Headlines

ချင်းညီနောင်ကို အစဉ်တစိုက် ထောက်ပံ့ကူညီတဲ့ AA နဲ့ မဟာမိတ်တွေအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ချင်းညီနောင် ၂ နှစ်ပြည့်မှာ ထုတ်ပြန်

ဒီဇင်ဘာလ ၃၀ ရက်။ ချင်းညီနောင်အဖွဲ့ကို အစဉ်တစိုက် ထောက်ပံ့ကူညီပေးတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)နှင့် တော်လှန်ရေးမဟာမိတ် တွေနဲ့ နိုင်ငံတကာက ​ေတာ်လှန်ပြည်သူတွေအားလုံးအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ် ပြည့်တဲ့ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ပါတယ်။ ချင်းညီနောင် စစ်ဆင်ရေးတွေမှာ အသက်၊ သွေး၊ ချွေး နှင့် အနာဂတ်ကို စွန့်လွှတ်ပေးဆပ် တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရ ရဲဘော်တွေ ကျဆုံးသွားတဲ့ ချင်းညီနောင်ရဲဘော်တွေနဲ့ မဟာမိတ်ရဲဘော်တွေ အားလုံးကိုလည်း လေးနက်စွာ တန်ဖိုးထား ဂုဏ်ယူအောက်မေ့ ကြောင်း ချင်းညီနောင် ၂ နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။ ပြည်သူလူထု ထောက်ခံမှု မဟာမိတ်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကြောင့် ချင်းညီနောင် အဖွဲ့ဝင်တွေ အခြေစိုက်ရာ မတူပီမြို့နယ်၊…

Read More

တီးတိန်မြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးကျည် ထိမှန်လို့ ကလေးငယ် ၁ ဦး သေဆုံး ပြီး ကလေး ၁ ဦး ဒဏ်ရာ ရ

ဒီဇင်ဘာလ ၃၀ ရက်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ခွဲ ခန့်မှာ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်၂၆၉ တပ်ရင်းမှ ရမ်းသမ်း ပစ်ခတ် သော လက်နက်ကြီး ကျည်ဟာ တီးတိန်မြို့နယ် ဆဲဇန်ရွာ အတွင်း ကျရောက် ပေါက်ကွဲ ခဲ့တာကြောင့် ကလေးငယ်အမျိုးသား ၁ ဦး သေဆုံး ခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ် လို့ ဒေသခံ များထံမှ သိရှိရပါတယ်။ သေဆုံးသူ ဖြစ်တဲ့ ၈ နှစ် အရွယ် Tg Pau Muan Sang ဟာ ညနေစာ စားပြီး အိမ်ရှေ့ လသာပြင်မှာ ပန်းကန် ဆေးနေစဉ် လက်နက်ကြီး…

Read More

တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့နယ်မှာစစ်ကော်မရှင်တပ်သား ၄ ဦး အရှင်ဖမ်းမိ၊လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိ

ဒီဇင်ဘာလ ၃၀ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ခွန်လီရွာဘက်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီး မနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းဆီးမိတာတွေရှိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတဲ့ကြောင်း ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “စစ်ရေးက တအားတင်းမာနေတဲ့အခြေအနေမှာရှိပါတယ် ခွန်လီဘက်မှာရှိတဲ့သူတွေက မနေ့တနေ့လောက်ကနေ စစ်ကြောင်းအသကုန်ထိုးလာတော့ မနေ့ညက ကျနော်တို့ဘက်ကလည်း ပြန်စစ်ကြောင်းပြန် ထိုးတာတွေရှိတော့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၄ ယောက်ဖမ်းမိတယ် လက်နက်သိမ်းထားတာတွေရှိတယ် ကျဆုံးတာတွေလည်း ၃ ယောက်လောက်ရှိတယ် အခုအဲဒီနေရာကို လက်နက်ကြီးနဲ့ အသကုန် ပြန်ဆော်နေတော့ စစ်ရေးအခြေအနေ တော်တော်တင်းမာတဲ့ အခြေအနေမှာ ရှိပါတယ်”လို့ ပြောပါတယ်။…

