ချင်းချာတာမူကြမ်းကိုရေးဆွဲပြီးပြီဖြစ်ပြီး ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမယ်လို့ ICNCC/CB ထုတ်ပြန်
ဧပြီလ ၁၃ ရက်။ ချင်းချာတာမူကြမ်းကိုလည်းရေးဆွဲပြီးပြီဖြစ်ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၏(၄)နှစ်ပြည့်အထိမ်းအမှတ် အဖြစ် (ICNCC) ကဒီကနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ကနဦးဖွဲ့စည်းရာတွင် ပါဝင်ခဲ့သော ပြည်နယ် ကိုယ်စားပြုအတိုင်ပင်ခံကောင်စီတစ်ခု ဖြစ်သည့်အပြင် ဖက်ဒရယ်ပဋိညာဉ်အစိတ်အပိုင်း (၂) ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအစီအမံ၊ အခန်း(၈) ပုဒ်မ(၅၂)အရ ချင်းပြည်အရေး ကိစ္စအရပ်ရပ်ကို တာဝန်ယူဆောင် ရွက်သည့်ကောင်စီဖြစ်ပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဖွဲ့စည်းသောချင်းညီနောင်(Chin Brotherhood)အဖွဲ့နှင့် နိုင်ငံရေး၊ စစ်ရေးတွင်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်လို့လည်း ဆိုထားပါတယ်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကို ပြန်လည် ပြုပြင်ဖွဲ့စည်းပြီး အစုအဖွဲ့(၇)ဖွဲ့နဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ချင်းချာတာမူကြမ်းကိုလည်းရေးဆွဲခဲ့ပြီး…

