
မြန်မာနိုင်ငံမှာ ငွေကြေးအဖွဲ့အစည်းတွေအကြား ဒစ်ဂျစ်တယ် ငွေလွှဲပြောင်းမှုနဲ့ အပြန်အလှန် ငွေပေးချေမှု ပြုလုပ်နိုင်မယ့် MMQR စနစ် စတင်အသုံးပြု
ဖေဖော်ဝါရီလ ၂၈ ရက်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၊ ကျောက်စိမ်း ခန်းမမှာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုများ အတွက် ငွေကြေးအဖွဲ့အစည်းတွေအကြား ငွေလွှဲပြောင်းမှုနဲ့ အပြန်အလှန်ငွေပေးချေမှု ပြုလုပ်နိုင်မယ့် National QR Standard ဖြစ်တဲ့ MMQR စတင် အသုံးပြုခြင်း အခမ်းအနားကျင်းပခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဖော်ပြချက်များ အရ သိရှိရပါတယ်။ MMQR ဟာ မြန်မာ နိုင်ငံရဲ့ National Standard အဖြစ် သတ်မှတ်ထားတဲ့ QR Code နဲ့ ငွေပေးမှုကို ထောက်ပံ့ပေးမယ့် Digital Payment Switch တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြီးကြပ်ဦးဆောင် ပြီး ဆောင်ရွက်ခဲ့ခြင်း…