တီးတိန်မြို့ခံတစ်ဝက်ခန့် မြို့ကိုစွန့်ခွာကြ သော်လည်း ပစ္စည်းသယ်ယူရန် ဝင်ထွက်သွားလာသူ များနေဆဲ ဖြစ်
ဇန်နဝါရီလ ၁၈ ရက်။ မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် လူဦးရေ ၁ သောင်းခွဲခန့်နေထိုင်တဲ့ တီးတိန်မြို့မှာ မြို့နေ လူထု တစ်ဝက်ခန့် မြို့ကို စွန့်ခွါကာစစ်ရှောင်ကြပြီ ဖြစ်သော်လည်း မြို့ခံပြည်သူများအနေဖြင့် ပစ္စည်းများ သယ်ယူရန် ဝင်ထွက် သွားလာသူများနေဆဲဖြစ်ကြောင်း တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိရပါတယ်။ “တီးတိန်မြို့ရဲ့ လမ်းမကြီး ဖြစ်တဲ့ ကမ်းဟောက် လမ်းမ တလျှောက် ဆိုရင် အကုန်လုံး နီးပါး ထွက်ပြေး ပြီ။ မြို့ ရပ်ကွက် မှာရှိတဲ့ ရဲစခန်း၊ တပ်ကုန်း နှင့် နီးတဲ့ ရပ်ကွက်တွေမှာ ဆိုရင် ဘယ်သူမှ မရှိတော့ဘူး။ ပစ္စည်းတွေ ပြန်ယူဖို့ နေအိမ်တွေ ပြန်ကြည့် ဖို့ ပြန်လာ ကြတဲ့ လူတွေလည်း ရှိတယ်။ တချို့က…

