Headlines

ချင်းတောင် နဲ့ ကလေးမြို့နယ် အတွင်း ဖုန်းလိုင်း အားလုံး ပြတ်တောက်တဲ့ ကာလအတွင်း MEC ဆင်းကဒ် ကျပ် ၁သိန်း ၇သောင်းထိ ဈေးတက်ခဲ့၊ MPT လိုင်း ပြန်လည် ရရှိ

ဧပြီလ ၁၅ ရက်။ ချင်းတောင်ကမြို့တွေ နဲ့ ကလေးမြို့နယ် အတွင်း ဧပြီ ၁၁ ရက် နေ့ မနက်ပိုင်း က စပြီး ၃ ရက်ခန့် GSM ဖုန်းလိုင်း အားလုံး ပြတ်တောက်ခဲ့တဲ့ အတွက် ဖုန်း ခေါ်ဆိုနိုင်တဲ့ MEC ဆင်းကဒ် တစ်ခုဟာ ကလေးမြို့မှာ ကျပ် တစ်သိန်း ခုနစ်သောင်း အထိ ဈေးတက်သွားခဲ့ပြီး ဧပြီ ၁၄ ရက် ညနေ ကစပြီးချင်းတောင်ကမြို့တချို့ နဲ့ ကလေးမြို့နယ် အတွင်း MPT လိုင်း ပြန်လည် ရရှိခဲ့တယ် လို့ ကလေးမြို့ ဒေသခံ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။ “MEC နဲ့ လိုင်း သုံးလုပ်တော့…

Read More

မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေကို ကျပ်သိန်း ၃၀ ကျော် ပံ့ပိုးကူညီပေးခဲ့တယ်လို့ မင်းတပ် ပအဖ ထုတ်ပြန်

ဧပြီလ ၁၄ ရက်။ ပြီးခဲ့တဲ့ ရက်ပိုင်း ဧပြီလ ၉ ရက်နေ့ညက မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မိသားစုဝင်တွေကို ကျပ်သိန်းငွေ ၃,၃၄၀,၀၀၀ ကျပ် ပံ့ပိုးကူညီခဲ့တဲ့တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့မှာထုတ်ပြန်ပါတယ်။ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို ဧပြီလ ၉ ရက်နေ့ ညကိုးနာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၈ လသား ကလေးငယ်၊ ၇ နှစ်အရွယ် ကလေးငယ်၊မသန်မစွမ်းလူငယ်တစ်ဦး၊ သက်ကြီးရွယ်အို ၂ ဦး နဲ့ ခရစ်ယာန်ပါစတာ တစ်ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူမိသားစု၊ နေအိမ်ပျက်စီးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

Read More

The victory of the Falam township is not the success of the Chin Brotherhood Group, but the success of the entire Chin Nation, says CNO/CNDF

The victory of the Falam township was not the success of the Chin Brotherhood Group alone, but the success of the entire Chin nation, as well as the revolutionary success of the entire Myanmar, said Salai Timmy Htut, spokesperson for the Falam Township-based Chin National Organization (CNO/CNDF), a member of the Chin Brotherhood, in an…

Read More

ဖလမ်းမြို့သိမ်းအောင်ပွဲဟာ ချင်းညီနောင်အဖွဲ့ရဲ့ အောင်မြင်မှုဘဲမဟုတ်ဘဲ ချင်းတမျိုးသားလုံးရဲ့ အောင်မြင်မှုလို့ CNO / CNDF ပြော

ဧပြီလ ၁၄ ရက်။ ဖလမ်းမြို့သိမ်းအောင်ပွဲဟာ ချင်းညီနောင်အဖွဲ့တစ်ခုတည်းရဲ့ အောင်မြင်မှုဘဲမဟုတ်ဘဲ ချင်းတမျိုးသားလုံးရဲ့ အောင်မြင်မှုဖြစ်သလို မြန်မာနိုင်ငံတစ်ခုလုံးရဲ့ တော်လှန်ရေးအောင်မြင်မှုဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က Chin World Media နဲ့အင်တာဗျူးမှာ ပြောကြားပါတယ်။ “ချင်းပြည်နယ်မှာ ကွဲကွဲပြားပြားတွေရှိခဲ့ပါတယ် ဒါပေမယ့်လည်း အားလုံးရဲ့ဘုံရန်သူဟာ စကစ ဖြစ်ပါတယ် စကစကို တိုက်ပြီးအောင်မြင်ခြင်းဟာ ကျနော်တို့ CNO / CNDF ချင်းညီနောင်ရဲ့ အောင်မြင်ခြင်းဘဲမဟုတ်ပါဘူး ချင်းပြည်သူအားလုံးရဲ့ အောင်မြင်ခြင်းဖြစ်ပါတယ် ဖလမ်းမြို့မှာ စကစ တည်ရှိနေသ၍ ချင်းပြည်မှာ စကစ ရှိပါတယ် အဲလိုဘဲ စကစ ဟားခါးမှာရှိနေသေးရင် ချင်းပြည်နယ်ဟာ မလွတ်မြောက်သေးပါဘူး အဲလိုပုံစံဘဲ ဖလမ်းမှာအောင်မြင်မှုရခြင်းဟာ ချင်းလူမျိုးတိုင်းရဲ့ အောင်မြင်ခြင်းဖြစ်တယ် ချင်းအမျိုးသားတိုင်းရဲ့…

Read More

Chin Charter Draft Prepared, Conference to be Convened and Approved, ICNCC/CB Announces

April 13. The Chin Charter Draft has been drafted and a conference to be convened and approved in the near future, the Interim Chin National Consultative Council (ICNCC) announced today, April 13, to mark the (4) anniversary of the Interim Chin National Consultative Council (ICNCC). The Interim Chin National Consultative Council (ICNCC) is a state…

Read More

ချင်းချာတာမူကြမ်းကိုရေးဆွဲပြီးပြီဖြစ်ပြီး ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမယ်လို့ ICNCC/CB ထုတ်ပြန်

ဧပြီလ ၁၃ ရက်။ ချင်းချာတာမူကြမ်းကိုလည်းရေးဆွဲပြီးပြီဖြစ်ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၏(၄)နှစ်ပြည့်အထိမ်းအမှတ် အဖြစ် (ICNCC) ကဒီကနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ကနဦးဖွဲ့စည်းရာတွင် ပါဝင်ခဲ့သော ပြည်နယ် ကိုယ်စားပြုအတိုင်ပင်ခံကောင်စီတစ်ခု ဖြစ်သည့်အပြင် ဖက်ဒရယ်ပဋိညာဉ်အစိတ်အပိုင်း (၂) ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအစီအမံ၊ အခန်း(၈) ပုဒ်မ(၅၂)အရ ချင်းပြည်အရေး ကိစ္စအရပ်ရပ်ကို တာဝန်ယူဆောင် ရွက်သည့်ကောင်စီဖြစ်ပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဖွဲ့စည်းသောချင်းညီနောင်(Chin Brotherhood)အဖွဲ့နှင့် နိုင်ငံရေး၊ စစ်ရေးတွင်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်လို့လည်း ဆိုထားပါတယ်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကို ပြန်လည် ပြုပြင်ဖွဲ့စည်းပြီး အစုအဖွဲ့(၇)ဖွဲ့နဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ချင်းချာတာမူကြမ်းကိုလည်းရေးဆွဲခဲ့ပြီး…

Read More