစဉ်များကို တွန်းအားပေးလုပ်ဆောင်လာနေသဖြင့်၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြသူများအတွက်…

Read More