Headlines

ကျောက်ထုကစစ်ရှောင်စခန်းမှာရေကြီးလို့ ချင်းစစ်ဘေးရှောင်သားအမိရေထဲမျောပါသေဆုံး

စက်တင်ဘာလ ၂၆ ရက်။ ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်၊မင်းတပ်မြို့နယ်နဲ့မကွေးတိုင်းမှမိုးသည်းထန်စွာရွာသွန်းပြီး ‌တောင်ကျချောင်း​ရေရုတ်တရက်စီးဆင်းလာတာကြောင့် စက်တင်ဘာ ၂၆ ရက်မှာ မင်းတပ်မြို့နယ်နဲ့မကွေးတိုင်းအစပ်ကျောက်ထုမြို့က ချင်းစစ်ဘေးရှောင်တွေနေထိုင်တဲ့တောင်ဇလပ်စစ်ဘေးရှောင်စခန်းတွေအားလုံးရေလွှမ်းမိုးကာ အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ ရေထဲမျောပါ သေဆုံးသွား​ကြောင်း မင်းတပ်ဒေသခံတွေဆီကသိရပါတယ်။ လက်ရှိအချိန်အထိ ရေထဲမျောပါသေဆုံးသွားတဲ့ ကလေးငယ်ရဲ့ရုပ်အလောင်းကိုသာတွေ့ပြီးမိခင်ဖြစ်သူရဲ့ရုပ်အလောင်းကိုမတွေ့သေးကြောင်းသိရပါတယ်။ ၂၀၂၁ ခုနှစ်ကစပြီး ချင်းပြည်နယ် မင်းတပ်၊ကန်ပက်လက်မြို့နယ်မှာ ဖြစ်ပေါ်လာတဲ့တိုက်ပွဲ ပဋိပက္ခများကြောင့် မကွေးတိုင်းကျောက်ထုမြို့နဲ့ဆောမြို့မှာ ချင်းပြည်နယ် မင်းတပ်က စစ်ဘေးရှောင်လူဦးရေထောင်ချီ လာရောက်ခိုလှုံနေထိုင်ကြတာဖြစ်ပြီး လတ်တလောမှာ အခုရက်ပိုင်းမှာမိုးများပြီးရေကြီးလို့ ကျောက်ထုနယ်၊ဆောနယ်က ချင်းစစ်ဘေးရှောင်စခန်းတွေအားလုံးရေနစ်မြုပ်နေကြောင်းသိရပါတယ်။

Read More

မင်းတပ်မြို့က အရပ်သားနေအိမ် ၅ လုံးထက်မနည်း ထပ််မံမီးရှို့ခံရ

စက်တင်ဘာလ ၂၆ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင် MPT ရုံးနဲ့ နမ့်ထာရပ်ကွက်ဘက်သွားတဲ့ ကြားလမ်းက အရပ်သားပြည်သူနေအိမ် တွေကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့စက်တင်ဘာလ ၂၆ ရက်နေ့ မှာ ထပ်မံမီးရှို့ခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့ဒေသခံတစ်ဦးက “အခုတော့ လောင်သေးသလားတော့ မသိရတော့ဘူးမိုလည်း အုံနေတော့။ နေအိမ် ၅ လုံးလောက်တော့ရှိမယ် မီးလောင်တာက အဝေးကနေ ဆိုတော့ သေချာမသိရသေးဘူး။ အခုလောင်တဲ့ နေရာတွေက အိမ်ရှင်တွေက စစ်ဘေးရှောင်နေကြတယ်”လို့ပြောပါတယ်။ အရပ်သားနေအိမ် ၅ လုံးတော့မီးလောင်တယ်လို့ သိရပြီး နောက်ထပ် နေအိမ်ဘယ်နှလုံးလောင်တယ်ဆိုတာတော့ မသိသေးရဘဲ အဲဒီမီးလောင်တဲ့ အိမ်တွေက အိမ်ရှင်တွေဟာလည်း စစ်ဘေးရှောင်နေကြတယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ ချင်းဒေသကွယ်ရေးတပ်ဖွဲ့ဘက်က သူတို့ကို(စစ်ကောင်စီတပ်ဖွဲ့) သွားရောက်တိုက်ခိုက်ချင်ရင် မြင်ရအောင်လို့ မြင်ကွင်းရှင်းတယ်လို့ပဲ ယူဆတဲ့ကြောင်း…

