
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦး လက်နက်တွေနဲ့အတူ CDF – Hakha ထံ အလင်းဝင်
ဇန်နဝါရီလ ၂၁ ရက်။ ဟားခါးမြို့မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးဟာ လက်နက်တွေနဲ့ အတူ Chinland Defence Force – Hakha (CDF – Hakha) ထံ CDM လုပ်ပြီး ပူးပေါင်းလာတယ်လို့ CDF – Hakha က ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ချင်တယ်ဆိုပြီး ဟားခါးမြို့က ပြည်သူ့စစ် ၄ ဦးဟာ ဇန်နဝါရီလ ၈ ရက်နေ့နဲ့ ၁၄ ရက်နေ့တုန်းက လက်နက်တွေနဲ့အတူ (CDF – Hakha)ထံ လာရောက် ပူးပေါင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ အခုလို(CDF – Hakha)ထံ CDM…