
ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ခြေကျင်နဲ့စစ်ရှောင်လာတဲ့ ချင်းလူမျိုး Bawm မျိုးနွယ်စုအချို့ကို မီဇိုရမ်ပြည်၊Lawngtlai ခရိုင်က အာသံရိုင်ဖယ်တပ်က ၎င်းတို့စခန်းမှာခိုလှုံခွင့်ပေးထား
ဇန်န၀ါရီလ ၁၀ ရက်။ ခရစ်စမတ်ကာလကတည်းက ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ်ကနေ အိန္ဒိယနိုင်ငံဖက်ကိုစစ်ဘေးရှောင် ဖို့ ခြေကျင်နဲ့လျှောက်လာတဲ့ ချင်းလူမျိုး Bawm မျိုးနွယ်စု လူဦးေရ ၃၀ ခန့် ကို မီဇိုရမ်ပြည်နယ် Lawngtlai ခရိုင်တွင်းရောက်ရှိလာခဲ့တဲ့အတွက် Tuithumhar ကျေးရွာရှိအာသံရိုင်ဖယ်တပ်စခန်းမှာ ခိုလှုံခွင့်ပေးထားလျက်ရှိနေကြောင်း ခရိုင်ရဲတပ်ဖွဲ့က ဇန်န၀ါရီလ (၉)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထိုသို့ ခရစ်စမတ်ကာလကတည်းက ခြေကျင်နဲ့ စစ်ရှောင်ဖို့ထွက်လာသူများမှာမွေးကင်းစကလေးငယ် (၉) ဦးအပါအဝင် ကလေးငယ်ပေါင်း ၁၅ ဦး၊ အမျိုးသား (၈) ဦး၊အမျိုးသမီး (၅) ဦးတို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ မြန်မာနိုင်ငံနယ်စပ်စစ်တကောင်းတောင်တန်းဒေသရှိ Bandarban ခရိုင်ရှိ ခမ်တလန်ပါရာ ကျေးရွာနဲပေါက်ခန်းကျေးရွာကနေ စစ်ရှောင်လာတာဖြစ်တယ်လို့ အာသံရိုင်ဖယ်စခန်းကိုသွားရောက်ကြည့်ရှုခဲ့တဲ့ Hruitezawl ကျေးရွာကောင်စီဥက္ကဌ Rinsanga ကပြောပါတယ်။ သူက…