Read More

မလေးရှားက ကုလ(UN )ရုံးရှေ့မှာ ချင်းဒုက္ခသည်တွေနဲ့ CDM ဝန်ထမ်းတွေက UN က စောင့်ရှောက်မှုအမြန်ဆုံးပေးဖို့ ဆန္ဒပြတောင်းဆို

စက်တင်ဘာလ ၂၆ ရက်။ မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM ဝန်ထမ်းတွေကို ကုလ (UN) ရဲ့စောင့်ရှောက်မှု အမြန်ဆုံး ေပးဖို့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ကုလ(UNHCR )ရုံးရှေ့မှာ ချင်းဒုက္ခသည်တွေက ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြတယ်လို့ သိရပါတယ်။ ဆန္ဒပြတဲ့အထဲပါဝင်သူ တစ်ဦးက “ဆန္ဒပြတဲ့ထဲမှာ CDM တွေရောဒုက္ခသည်တွေလည်းပါတာပေါ့နော် အကုန်လုံး ၃ ရာကျော်နည်းပါး လောက်ရှိမယ်။ အဓိကတော့ စစ်အာဏာသိမ်းပြီးနောက်ပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် CDM သမားတွေ ချင်းပြည်သူတွေက မလေးရှားကို တရားမဝင်လမ်းကြောင်းကနေ အများဆုံးရောက်လာတယ် မလေးရှား ရောက်နေတဲ့ CDM သမားနဲ့ဒီအရပ်သားစစ်ပြေးဒုက္ခသည်တွေက UN ရဲ့စောင့်ရှောက်မှုမရကြဘူးပေါ့နော် အဲဒါ UN ရဲ့…

Read More

အာရက္ခတပ်တော်(AA)က တပ်သားစုဆောင်းနေလို့ အမ်းမြို့နယ် ချင်းရွာတွေက ဒေသခံချင်းလူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြရ

စက်တင်ဘာလ ၂၅ ရက်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ချင်းရွာတွေမှာ အာရက္ခတပ်တော် (AA)က ကျေးရွာလုံခြုံရေးအတွက်ဆိုပြီး လူငယ်တွေကို မဲနှိုက်စနစ်နဲ့ တပ်သားစုဆောင်းနေလို့ ဒေသခံချင်းလူငယ် အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံလူငယ်တချို့သတင်းပေးပို့ချက်အရသိရပါတယ်။ အမ်းမြို့နယ်ထဲက သရွဲရွာ၊ တာဖျားရွာ၊ မဝှမ်းရွာ၊ ရှုးချင်းရွာ ၊ ဒုကန်ရွာ၊ မဲတန်ကြိုးရွာ၊ ဖောင်တော်ဦးရွာ၊ မဲလက်မောင်းရွာ စတဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ကျေးရွာတွေက ဒေသခံချင်းလူငယ်တွေကို ကျေးရွာလုံခြုံရေးအတွက် ဆိုပြီး အာရက္ခတပ်တော် (AA)က မဲနှိုက်စနစ်နဲ့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ လုပ်နေတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံလူငယ် တစ်ဦးက “မဲမနှိုက်ချင်ကြတော့ ဒေသခံလူငယ်တွေက အမ်းမြို့နဲ့ ရန်ကုန်ကို ပြေးကြတယ် ပြေးတဲ့သူတွေမှာလည်း တက္ကသိုလ်ကျောင်းသားတွေပဲ သွားလို့ရတယ် ကျောင်းသားမဟုတ်တဲ့သူတွေတော့ ရန်ကုန်နဲ့ အမ်းကို ဝင်လို့မရဘူး ရွာကနေ…

Read More

တွန်းဇံမြို့မှာ ဆေးရုံ ပြန်လည် ဖွင့်လှစ် နိုင်ခြင်း မရှိသော်လည်း တွန်းဇံမြို့နယ် ကောင်စီမှ ဆေးခန်း ၁ ခု ဖွင့်ထားနိုင်ပြီဖြစ်ကြောင်းသိရ