Read More

လေးစားရသော ချင်းနိုင်ငံရေးခေါင်းဆောင် John Mang Tling အကြောင်း အကျဉ်းချုပ်

By Shendus R.Lakher မရာ (ချင်း) လူငယ်တစ်ဦး၊ တော်လှန်ရေးလမ်းကြောင်းပေါ်တွင် ရှိနေသူတစ်ဦးအနေဖြင့် မရာ (ချင်း) လူမျိုးအတွင်း လေးစားအားကျရသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို စဉ်းစားမိတိုင်း ဦး မန်တလင်း (John Mang Tling) ကို အရင်ဆုံး သတိရမိသည်။ သို့သော်လည်း သူ့အကြောင်းကို ကျနော်ကိုယ်တိုင်လည်း နက်နက်ရှိုင်းရှိုင်း မသိခဲ့ဘဲ နာမည်ကိုသာ ကြားဖူးနားဝ ရှိခဲ့ခြင်းသာ ဖြစ်သည်။ မရာလူငယ်များသာမက ချင်းလူငယ်အများစုလည်း ထိုနည်းတူ ဖြစ်ကြမည်ဟု ယုံကြည်ပါသည်။ အကြောင်းမှာ John Mang Tling အကြောင်းကို ရေးသားထားသော စာပေမှတ်တမ်းများ အလွန်ရှားပါးနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်လှမ်းမီသလောက် သူ့အကြောင်းကို လေ့လာကြည့်ရာတွင် John Mang Tling သည် CNF ပေါ်ပေါက်မလာမီ၊…

Read More

ကလေးမြို့က လွှတ်တော်နေရာအားလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိ

ဒီဇင်ဘာလ ၂၉ ရက်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင် ကျင်းပတဲ့ ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း၊ကလေးမြို့ကလွှတ်တော်နေရာမဲဆန္ဒနယ် အားလုံးမှာပြည်ထောင်စု ကြုံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့တယ် လို့ Chin World Media ရဲ့ သတင်းအရင်းအမြစ်ထံမှ သိရှိရ ပါတယ်။ ကလေးမြို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ နှင့် ရှမ်းနီ (တိုင်းလျန်) ပါတီ တို့ယှဉ်ပြိုင်ခဲ့ ပြီး ကြံ့ခိုင်ရေးပါတီမှ ဒုတိယ မဲအရေအတွက် လိုက်သည့် တစည ပါတီကို ပြည်သူလွှတ်တော် မဲဆန္ဒနယ် မှာ မဲ အရေအတွက် ၈ ထောင်…

Read More

တီးတိန်မြို့နယ်မှာ ဇိုမီးအမျိုးသားပါတီက ၂ နေရာ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အနိုင်ရရှိ

ဒီဇင်ဘာလ ၂၉ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့ မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ဇိုမီးအမျိုးသားပါတီ(ZNP) က အမျိုးသားလွှတ်တော် (FPTP)မဲဆန္ဒနယ် နှင့် ပြည်နယ် လွှတ်တော် (FPTP)မဲဆန္ဒနယ်တို့မှာ လည်းကောင်း၊ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှာ လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့တယ်လို့ Chin World Media ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တီးတိန်မြို့ နယ် ရှိ တီးတိန်မြို့ နှင့် ခိုင်ကမ်းမြို့ တို့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် တီးတိန်မြို့ပေါ် ရပ်ကွက် (…

Read More

ဟားခါးမြို့မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက် ၃ ပါတီကို မဲ အပြတ်အသတ်နဲ့ အနိုင်ရ

