ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ ဒီနေ့ စတင်ပြီလို့ ချင်းညီနောင်အဖွဲ့ ကြေညာ
ဒီဇင်ဘာလ ၂၂ ရက်။ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင်ပြီဖြစ်တဲ့အကြောင်း ပြည်သူလူထုကို အသိပေးတယ်လို့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဖလမ်းမြို့၊ မင်းတပ်မြို့တို့ကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့မရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်း နေရာတွေကို တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄၅ ဦးလည်း လက်နက်ခဲယမ်းတွေနဲ့ အတူ လက်နက်ချခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်နေ့က…