စက်တင်ဘာလ ၂၅ ရက်။ Chinland Council ပူးပေါင်းတပ်မှ သိမ်းပိုက် ထိန်းချုပ်ထားသော တွန်းဇံမြို့မှာ ဆေးရုံပြန်မဖွင့်နိုင်သေးပေမယ့် မြို့နေ ပြည်သူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် Tonzang Township Council မှ ဆေးခန်း တစ်ခု ဖွင့်လှစ် ထား နိုင်ပြီ ဖြစ်ကြောင်း Chin World Media မှ စုံစမ်း သိရှိခဲ့ ရပါတယ်။ “ကျန်းမာရေး ပိုင်းကို ကျန်းမာရေးကော်မတီက ဦးစီးပြီး လုပ်တာပါ။ ပြည်သူ့ဆေးရုံမှာ တော့ ဖွင့်မထားဘူး။လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်တဲ့ အနေနဲ့ နေရာတော့ ပြောလို့ အဆင် မပြေဘူး” လို့ CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောပါတယ်။ “ဆေးရုံဖွင့် လိုက်ရင် ညအိပ်ပြီး…

Read More

စစ်ဘေးရှောင်၂၀၅ ဦး မီဇိုရမ်ပြည်နယ်ထဲထပ်မံခိုလှုံ၊မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ၃သောင်း ၄ ထောင်ခန့်ရှိပြီဖြစ်ကြောင်းမီဇိုရမ်ပြည်နယ်အစိုးရထုတ်ပြန်

စက်တင်ဘာလ ၂၅ ရက်။ မီဇိုရမ်ပြည်နယ်အစိုးရရဲ့မှတ်တမ်းအရ စက်တင်ဘာလ ဒုတိယအပတ်က မြန်မာစစ်ဘေးရှောင် ၂၀၅ ဦးဟာ ခေါဇောလ်ခရိုင်ထဲ ဝင်ရောက်လာခဲ့ကြပြီး လက်ရှိမီဇိုရမ်ပြည်နယ်တစ်ခုလုံးမှာ မြန်မာစစ်ဘေးရှောင် ၃၃၉၆၁ ဦးရှိပြီဖြစ်ကြောင်း All india Radio News Aizawl ကသတင်းဖော်ပြပါတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကဒုက္ခသည်တွေနဲ့ မကွေးတိုင်းဘက်က ဒုက္ခသည်အနည်းငယ် စုစုပေါင်း ၂၀၅ ဦးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ခေါဇောလ်ခရိုင်ထဲ အခုလ စက်တင်ဘာလ ဒုတိယအပတ်လောက်မှာ ထပ်မံခိုလှုံလာတယ်လို့ သိရပါတယ်။ အသစ်ရောက်လာတဲ့သူတွေဟာ တိုက်ပွဲကို ကြိုရှောင်လာသူတွေလည်းရှိသလို တချို့က ဆေးဝါးကုသဖို့ ပြောင်းလာကြတာတွေဖြစ်ပြီး လက်ရှိ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတာရှိသလို တချို့က အိမ်ဌားနေကြတာလည်း ရှိတယ်လို့လည်း သိရပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရမှတ်တမ်းအရမီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြသော မြန်မာစစ်ဘေးရှောင်များဟာ ဒေသတွင်းရှိ ခရိုင်…

Read More

AA ကိုအခွန်ပေးရတာများတာနဲ့လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ပလက်ဝမှာကုန်ဈေးနှုန်း အဆမတန်ဈေးကြီးနေတယ်လို့ သိရ

စက်တင်ဘာလ ၂၅ ရက်။ အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန်ဈေးကြီးရတာဟာ ဂိတ်တွေမှာ AA ကိုအခွန်ပေးရတာများတာနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် လို့ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိပလက်ဝမြို့နယ်မှာ ရိုးရိုးဆန်ကြမ်းတစ်အိတ်ကို တစ်သိန်းခွဲကျပ်၊ ဆားတစ်ပိသာ တစ်သောင်းကျပ်၊ premier ကော်ဖီ အထုတ်ကြီးတစ်ထုတ်ကို သုံးသောင်းကျပ်နဲ့ ဓာတ်ဆီ ၁ ဂါလံကို ၅သောင်းခွဲအထိ ဈေးရှိနေကြောင်းပလက်ဝဒေသခံတွေဆီကသိရပါတယ်။ ပလက်ဝဒေသခံ တစ်ဦးက “ပလက်ဝမြို့နယ်မှာဆိုရင် မင်းတပ်၊ ကန်ပက်လက်၊ အစပ်ဘက်က လူတွေကျတော့ မကွေးဆောဘက်ကနေ ယူကြတယ် ပလက်ဝ အနီးတဝိုက်က အောက်ပိုင်းလို့ ပြောရမှာပေါ့ အဲဒီကလူတွေကြတော့ ရခိုင်ဘက်ကနေ အဓိကဝယ်ယူတင်သွင်းနေတယ်ပေါ့ ပလက်ဝမြို့ကစပေါ့ အိန္ဒိယနယ်စပ်ဘက်က မီဇိုရမ်ပြည်နယ်ဘက် လောင်တလိုင်ဘက်ကနေ ဝယ်ယူနေကြရတာပေါ့ ဆီတွေကြတော့ လောင်တလိုင်ကနေ အဓိက တင်သွင်းတာပေါ့ ကုန်ပစ္စည်းတွေ…

