
ကလေးမြို့မှာ တွန်းဇံမြို့မှ ဆင်းလာသောအမျိုးသမီး ၂ ဦး စီးလာတဲ့ဆိုင်ကယ် ကို အနောက်ကနေ ကားတစ်စီးက တိုက်မိပြီး ယင်းအမျိုးသမီး၂ ဦး ပွဲချင်းပြီးသေဆုံး
မေလ ၇ ရက်။ မေလ ၇ ရက်နေ့ ညနေ ၄ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ကလေးမြို့ ကြုံ့သုံးပင် (မွန်းလိုင်) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ပေါ်မှာ ချင်းပြည်နယ်၊တွန်းဇံမြို့မှ ဆင်းလာသော အမျိုးသမီး ၂ ဦး စီးလာတဲ့ ဆိုင်ကယ် ကို Skat ကုန်တင်ကား တစ်စီးက အနောက်ကနေ တိုက်မိပြီး တက်ကြိတ်တဲ့ အတွက် ယင်း အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ် လို့ ကလေးမြို့ ဒေသခံများ ထံမှ သိရှိခဲ့ ရပါတယ်။ “Skat ကား က ဆိုင်ကယ် နောက်ကနေ တိုက်ပြီး ကားဘီး နဲ့ နင်းသွားတယ်။ ယာဉ်တိုက်မှု ဖြစ်တော့ Skat ကားသမား…