
မလေးရှားနိုင်ငံမှာ အသက် (၃၆) နှစ်ဝန်းကျင် ချင်းအမျိုးသမီးတစ်ဦး အိမ်မှာအကြမ်းဖက်ခံရပြီး အသတ်ခံရတယ်လို့ သိရ
ဖေဖော်ဝါရီလ ၁၄ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကနေ မလေးရှားနိုင်ငံမှာ နေထိုင်နေတဲ့ ချင်းလူမျိုး အမျိုးသမီး ၃၆ နှစ်ဝန်းကျင်အရွယ်ရှိသူ တစ်ဦးဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အိမ်မှာအကြမ်းဖက်သတ်ဖြတ်ခံရတာကိုတွေ့ရှိရကြောင်း Dai Community in Malaysia ရုံးက မှုခင်းတာဝန်ခံ Ko Hung Naing ကပြောပါတယ်။ သေဆုံးသူရဲ့ အမျိုးသားဟာ ယမန်နေ့က Seremban ကိုအလည်သွားခဲ့ပြီး မနေ့ညက သူ့အမျိုးသမီးတစ်ယောက်ထဲသာ အိမ်မှာကျန်ခဲ့တဲ့ချိန် တခြားလူဝင်ရောက်ကာ အကြမ်းဖက် သတ်သွားတဲ့ ပုံစံဖြစ်ပြီး ဒီကနေ့မနက် သေဆုံးသွားသူအမျိုးသမီးရဲ့ အမျိုးသား အိမ်ပြန်ရောက်လာချိန်တံခါးဖွင့်ချိန်မှ သေဆုံးနေတာကို တွေ့ရတာလို့ Dai Community in Malaysia ရုံးက မှုခင်းတာဝန်ခံ Hung Naing ကပြောပါတယ်။ “အလောင်းတွေ့တာနဲ့…