Read More

တီးတိန်မြို့တွင်းတိုက်ပွဲကာလအတွင်း မီးလောင်ပြာကျသွားတဲ့အိမ်ပိုင်ရှင်များ အိမ်ပြန်လည်တည်ဆောက်ခြင်းမပြုလုပ်နိုင်သေးပဲခက်ခဲစွာရှင်သန်နေရ

စက်တင်ဘာလ ၂၄ ရက်။ တီးတိန် မြို့တွင်း တိုက်ပွဲ ကာလ အတွင်း မီးလောင်ပြာကျ သွားတဲ့နေအိမ် ၇၁ အိမ် အတွက် စစ်ကောင်စီ ဘက်မှ မည်သည့် အကူအညီမှ မပေးထားသလို အိမ်ပိုင်ရှင်များ အနေနဲ့လည်း နေအိမ် များကို ပြန်လည် တည်ဆောက် ခြင်း မရှိသေးကြောင်း အိမ်ဆုံးရှုံးခဲ့တဲ့မိသားစုများခက်ခဲစွာရှင်သန်နေရတယ်လို့ တီးတိန်မြို့တွင်းတိုက်ပွဲကာလအတွင်း နေအိမ် မီးလောင်ပြာကျခဲ့သူ လူငယ် တစ်ဦးထံမှ သိခဲ့ရပါတယ်။ “နေအိမ် ပြာကျ သွားတဲ့ မိသားစုဝင် အများစုက ကလေးမြို့မှာပဲ အိမ်ငှားပြီး ခိုလှုံကြတယ်။ နေ့စား အလုပ်တွေ ဝင် လုပ်ကြတာ များတယ်။ ဝက်၊ ကြက် တွေ မွေးတဲ့ လူလည်း ရှိလာတယ်။ တချို့ကတော့ သူတို့ရဲ့ သား‌တွေကို…

Read More

အိန္ဒိယအစိုးရက NUG အပါအဝင် ချင်း၊ရခိုင်နဲ့ ကချင်လက်နက်ကိုင်တွေကို ဆွေးနွေးပွဲ ဖိတ်ကြားထား

စက်တင်ဘာလ ၂၄ ရက်။ အိန္ဒိယအစိုးရက နယူးဒေလီမှာ နိုဝင်ဘာ လလယ်လောက်မှာ ကျင်းပမယ့် “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်” ဆွေးနွေးပွဲမှာ တက်ရောက်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ချင်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်တို့က တိုင်းရင်းသား လက်နက်အဖွဲ့တို့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေး အတိုက်ခံတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF), NUG, AA, KIA တို့ဟာ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ လက်နက်ကိုင်တွေလည်း ဖြစ်သလို အိန္ဒိယနိုင်ငံဟာ သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ တိုက်ပွဲပဠိပက္ခတွေ အပြင်းအထန်ဖြစ်ပွားနေလို့သူတို့ရဲ့ အခြေခံအဆောက်အဦး စီမံကိန်းတချို့တည်ရှိတဲ့ နယ်စပ်မှာ မတည်မငြိမ်ဖြစ်စေတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နေရပါတယ်။ အိန္ဒိယအစိုးရဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ချင်း၊ ရခိုင်နဲ့…

Read More

မဟာမြိုင်လမ်းနဲ့အနှစ်နှစ်ဆယ် ကျော်လွန်ပြီးမှနဖူးတွေ့ဒူးတွေ့ အသစ်တဖန်ပြန်လည်တွေ့ဆုံခြင်း‌နေ့စွဲ မှတ်တမ်းများ

