
တီးတိန်မြို့နယ်မှာ ထောပတ်သီးနဲ့မျောက်ငိုသီးကို စတင် ဝယ်ယူလာကြ
နိုဝင်ဘာလ ၂၁ ရက်။ ချင်းပြည်နယ် တီးတိန်မြို့နယ် အနောက်ဘက်ခြမ်း ဒေသတွေမှာ နှစ်ရှည်ပင် အသီးများဖြစ်တဲ့ ထောပတ်သီး နှင့် မျောက်ငိုသီးများ ဈေးကောင်း မရသေးသော်လည်း ဝယ်လက်များမှ စတင် ဝယ်ယူနေပြီလို့ ဒေသခံများ ဆီကနေ သိရှိရပါတယ်။ ” ထောပတ်သီး တအိတ်ကို ၆ သောင်း လောက်နဲ့ စုဆောင်း ဝယ်ယူ နေကြပါတယ်။ အရင်နှစ် ကလည်း အဲလောက် နဲ့ပဲ ဝယ်ကြတာ ဆိုတော့ ငွေကြေး ဖောင်းပွနှုန်း နဲ့ဆို ကျတယ် လို့ ပြော လို့ရတယ်။ မျောက်ငို ကတော့ နည်းနည်း နုသေးတယ်။ လက်ရှိမှာ တထောင့်ကို ကျပ် ၁၀၀ နဲ့ ဝယ်ကြတယ်။ အရင်နှစ် ကဆို ရာသီ…