
ရောဂါဖြစ်နေတဲ့ နွားနောက်တွေအတွက် ကာကွယ်ဆေးအခမဲ့ပေးမယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေး
မတ်လ ၁၉ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်း ဒေါင့်သန်းရောဂါဖြစ်ပွားနေတဲ့ နွားနောက်တွေအတွက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေး အခမဲ့ထောက်ပံ့ပေးမှာဖြစ်တာကြောင့် ကျွဲ၊နွား၊နွားနောက် အကောင်ရေစာရင်းတွေပြုစုပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနကို ချိတ်ဆက်ပြီး သွားရောက်ထုတ်ယူကြဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိမြို့နယ်အတွင်း ဒေါင့်သန်းရောဂါဖြစ်နေတဲ့ နွားနောက်တွေရဲ့ ပိုင်ရှင်တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေါင့်သန်းရောဂါကာကွယ်ဆေး (Anthrax Vaccine) အခမဲ့ထောက်ပံ့မှာဖြစ်တာကြောင့် မိမိတို့ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်မှုနယ်မြေအတွင်းက ကျွဲ၊နွား၊နွားနောက် အကောင်ရေစာရင်း တွေပြုစုပြီး မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဌာနကို ချိတ်ဆက် ထုတ်ယူဖို့ အသိပေးထားပါတယ်။ ဒါ့အပြင် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မိမိတို့မွေးမြူထားတဲ့ နွားနောက်၊ နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ကြက် တွေဖြင့် လှုုတန်းပါဝင်ကြတဲ့ မွေးမြူရေးတောင်သူတွေကိုလည်း…