ကျွန်တော်ဖြတ်သန်းလာခဲ့သောကားသမားဘဝရဲ့ တစ်ဆစ်ချိုးအချို့သောနေ့ရက်စာမျက်နှာတွေမေ့ပျောက်ထိန်ချန်ထားလို့မရပါဘူး By Khual Pi September 22,2024 စစ်ကိုင်း အုန်းတော ဆားတောင်(ဆိတ်ခွန်)မရောက်ခင် လမ်းဘေးယာယီတဲထိုးလေးနဲ့ဆိုင်ငယ်လေးမှာ ငါးခေါင်းမြူစွံ စွပ်ပြုတ်လေးသောက်လိုက်ရတာ အရသာအလွန်ကောင်းလိုက်ပါဘိ။ဘယ်ယိမ်းညာယိမ်းနဲ့ ကားမလှဲရုံတမယ်ထိန်းသိမ်း‌မောင်းနှင်ခဲ့ရပြီးကုလားအုတ်‌ကျောကုန်းပြင်ကြီးလိုပဲ မြင့်လိုက်နိမ့်လိုက်နဲ့(ညောင်လှ မူးဘောင်)နွားလှည်းလမ်းပေါ်မှာလည်းကားမောင်းခဲ့ဖူးပါပြီ။ (ကံထူးမ)မရောက်ခင်က (တမတော)ဆိုတဲ့အရပ်လမ်းဘေးထမင်းဆိုင်က တောတဲလေးထဲမှာအိပ်မက်လိုလို တကယ့်အဖြစ်အပျက်လိုလိုနဲ့မသဲကွဲပါဘူးတစ်ညလုံးဘီလူးစီးခံ အိပ်‌ရေးပျက်ခဲ့ဖူးပါပြီ။ လမ်းခရီးကကြမ်း‌တမ်းနေပါတယ်ဆိုမှအရေးထဲမှာ ဘယ်ဖက်လက်ပြန်ကျောငုပ်နေတော့(တောဂျင်)ကအနှိပ်ကျွမ်းကျင်အဖွားရဲ့ လက်တော်နဲ့ဝေဒနာသက်သာရာ ရခဲ့ပါတယ်လမ်းကြောင်းအခြေအနေလေး နားစွင့်ရင်း(တောဂျင်)မှာ မနက်တိုင်း ကြက်ဥပလာတာနဲ့ပေါ့ဆိမ့်လ္ဘက်ရည်‌လေးသုံးဆောင်ရင်းနဲ့သုံးညလောက်‌တော့ အိပ်လိုက်ကြဦးပေါ့(တောဂျင်)မှာသုံးညလောက် ကျောခင်းပြီးခါမှခရီးကြမ်းပြန်ဆက်ကြတာ ရှေ့မှာ တသီတတန်းကြီးနဲ့ လာပါပြီ …. တွေ့ပါပြီ ….ရွံ့ဗွက်နွံအိုင်အပြည့်နဲ့ ဆိုးရွားလွန်းတဲ့ (၅၃)မိုင်စယာတိုင်ထိန်းသလို မလိုက်လာချင်တဲ့ S ကွေ့ချွေးတဒီးဒီးနဲ့ အံကြိတ်ပြီးမောင်းနှင်လာခဲ့တာပျဉ်းကိုင်း/ဇလုမ္မ ဆိုသည့်အရပ် (ဆွေသဟာ)အန်တီပြုံးရဲ့ထမင်းဆိုင်ရှေ့ကိုတော့ ရောက်လာကြပါပြီ။ ကျွန်တော်မှတ်မိသလောက်ပြောရရင်တော့ဟိုတုန်းက ပျဉ်းကိုင်းရွာထဲမှာပဲ ထမင်းဆိုင်ရှိပါသည်။ယခုအခါ ပျဉ်းကိုင်း/ဇလုမ္မဆိုတဲ့အရပ်မောက္ကတော်ချောင်းစပ်မှာထမင်းဆိုင်ပေါင်း(၁၀)ဆိုင်ထက်မက ရှိနေပါပြီ။ဟိုအရင်တုန်းက မောက္ကတော်ချောင်းစပ်သဲသောင်ပြင်ထိပ်မှာကားသမားတွေပေးလှူထားသည့် (100/200)လေးတွေလက်ခံပြီး သူ့ဟာသူ လမ်းပြင်နေရှာသည့်…

Read More