ဒီဇင်ဘာလ ၂၉ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်တဲ့ ပါတီစုံဒီမိုက်ရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက် ပါတီ ၃ ပါတီကို မဲ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ Chin World Media ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ မနေ့က ဟားခါးမြို့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် မြို့ပေါ် ရပ်ကွက် ( ၈) ခုမှာ မဲရုံ (၁၂) ရုံ ထားရှိကာ ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့က ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။…

Read More

ဒီနေ့ ရွေးကောက်ပွဲနေ့မှာ ကလေးမြို့ပေါ်မှာလူအသွားအလာ မရှိသလောက်နည်းပါး

ဒီဇင်ဘာလ ၂၈ ရက်။ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပတဲ့ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒေသခံပြည်သူတွေဟာ အပြင်ထွက်သွားလာတာ မရှိသလောက်နည်းပါးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက ” အခြေအနေကတော့ ပြည်သူလူထုက အသံတိတ်သပိတ် လုပ်ကြတဲ့ ပုံစံမျိုးပဲ လမ်းတွေပေါ် လူကိုရှင်းနေတာပဲ ဒါကိုကြည့်ပြီး မဲရုံသွားပြီး မဲမပေးကြဘူးဆိုတာ သိနိုင်တာပေါ့ မဲပေးတဲ့သူတွေက သူတ်ို့ (စစ်ကော်မရှင်) နဲ့ မကင်းတဲ့သူတွေ သူတို့ကို ထောက်ခံတဲ့ အနည်းစုပဲရှိတယ်၊ ဈေးဆိုင်တွေလဲ ပိတ်ထားကြတယ် ဈေးဝယ်သူတွေလည်း မရှိကြဘူး လမ်းတွေပေါ်လဲ လူသွားလူလာ မရှိဘူး” လို့ပြောပါတယ်။ စစ်ကော်မရှင်က ကလေးမြို့ပေါ် မင်္ဂလာဥယာဉ်က အမှတ် (၁၀) ကျောင်း၊ အောင်သစ္စာက…

Read More

တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ကြေငြာ

ဒီဇင်ဘာလ ၂၈ ရက်။ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ် ၃ ခု အပါအဝင် မြန်မာ နိုင်ငံ တဝှမ်းရှိ မြို့နယ် ၉ ခုမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိတဲ့ အတွက် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန် ကြေငြာခဲ့ ပါတယ်။ ယင်းကြေငြာချက် အရ တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ်များ ရှိ သက်ဆိုင်ရာ ပြည်သူ့လွတ်တော် မဲဆန္ဒနယ် ၃ ခု၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်…

Read More

ဟားခါးနဲ့တီးတိန်မြို့က ပြည်သူတွေအနေနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ အပြင်ထွက်ခြင်းမလုပ်ဖို့အသံတိတ်သပိတ်လုပ်ဖို့ထုတ်ပြန်

ဒီဇင်ဘာလ ၂၆ ရက်။ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ရက်နီးကပ်လာချိန် ဟားခါးနဲ့တီးတိန်မြို့ပေါ်နှင့် ဒေသတွင်းက ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း အပြင်ထွက်တာ၊ခရီးသွားတာတွေ မလုပ်ဖို့ ၊အသံတိတ်သပိတ်လုပ်ဖို့ ၊ဟားခါးမြို့နယ်အခြေစိုက် CDF-Hakha နဲ့တီးတိန်မြို့နယ်အခြေစိုက် PDF Zoland တပ်ဖွဲ့က အသီးသီးထုတ်ပြန်ထားပါတယ်။ နေအိမ်၌သာ နေထိုင်ကာ အသွားအလာ သတိထားကြဖို့ နဲ့ ကျေးလက်နေပြည်သူတွေအနေဖြင့်လည်း ခရီးသွားလာတာ မပြုလုပ်ကြဖို့ လေးစားစွာ အသိပေးတယ်လို့ PDF Zoland ရဲ့ ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟားခါးမြို့နဲ့ တီးတိန်မြို့နယ် တွေမှာ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဟားခါးမြို့နယ်အခြေစိုက်…

Read More