Headlines

ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေပြည်လည်ထူထောင်နိုင်ရေး ကျပ်သိန်း ၅၀၀ ကျော် UFC ဖိုက်တာ ချင်းလူငယ် Joshua Van က ထပ်မံလှူဒါန်း

မေလ ၁၆ ရက်။ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် UFC ဖိုက်တာ ချင်းလူငယ် Joshua Van က ကျပ်သိန်း ၅၀၀ ကျော် ထပ်မံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ UFC ချင်းလူငယ်ဖိုက်တာ Joshua Van က ငလျင်ဒဏ်ခံစားရတဲ့ မြန်မာပြည်သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် Chinland Foundation ကနေတဆင့် သိန်းပေါင်း ၅၀၀ ကျော် ကို လှူဒါန်းခဲ့တာလို့ Chinland Foundation ဥက္ကဌ Thawng Tha Thang က ဒီကနေ့မေလ ၁၆ ရက်မှာ ၎င်းရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်ကနေတဆင့် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ငလျင်ဘေးစဖြစ်ဖြစ်ခြင်းတုန်းက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်လည်း UFC ချင်းလူငယ်ဖိုက်တာ Joshua Van က…

Read More

ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) အရာရှိတစ်ဦးက ခရစ်ယာန်ပါစတာ ၁ ဦးကို အကြောင်းမဲ့ ရိုက်နှက်၊ထိုးကြိတ်ခဲ့တယ်လို့ သိရ

မေလ ၁၆ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာက ခရစ်ယာန်အမှုတော်ဆောင်သိက္ခာတော်ရ ပါစတာ ဆရာဦးလိုဒိန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ AA အရာရှိတစ်ဦးက အကြောင်းမဲ့ ရိုက်နှက်၊ ထိုးကြိတ်ခဲ့လို့ ဒီကနေ့ အချိန်ထိ ဆရာဦးလိုဒိန်းဟာ ဆေးကုသနေရတယ်လို့ ကာယကံရှင်ပြောပြချက်အရ သိရပါတယ်။ သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းဟာ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်(MBC) က အသိမှတ်ပြု ဓမ္မဆရာမှတ်ပုံတင်ကဒ်အမှတ် ၁၂၁၂၄ ကိုင်ဆောင်သူ တစ်ဦးဖြစ်ပြီး ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ သာသနာပြုနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းက “ ဧပြီလ ၁၇ ရက်နေ့ညက ဘုရားဝတ်ပြုအပြီးပြန်လာတာက ၈ နာရီချိန်လောက်ဖြစ်မယ် ဘုရားကျောင်းအပြန်မှာ AA တပ်သားတစ်ယောက်က…

Read More

လမ်းမှာ ကြန့်ကြာမှု ရှိသော်လည်း ဟားခါး – ရန်ကုန် ယာဉ်လိုင်းများ ပုံမှန် ပြေးဆွဲနေ 

မေလ ၁၅ ရက်။ ဟားခါး-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် လမ်းမှာရက်ကြန့်ကြာမှုများ ရှိသော်လည်း ယခုကာလ အတွင်း ပုံမှန် ပြေးဆွဲကြောင်း၊ယာဉ်လိုင်း တစ်ခုရဲ့ တာဝန်ရှိသူမှ Chin World Media ကို ပြောပါတယ်။   “ဒီနှစ် အတွင်းမှာတော့ ကျွန်မတို့ ဟားခါး-မန်း ကားဂိတ် အနေနဲ့ ခရီးသည်တင် မှန်လုံကားကြီးတွေကို တစ်ပတ် ၃ ကြိမ် အနည်းဆုံး ပြေးဆွဲ ပေးခဲ့ ပါတယ်။ ပုံမှန် အားဖြင့် လမ်းမှာ သုံးလေးရက် ကြာတတ်ပါတယ်။ အခုက ခရီးသည်တင် ကားသေး၊ အံစာတုံးကားတွေပါ ပြေးဆွဲမှာ ဆိုတော့ မှန်လုံကားကြီး ပြေးဆွဲမှု အကြိမ်ရေ လျော့ကျ နိုင်တယ်။ ကားသေး တွေနဲ့ ဆိုရင် ပိုမြန်လာ…

Read More

The military council’s airstrike on Mindat Township today killed 3 people, including a child, and injured around 10 others

May 15. The military council’s airstrike on a village in Mindat Township, Chin State, at 9:40 a.m. today, May 15, killed 3 people, including a local child, and injured around 10 others, according to residents of Mindat. A local resident said, “Three people were killed, two Chins and one Burmese. The Burmese was a married…

Read More

မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီနေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး၊ ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရ

မေလ ၁၅ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီ ၄၀ မိနစ်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသခံ ကလေးငယ်အပါအဝင် လူ ၃ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “သုံးယောက်သေဆုံးတယ် ချင်း ၂ ယောက်နဲ့ ဗမာတစ်ယောက်ပေါ့ အဲဒီဗမာတစ်ယောက်က အဲဒီရွာမှာ အိမ်ထောင်ကျပြီးနေတဲ့ ဗမာတစ်ယောက်ဖြစ်တယ် ထိခိုက်ဒဏ်ရာရတာကတော့ ၁၀ ဦးလောက်ရှိတယ် နေအိမ်ကတော့ ၆ လုံးလောက်မီးလောင်ပျက်စီးသွားတယ်” လို့ပြောပါတယ်။ ဒီနေ့မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးဟာ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသူတွေဟာ…

Read More

မတူပီမြို့နယ်မှာ ပြည်သူလူထုကိုအခမဲ့ဆေးကုသပေးနိုင်ဖို့ ဆေးဝါးအခက်အခဲရှိနေကြောင်း MTHD က ပြော

မေလ ၁၅ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ Matupi Township Health Department ( MTHD ) အဖွဲ့မှာ ဆေးဝါးအခက်ခဲတွေရှိနေတာကြောင့် ပြည်သူလူထုကို ဆေးကုသမှုတွေကို လုံးဝအခမဲ့ မပေးနိုင်သေးကြောင်း MTHD က တာဝန်ရှိသူတစ်ဦးက Chin World မီဒီယာကို ပြောပါတယ်။ မတူပီမြို့ကို မနှစ် ၂၀၂၄ ခုနှစ်၊ဇွန်လ ၂၉ ရက်မှာ ချင်းညီနောင်အဖွဲ့ကသိမ်းပိုက်ပြီးနောက်ပိုင်း လူထုကျန်းမာရေးစောင့်ရှောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ MTHD အဖွဲ့ဟာ မတူပီမြို့နယ်အတွင်းက မိခင်နဲ့ ကလေးငယ် ကာကွယ်ဆေးထိုးတာတွေ အပြင် ကျေးရွာတွေကို တစ်လတစ်ကြိမ် Mobile Visit သွားတယ်လို့လည်း သိရပါတယ်။ MTHD က တာဝန်ရှိသူတစ်ဦးက “မေလထဲမှာလည်း မိခင်နဲ့ ကလေးငယ်တွေကို…

Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း နေအိမ်တချို့ဖျက်ဆီးခံရတာ၊ ပစ္စည်းပျောက်တာတွေအပေါ် ဒေသခံပြည်သူတွေကို တောင်းပန်ကြောင်း CNO ထုတ်ပြန်

မေလ ၁၅ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ (၅) လ ကာလတာအတွင်း မြို့တွင်းနေအိမ်တချို့ ဖျက်ဆီးခံရတာ ပစ္စည်းပျောက်တာတွေရှိခဲ့တဲ့ပေါ် ဖလမ်းမြို့ခံပြည်သူတွေကို တောင်းပန်တဲ့အကြောင်း ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားအဖွဲ့ချုပ်(CNO) က မေလ ၁၄ ရက်နေ့မှာအသိပေးစာထုတ်ပြန်ပါတယ်။ ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ပွဲတွေအတွင်း ဖလမ်းမြို့ထဲက နေအိမ်တွေ၊ဘုရားကျောင်းတွေ ပျက်စီးတာတွေ မြင်တွေ့ရတာ စိတ်မကောင်း၊ ဝမ်းနည်းမိကြောင်းကိုလည်း CNO ကဖော်ပြထားပါတယ်။ “ မြို့တွင်းပြည်သူလူထုရဲ့ အိမ်တွင်းပစ္စည်းတွေအားလုံးကို မကာကွယ်ပေးနိုင်ခဲ့တဲ့အပေါ် ဘုရားသခင်နာမနဲ့ တောင်းပန်ချင်တယ် ဒီနေရာမှာ နားလည်ပေးဖို့ တောင်းဆိုချင်တာက တိုက်ပွဲနိုင်ဖို့တစ်ခုကိုဘဲ အရေးကြီးဆုံးအဖြစ်ထားပြီး စိတ်နှလုံးပုံအပ်ထားတော့ မြို့ကိုကာကွယ် စောင့်ရှောက်ဖို့ကြိုးစားရဲ့သားနဲ့ ပြည်သူတွေရဲ့ အိမ်တွေ၊ပစ္စည်းတွေ ဖျက်စီးခံရတာ ပျောက်တာတွေ ရှိခဲ့တယ်” လို့ CNO က ဆိုပါတယ်။ မြင်တွေ့ရတဲ့ ပစ္စည်းတချို့ကိုလည်း…

Read More