Headlines

ချင်းတောင်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တလျှောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၁ ထောင်ကျော်စစ်ရှောင် ထွက်ပြေးရ

မေလ ၂၃ ရက်။

မေလ ၁၉ ရက်နေ့ကနေ ချင်းတောင်ဘက် သို့ ချီတက် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ ချင်းကာကွယ်ရေးတပ်များ ဖြစ်သော CDF-CDM-Siyin, PDF Zoland နှင့် KKG တို့က မေလ ၂၁ ရက်နေ့ မနက် ၈ နာရီ ကနေ လက်ရှိ အချိန် အထိ ဆက်လက် ခုခံတိုက်ခိုက်ပြီး တိုက်ပွဲ ဖြစ်နေကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံ ပြည်သူ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင် နေခဲ့ရကြောင်း CDF-CDM-Siyin ရဲ့ သတင်း ထုတ်ပြန် ချက်အရ သိရှိရပါတယ်။

မေလ၂၁ ရက်နေ့ တိုက်ပွဲကြောင့် CDF-CDM-Siyin တပ်ဖွဲ့ဝင် Tg Suan Van Mung ကျဆုံးခဲ့တယ် လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထား ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များမှ စကစ စစ်သား ၅ ယောက် ကို ဖမ်းဆီးရမိတယ် လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးထံမှ သိရှိရပါတယ်။

“အခု စစ်ကြောင်းထိုးတဲ့ စကစ စစ်အင်အား က ထင်တာထက် ပိုများ နေမယ့်ပုံပဲ။ အဖမ်းခံရသူတွေရဲ့ ပြောပြပုံ အရ ဆိုရင် တပ်ရင်း ၅ ခု ပေါင်းထားတာ လို့ ပြောတယ် လို့ ကြားရတယ်။ အင်အားက ၈၀၀ ထက် မနည်း ဘူးလို့လည်း ခန့်မှန်းခဲ့ရ ပါတယ်” လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူမှ ပြောပါတယ်။

စစ်ကောင်စီစစ်တပ်မှ ချင်းတောင်သို့ စစ်ကြောင်း ထိုး ခြင်းကြောင့် မေလ ၁၉ ရက် မနက် ကနေ စပြီး ချင်းတောင် တက်မည့် ကားအားလုံးကို ခိုင်ကမ်း ရဲစခန်း စစ်ဆေးရေး ဂိတ်ကနေ ပိတ်ဆို့ခဲ့သလို မေလ ၂၀ ရက်နေ့က နေ စပြီး ကလေး-သိုင်းငင်း လမ်းမကြီးကို လည်း ယာယီ ပိတ်လိုက်ကြောင်း CDF-CDM-Siyin မှ ထုတ်ပြန်ခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *