Headlines

မိုးကြီးလို့ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်မြို့က နေအိမ်(၅)လုံးနှင့်တည်းခိုခန်း (၁)လုံးပြိုကျ

မေလ ၃၁ ရက်။ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုကြောင့် မနေ့ မေလ ၃၀ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ဘဇားရ်ရပ်ကွက် (Bazar Veng) နှင့် ချန်းမာရီရပ်ကွက်(Chandmary) မှာနေအိမ်(၅)လုံးနှင့် တည်းခိုခန်း (၁)လုံးမြေပြိုကျပျက်စီးသွားပြီး တည်းခိုခန်းပြိုကျမှုကြောင့်ပိတ်မိနေတဲ့သူ(၆)ဦးကို လက်ရှိအချိန်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်သတင်းမီဒီယာများကဖော်ပြထားပါတယ်။ မြေပြိုကျတဲ့ တည်းခိုခန်းမှာပိတ်မိပြီးလွတ်မြောက်လာသူတွေဟာရခိုင်ပြည်ကလာတဲ့ မြန်မာနိုင်ငံသားကုန်သည်တွေဖြစ်ကြောင်း၊ပြိုကျပျက်စီးသွားတဲ့ တည်းခိုခန်းဟာ မြန်မာနိုင်ငံသားကုန်သည်တွေ တည်းခိုလေ့ရှိတဲ့နေရာဖြစ်တယ်လို့လည်းမီဇိုရမ်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ မီဇိုရမ်ပြည်နယ်မှာ မေလ ၃၀ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ပြည်နယ်ရဲ့နေရာအများအပြားမှာ မြေပြိုမှုများဖြစ်ပွါးနေကာ၊မြေပြိုမှု​တွေ​ကြောင့် ထိခိုက်သေဆုံးသူတွေ၊ဒဏ်ရာရသူတွေရှိနေတယ်လို့​ မီဇိုရမ်သတင်းမီဒီယာတွေဆီက သိရပါတယ်။

Read More

တီးတိန်မြို့မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာခြင်းနဲ့မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပိတ်၊လမ်းပျက်စီးကာ ကုန်ပစ္စည်း ရှားပါးလာ

မေလ ၃၀ ရက်။ စစ်ကောင်စီစစ်တပ်မှ ချင်းတောင်သို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ကလေး-တီးတိန် လမ်းမကြီး ပိတ်ခဲ့ရပြီး ယခု ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကွင်းလမ်း အဖြစ် အသုံးပြုနေတဲ့ ရွာချင်းဆက်လမ်းများ ပျက်စီးခဲ့ကာတီးတိန်မြို့မှာ လည်း ယခုရက်ပိုင်းအတွင်း အခြေခံ လူသုံးကုန် ပစ္စည်းများ ရှားပါး လာခဲ့တယ် လို့ တီးတိန်မြို့နေ ပြည်သူ တစ်ဦး က ပြောပါတယ်။ “ပိမ်းပိရွာကို ဖြတ်တဲ့ ရွာချင်းဆက် လမ်းကို ကွင်းလမ်း အဖြစ် အသုံးပြုတာ။ ဒီရက်ပိုင်း အတွင်း မိုးများ ခဲ့တော့ လမ်း အတော်ပျက်တယ်။ ကားတွေကလည်း တစ်ည ကနေ ငါးည အထိ လမ်းမှာ အိပ်ရတယ် လို့ သိရတယ်။ အဲတာ အရင်…

Read More

ရိခေါဒါရ်မြို့မှာ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တဲ့ မူကြိုကျောင်းမှာဘဲ စိတ်ကြွဆေးပြားတွေနဲ့ငွေသား ထပ်မံဖမ်းဆီးရမိကြောင်း HPO ထုတ်ပြန်

မေလ ၃၀ ရက်။ အိိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ရိခေါဒါရ်မြို့မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့တဲ့ TPCE မူကြိုကျောင်းမှာဘဲ ဝှက်ထားတဲ့ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားတွေနဲ့ ငွေသားတချို့ ထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ Hualngoram Peoples Organizaion(HPO) / CDF – Hualngoram က မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က TPCE Nursery School မှာ ကျောင်းအုပ် ဦးငွန်ဆွီးထန် နဲ့ ဇနီးဖြစ်သူ ဒေါ်တွန်ကိမ်သျှမ်း ထံကနေ ဘိန်းဖြူဆပ်ပြာဗူး (၄၂၇) ဗူးကို HPO က ဖမ်းဆီးရမိခဲ့ပြီး အဲဒီကျောင်းမှာ ကျောင်းအပ်နှံခဲ့တဲ့ ကျောင်းသားမိဘတစ်ချို့တောင်းဆိုချက်အရ အမှုတော်ဆောင်များ အသိသတ်သေများရှေ့မှောက် ကျောင်းအပ်နှံတဲ့ ငွေစာရင်းတွေရှာဖွေ ဆောင်ရွက်ရာတွင် နေအိမ်အတွင်းဝှက်ထားတဲ့…

Read More

အိန္ဒိယနိုင်ငံမှာ တရားမဝင်နေထိုင်သူတွေကို မူရင်းနိုင်ငံပြန်ပို့ဖို့ စနစ်တကျဆောင်ရွက်လာနေတယ်လို့ India For Myanmar ကအသိပေး

မေလ ၂၉ ရက်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး ၎င်းတို့၏ မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စနစ်တကျဆောင်ရွက်လာနေတယ်လို့ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့က မေလ ၂၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋ္ဋိပက္ခဖြစ်ပြီးနောက်ပိုင်း တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာပြီး ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ခံရမှုတွေကို စတင်ကြုံနေရပြီဖြစ်တယ်လို့လည်း India For Myanmar က ဆိုပါတယ်။ ဒါ့ပြင် အိန္ဒိယရှိ UNHCR ရုံးက ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကိုလည်း အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးထားတဲ့အတွက် အိန္ဒိယအစိုးရက ပစ်မှတ်ထားခံရနိုင်ခြေရှိသူလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပါက UNHCR ရုံးမှာ စာရင်းသွင်းခဲ့တဲ့ လိပ်စာမှာ…

Read More

ဖလမ်းမြို့ရှောင်ကွင်းလမ်း မြေပြိုပျက်စီးလို့ ခရီးသွားလာလို့ မရသေးဘူးလို့ ထုတ်ပြန်

မေလ ၂၉ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ မြို့ရှောင်ကွင်းလမ်း မြေပြိုပျက်စီးနေလို့ ခရီးသွားလာလို့ မရသေးတဲ့အကြောင်း Falam Regional Committee က မေလ ၂၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ Falam Regional Committee က “ဖလမ်းမြို့ရှောင်ကွင်းလမ်း ပျက်စီးသွားတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာလို့ မရသေးဘူး ပြုပြင်ပြီးရင် ပြန်လည် အသိပေးမယ်” လို့ ဆိုပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကာလတလျောက် လအတော်ကြာပိတ်ထားတဲ့ ဖလမ်းမြို့ရှောင်ကွင်းလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစလို့ ပြန်အသုံးပြုခွင့် ပေးထားတာလည်းဖြစ်ပါတယ်။ ဖလမ်းမြို့ရှောင်ကွင်းလမ်းကနေ ကလေးမြို့၊ ဝေဘူလမြို့ ၊ ရိဒ်ခေါဒါရ်မြို့ ၊ ဟားခါးမြို့ နှင့် စတဲ့မြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပါတယ်။ ဖလမ်းမြို့ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပါဝင်တဲ့…

Read More

Hakha City Sees Significant Increase in Enrollment for 2025 Academic Year

May 29. The number of students enrolling in basic education schools in Hakha, the capital of Chin State, for the 2025-2026 academic year has increased significantly compared to previous years, according to Hakha residents. A Hakha resident said, “Schools have been accepting applications for the past two weeks. This year, more students have enrolled than…

Read More

ဟားခါးမြို့မှာ ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံတဲ့ လူဦးရေ သိသိသာသာ ပိုများလာတယ်လို့ သိရ

မေလ ၂၉ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ ၂၀၂၅ – ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းတွေမှာကျောင်းအပ်နှံတဲ့ ကျောင်းသူ၊ ကျောင်းသား ဦးရေဟာ အရင်နှစ်တွေထက် သိသိသာသာ ပိုများလာတယ်လို့ ဟားခါးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့နေ ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းကနေ ကျောင်းတွေအပ်နေကြပြီ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ကျောင်းအပ်တဲ့ ကျောင်းသား၊ ကျောင်းသူ ပိုများလာတယ် ဖလမ်း၊ ထန်တလန်၊ မတူပီ စတဲ့မြို့တွေကနေ လာတက်တဲ့ ကလေးတွေ ဒီနှစ်မှာ သိသိသာသာ ပိုများလာတယ် အခုလက်ရှိ အ.ထ.က ( ၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က( ၄) တွေမှာပေါ့ နောက်ပြီး ကိုယ်ပိုင်ကျောင်းတွေမှာလည်း အများစု တက်နေကြပြီပေါ့”…

Read More

Chin Political Steering Committee (Rakhine State) demands AA release of 63 detained Chin students

May 28. The 1027 Operation has led to renewed fighting in Rakhine State, which has left all Rakhine people facing difficulties in accessing education, health care and livelihoods. The Chin people are also suffering. The Arakan Army (AA) has arrested 63 Chin youths who were working abroad to support their families and minors who were…

Read More

ဖမ်းဆီးထားတဲ့ ချင်းကျောင်းသား၊ ကျောင်းသူ ၆၃ ဦးကို AA အနေနဲ့ ပြန်လွှတ်ပေးဖို့ ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(ရခိုင်ပြည်နယ်)က တောင်းဆို

မေလ ၂၈ ရက်။ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရခိုင်ပြည်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေဖြစ်လာပြီး ရခိုင်ပြည်သူအားလုံး ပညာရေးဆိုင်ရာ လက်လှမ်းမှီခွင့်၊ ကျန်းမာရေးဆိုင်ရာ လက်လှမ်းမှီခွင့်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်လှမ်းမီခွင့် စတဲ့ အကြပ်အတည်း ရင်ဆိုင်ခဲ့ရပြီး ချင်းလူမျိုးတွေလည်း အလားတူခံစားကြရသလို မိသားစုစားဝတ်နေရေးအတွက် ပြည်မထွက်အလုပ်လုပ်မယ့် ချင်းလူငယ်တွေနဲ့ ပညာသင်ကြားရန် သွားရောက်ကြတဲ့ အသက်မပြည့်သေးတဲ့ ချင်းကျောင်းသား၊ ကျောင်းသူ ၆၃ ဦးကို အာရက္ခတပ်တော် (AA) အနေနဲ့ ဖမ်းဆီးပြီး စစ်သင်တန်း ပို့ဆောင်ခဲ့တာကို မိသားစုဝင်တွေဆီကနေ သိရပြီး သူတို့ကို ပြန်လွတ်ပေးဖို့ တောင်းဆို ကြောင်း ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC) (ရခိုင်ပြည်နယ်) က မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဠာန်းချက်(National…

Read More